E extension
အားလုံးမင်္ဂလာပါဗျ ဒီနေ့ e extension အကြောင်းလေး sharing လုပ်ပေးချင်လို့ပါ။ ဘန်ကောက် Government Complex 3rd floor မှာ Arrival 14Day Visa, Tourist Visa သမားတွေအားလုံး e extension တိုးလို့ရပါတယ်ခင်ဗျ။ အကြိမ်အရေအတွက် 3 ခါလောက်ရတယ်ပြောပါတယ်။ အကယ်၍ ခဏခဏ ထိုင်းနိုင်ငံကို ဝင်ထွက်နေသူဆိုရင်တော့ တော်ရုံတန်ရုံတိုးတာပဲကောင်းပါမယ်ဗျ။ လေဆိပ် Immigration Staff တွေက e extension VIP lounge က ဝန်ထမ်းတွေလောက် အပြုံး မချိုသာကြလို့ပါ ဟဲဟဲ 🤭
စုစုပေါင်းရက် 30 ထပ်ရပါတယ်။ သူတို့ကိုလည်း လျှောက်ကတည်းက ငွေကို တစ်ခါတည်း ရှင်းရပြီး 2400 ဘတ်ပဲ ကျသင့်မှာပါ။ လိုအပ်တာတွေကို ပြောပြပေးပါ့မယ်ဗျ။
- ပတ်စပို့ (Personal Detail Page) :PDF or JPG
- ပတ်စပို့ (Cover Page) :PDF or JPG
- အဝင်တုံး စာမျက်နှာ + Visa Page :PDF or JPG
- သံရုံးထောက်ခံစာ :PDF or JPG
- ဓာတ်ပုံ JPG
- ဘတ် ၂၄၀၀
မိမိရဲ့ ဗီဇာမကုန်ခင် 5-7 days လောက်ကြိုပြီး Appointment ယူထားသင့်ပါတယ်ခင်ဗျ။ ထင်သလောက်လည်းမခက်ဘဲ ရိုးရှင်းတာမို့ အပေါ်က DOCUMENTS တွေပြည့်စုံရင် အရင်ဆုံး
1- https://thaiextension.vfsevisa.com/ ကိုသွားပါမယ်။
2- Apply Now ကိုနှိပ်ပါ - Sign Up ကိုဆက်နှိပ်ပါ။
3- Gmail - Phone Number - Nationality ဖြည့်ပါမယ်။
4- Sign Up ကိုနှိပ်လိုက်ပါ။ အဲ့လိုဆို Personal Gmail က Immigration website မှာ register လုပ်ပြီးပါပြီ။
5- စစချင်း Apply Now page ကိုပြန်သွားပါ ပြီးရင် Register Gmail ကိုရိုက်ထည့်ပါ။ OPT ကျလာရင် ဖြည့်ပြီး Sign In နှိပ်ပါမယ်။
6- Welcome to your Thailand e extension account ဆိုပြီးစပေါ်လာရင် ဘေးနားက Start New Booking ဆိုတာနှိပ်ပါမယ်။
7- ဒီကနေစပြီးကိုယ့်ရဲ့ Personal Detail တွေစဖြည့်ရပါပြီဗျ။
8- အပေါ်က File တွေအကုန် Upload လုပ်ရပါမယ်။
9- Passport Bio Page က Detail တွေ Entry Detail တွေဖြည့်ရပါမယ်။
10- Appointment Date & Time ကိုရွေးရပါမယ်။
11- Payment ချေလို့ရပါပြီ Visa or MasterCard နဲ့ချေပါ။ ငွေ ချေဖို့အတွက် ဘဏ်အကောင့်မရှိတဲ့လူတွေက service charge ဘာမှမပေးရဘဲ ကူချေပေးလို့ရပါတယ်။ လာပြောပေးပါနော်။
12- ရပါပြီ Gmail မှာ Payment Slip ပို့လာပါလိမ့်မယ်။
အဲ အဲ့တာဆိုရင် ပြီးပါပြီဗျ။ စာလည်းရှည်သွားပြီနော် ဟဲဟဲ။
ဒီမှာတစ်ခုအကြံပေးချင်တာက မနက်ရုံးဖွင့်ချိန် ဘိုကင်လျှောက်တဲ့လူတွေက ပိုအဆင်ပြေပါတယ်။ လိုတာတွေ သူတို့ပြန်ပြီး ပို့ပါလိမ့်မယ် တစ်ခါတလေပုံတွေဝါးနေလား၊ Stamp တွေ Two Pages ဖြစ်ရဲ့လား ပြန်ပြီး Gmail ကနေတောက်လျှောက်ပို့မှာပါ။
ညနေရုံးပိတ်ချိန်တင်ရင် နောက်တစ်ရက်မနက်ကျမှပဲ ပို့တာမို့ မနက်ဘက်လေးပဲတင်ပေးတာကောင်းမယ်နော်။ Embassy Letter က နာမည်စာလုံးပေါင်း လုံးဝ မမှားပါစေနဲ့ခင်ဗျာ။
အားလုံးပြည့်စုံပြီ သူတို့ e extension mail ကနေပြီးတော့ Appointment ယူတဲ့ရက်လာလို့ရပါပြီဆိုပြီး PDF တွေပြန်ပို့ပေးပါလိမ့်မယ်။ အဲ့ကျရင် Print out ထုတ်ပြီး ဓာတ်ပုံလေးကိုကပ်၊ လက်မှတ်လေးတွေထိုးပြီး Government Complex 3rd floor VIP lounge ထဲမှာ မိန့်မိန့်ကြီး သွားထိုင်နေလို့ရပါပြီဗျာ။
Comments
Post a Comment