လာအိုနိုင်ငံ Savannakhet ရုံးမှာ ထိုင်းဗီဇာလျှောက်ထားဖို့ ရက်ချိန်းယူရတော့မည်

လာအိုနိုင်ငံ Savannakhet ကောင်စစ်ဝန်ရုံး မှာ ထိုင်းဗီဇာတွေကို Walk-In လျှောက်ထားခွင့် ပြုထားရာကနေ အခုဆိုရင် အွန်လိုင်းကနေ ကြိုတင်ပြီးတော့ Appointment ရယူရမယ့် စနစ်ကို ပြောင်းလဲမယ်လို့ Royal Thai Consulate-General, Savannakhet ရုံးရဲ့ Facebook Page နဲ့ Website မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်အရ Savannakhet ရုံးမှာ ဗီဇာလျှောက်ထားလိုသူတွေဟာ ဇွန်လ (၁) ရက်နေ့ကစပြီး https://thaivisasvk.com ဆိုတဲ့ Website မှာ ဗီဇာလျှောက်ထားခွင့်အတွက် ရက်ချိန်းကို ကြိုတင် Appointment ယူရမှာ ဖြစ်ပါတယ်။ 

ဇွန်လ ၄ ရက်နေ့ကစပြီး Online Appointment ရရှိထားသူတွေကိုသာ ဗီဇာ လျှောက်ထားခွင့် ပြုတော့မှာ ဖြစ်ပါတယ် ၊ ယခင်လို တန်းစီပြီး ( Walk-ins) ဝင်လို့ ရမှာ မဟုတ်တော့ပါဘူး

ဗီဇာလျှောက်ထားပြီး ပြန်ရဖို့ စောင့်ရချိန် Visa Processing Time ဟာလည်း ရုံးဖွင့်ရက် (၂ )ရက် (  2 working days)  ဖြစ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Comments

Popular posts from this blog

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

E extension