ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးဖို့ မေ့နေတာနဲ့ ကိုယ့်ဘာသာပဲ ဆိုင်ကယ်သက်တမ်းသွားတိုးလိုက်တာ လွယ်မှလွယ်နော်။
1️⃣ ဆိုင်ကယ်လိုင်စင်အတွက် စာအုပ်အစိမ်းလိုမယ်။ 2️⃣ ဆိုင်ကယ်ကို သတ်မှတ်ထားတဲ့ Workshop မှာ စစ်ဆေးပြီးလက်မှတ်ပါရမယ်။ (စစ်ဆေးတာ ၄၄ဝဘတ်) 3️⃣ လိုင်စင်ရုံးကိုသွား၊ Q နံပါတ်ယူ။ ဘတ် ၁၀၀ ပေး။ ✅ စုစုပေါင်း ၅၄၀ဘတ် အတိအကျ ကုန်တယ်။ အချိန်အတိုင်းအတာအားဖြင့် မိနစ် ၃၀လောက်ပဲကုန်တယ်။ ✅ ဆိုင်ကယ်စစ်ဆေးတော့လည်း လိုင်စင်စာအုပ်ထုတ်ပြလိုက်တာနဲ့ သူတို့သိတယ်။ ✅ လိုင်စင်ရုံးမှာလည်း စာအုပ်ပေးလိုက်တာနဲ့ သူတို့သိတယ်။ ✅ ဘာထိုင်းစကားမှ ပြောနေစရာမလိုဘူး။ ခြေဟန်လက်ဟန်နဲ့တင် အဆင်ပြေ။