ထိုင်းနိုင်ငံကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန (Department of Land Transport) ၏ အွန်လိုင်းမှတစ်ဆင့် ယာဉ်အခွန် (ဖားစီ) စစ်ဆေးခြင်း

အချက်အလက်များကို အောက်ပါအတိုင်း ဖြည့်သွင်း၍ စစ်ဆေးနိုင်ပါသည် -

#ဖြည့်သွင်းရမည့်အဆင့်ဆင့်

 ✅️1.Vehicle type (အမျိုးအစား): ယာဉ်အမျိုးအစားကို ရွေးချယ်ပါ (ဥပမာ - ကား သို့မဟုတ် ဆိုင်ကယ်)။

 ✅️2. Province/Branch (ခရိုင်/မြို့နယ်): ယာဉ်လိုင်စင်နံပါတ်ပြားပေါ်တွင် ပါရှိသည့် ခရိုင်အမည်ကို ရွေးချယ်ပါ (ဥပမာ - ဘန်ကောက်၊ ချွန်ဘူရီ)။

 ✅️3. Vehicle registration number (ယာဉ်မှတ်ပုံတင်နံပါတ်) အတွက် ပထမအကွက်တွင် ရှေ့မှ ပါရှိသည့် ဗျည်းအက္ခရာနှင့် ဂဏန်းများကို ရိုက်ထည့်ပါ (ဥပမာ - 1กข)။ ဒုတိယအကွက်တွင် လိုင်စင်နံပါတ်ကို ရိုက်ထည့်ပါ (ဥပမာ - 1234)။

 ✅️4.Owner's National Identification Number (ပိုင်ရှင်၏ မှတ်ပုံတင်နံပါတ်) - ယာဉ်ပိုင်ရှင် (လိုင်စင်စာအုပ်ထဲတွင် အမည်ပေါက်သူ) ၏ မှတ်ပုံတင်နံပါတ် ၁၃ လုံးကို ရိုက်ထည့်ပါ။ (မကြည့်တတ်လျှင်မေးမြန်းနိုင်ပါသည်)

 ✅️5.Security code (လုံခြုံရေးကုဒ်) - ပုံထဲတွင် မြင်ရသည့် အင်္ဂလိပ်စာလုံးများကို အောက်ပါအကွက်ထဲတွင် ပြန်ရိုက်ထည့်ပါ (နမူနာပုံအရဆိုလျှင် dswxU ဖြစ်သည်)။

 ✅️6.Search (ရှာဖွေမည်) - အားလုံးဖြည့်ပြီးပါက Search ခလုတ်ကို နှိပ်၍ အခွန်ကျန်ခြင်း ရှိ/မရှိ စစ်ဆေးနိုင်ပါသည်။

စစ်ဆေးနိုင်သည့် ထိုင်းနိုင်ငံကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန (Department of Land Transport) ၏ အွန်လိုင်းဝက်ဆိုဒ်လင့်အား ကွန်မန့်တွင်ကြည့်ပါ ... 


 

Comments

Popular posts from this blog

လာအိုနိုင်ငံ Savannakhet ရုံးမှာ ထိုင်းဗီဇာလျှောက်ထားဖို့ ရက်ချိန်းယူရတော့မည်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

E extension