ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

Work Permit.... Work Permit ဆိုပြီး ခဏ ခဏ ကြားဖူးနေပေမယ့် အသေးစိပ်သိချင်နေကြတဲ့ သူတွေရှိတယ်ဟုတ်?

ဒီနေ့မှာတော့ Thailand Connection ကနေ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ရဖို့ အရေးကြီးတဲ့ Work Permit ( အပြာရောင် အလုပ်လုပ်ခွင့် စာအုပ်) အကြောင်းကို လူကြီးမင်းတို့ သိရှိနားလည်အောင် အသေးစိပ် ပြောပြပေးပါမယ်နော်။

Work Permit ဆိုတာ မြန်မာနိုင်ငံမဟုတ်တဲ့ Foreign Country တွေမှာ ကိုယ်က နိုင်ငံခြားသားတစ်ယောက်အနေနဲ့ တရားဝင် အလုပ်လုပ်ခွင့်ရှိတဲ့ စာအုပ် (or) Document လေးတစ်ခုပါ။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်တော့မယ်ဆိုရင်လည်း Work Permit ရှိဖို့လိုအပ်ပါတယ်။

အမျိုးအစားတွေက White Collar Worker တွေအတွက် Work Permit ရယ် ၊

Blue Collar Worker တွေအတွက် Work Permit ရယ်ဆိုပြီး  နှစ်မျိုးရှိပါတယ်။

⚪White Collar တွေအတွက် Work Permit လုပ်တော့မယ်ဆိုရင် အရင်ဆုံး Non B Visa ( Non – Immigrant Visa type "B" ) ပြောင်းဖို့ လိုအပ်ပါတယ်။

TR Visa , ED Visa နဲ့ လာတဲ့သူတွေလည်း Non B Visa ပြောင်းပြီး Work Permit လျှောက်လို့ရပါတယ်။

ဒါပေမယ့် Work Permit ကို ကိုယ်တိုင်လုပ်လို့မရပါဘူး။ အလုပ်ရှင်နဲ့အတူ Company ရဲ့အထောက်အထားစုံလင်စွာနဲ့

Immigration ရုံးမှာ သွားလုပ်ရတာမျိုး ( ဒါမှမဟုတ်) ကိုယ့်ကိုခန့်ထားတဲ့ အလုပ်ရှင်က လျှောက်ပေးရတာမျိုးဖြစ်ပါတယ်။

🔵Blue Collar Worker တွေအတွက်က Non B အစား Pink Card ( ဘတ်ရိုက် ) လုပ်လို့ရပါတယ်။

Pink Card ဆိုတာ ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာသူ‌များ ၊ အကြောင်းအမျိုးမျိုးကြောင့် Overstay ဖြစ်သွားတဲ့ သူများ ၊ အထောက်အထားမရှိသေးသူများ နဲ့ ရွှေပြောင်းအလုပ်သမားများအတွက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ရအောင်

အစိုးရက ပြုလုပ်ပေးထားတဲ့ စာအုပ်တစ်မျိုးပဲ ဖြစ်ပါတယ်။

လက်ရှိလည်း ထိုင်းနိုင်ငံမှာ ဘတ်ရိုက်ပြီး နေထိုင်‌နေတဲ့ Blue Collar Worker တွေအများကြီးရှိပါတယ်။

Blue Collar Worker တွေက Pink Card ၊ CI စာအုပ် နဲ့ Work Permit လျှောက်ပြီး အလုပ်လုပ်ကိုင်လို့ရပါတယ်။

အလုပ်ရှင်ကိုယ်တိုင်လည်း လျှောက်ပေးလို့ရသလို

များသောအားဖြင့် မြန်မာ Agent တွေနဲ့လည်း လျှောက်ခိုင်းလို့ရပါတယ်။

( Pink Card နဲ့ CI စာအုပ်ရဲ့အကြောင်းကို နောက်ပိုစ့်လေးမှာ အသေးစိပ် ပြောပြပေးမယ်နော်)

ထိုင်းနိုင်ငံမှာ ဘတ်ရိုက်ပြီး Work Permit ကိုင်ဆောင်ထားတဲ့ Blue Collar Worker တွေက White Collar Job တွေကို လုပ်ကိုင်ခွင့်မရှိပါဘူး။ 

အစိုးရက သတ်မှတ်ထားတဲ့ Blue Collar job တွေကိုပဲ လုပ်ကိုင်ခွင့်ရှိပါတယ်။

ကိုယ်က White Collar job ( ဒါမှမဟုတ် ) office jobs တွေ လုပ်ကိုင်ဖို့ရည်ရွယ်ထားတယ်ဆိုရင် ပိုက်ဆံနှမြောပြီး ဘတ်မရိုက်သင့်ပါဘူး။

ဘတ်ရိုက်ထားတဲ့လူတစ်ယောက်ကို ထိုင်းက အလုပ်ရှင်တွေက

သိပ်မခေါ်ချင်ကြလို့ပါ။

ဒါကြောင့် TR Visa , ED Visa တွေလိုမျိုး ဈေးသက်သာပြီး Work Permit လျှောက်ဖို့ အဆင်ပြေတဲ့ Visa တစ်ခုခုဝယ်ပြီး နေထိုင်သင့်ပါတယ်နော်။

Work Permit မှာ နေထိုင်ခွင့် Visa လိုပဲ သက်တမ်းတစ်ခုပါဝင်ပါတယ်။

Work Permit မလျှောက်ထားပဲ ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ်ဆိုရင်တော့ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်ခြင်းဖြစ်တဲ့အတွက် အချိန်မရွေးအဖမ်းခံရနိုင်ပါတယ်။

ဥပဒေအရ ဆိုးရွားတဲ့ အပြစ်ဒဏ်တွေခံရနိုင်ပါတယ်။

ဒါ့အပြင် Work Permit မရှိတဲ့အတွက် အလုပ်သမားတစ်ယောက် ရသင့်ရထိုက်တဲ့ အကျိုးခံစားခွင့်နဲ့ ဥပဒေရေးရာ အခွင့်အရေးတွေ ဆုံးရှုံးနိုင်ပါတယ်။

ဒါကြောင့် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ဖြစ်တဲ့ Work Permit ကို ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံမှာ ဘေးကင်းလုံခြုံစွာ အလုပ်လုပ်ကိုင်ကြဖို့ အကြံပေးချင်ပါတယ်။

ကဲ ဒါဆိုရင်တော့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်မယ်လို့ စဉ်းစားနေတဲ့သူတွေ‌အနေနဲ့ Work Permit ( အလုပ်လုပ်ခွင့် ကတ်ပြား) နဲ့ပက်သက်လို့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။ 

Comments

Popular posts from this blog

မြန်မာလိုင်စင်ကနေထိုင်းလိုင်စင်တစ်ရက်ထဲအပြီးပြောင်းပုံအဆင့်ဆင့်ကိုပြန်လည်မျှဝေပေးပါတယ်

Visa သက်တမ်းသွားတိုးတဲ့အခါမှာ အဓိကပြသနာကတော့ Fromမဖြည့်တတ်တာပါ။