ထိုင်းတွင် ကားလိုင်စင် ဖာစီ/ဖော်လဘော် သက်တမ်း တိုးခြင်း

ကျွန်တော် ထိုင်းမှာ ကားဝယ်တော့ Showroom က​ အမည်ပေါက် ရအောင်ပြောင်းပေးပါတယ်။ ဖာစီကတော့ ၃ လလောက်​ကျန်နေလို့ မတိုးပေးခဲ့ပါဘူး။
ဒါနဲ့ သက်တမ်းတိုးရမယ့် အချိန်ရောက်တော့ အလုပ်မရှုပ်ချင်တာရယ် အလုပ်ကလဲ ခွင့်ယူရခက်တာကြောင့် ပွဲစားအပ်ဖို့ စုံစမ်းတော့ အပြီးအစီး 4500Baht လောက်​တောင်းပါတယ်။ ဒါနဲ့ Chat gptမေးကြည့်တော့ model 2010 1800 CC ကားဆို အပြီးအစီး 2000 Baht ဝန်းကျင်လို့ပြန်ဖြေပါတယ်။
ဒါနဲ့ပဲ ပွဲစားခ 2500 အကုန်မခံတော့ဘဲ ကိုယ့်ဘာသာကိုပဲ သက်တန်းတိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လိုအပ်တာတွေနဲ့ အဆင့်တွေကိုလဲ google နဲ့ Chat gptကိုပဲ မေးခဲ့ပါတယ်။
လိုတာတွေကတော့
1. Passport with valid visa
2. ကိုယ့်အမည်ပေါက် Owner Book ( Blue Book)
2. Compulsory Insurance (Por Ror Bor) ~ 650 B
3. Car Ckeck List ( Tor Ror Bor ) ~ 200 B
4. ကားဘီးခွန် (Annual Road Tax)
ကျွန်တော်က အစိမ်းလိုင်း Bang Chak နားမှာ ရှိတဲ့ DLT- 3 မှာတိုးခဲ့တာပါ
ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ကားက သက်တမ်း 7 နှစ်ကျော်သွားပြီဆို ကားအရင် စစ်ပေးရပါတယ်။
ရုံးမသွားခင် ဒီမှာဝင် စစ်လို့ရပါတယ်
2110 Sukhumvit Rd, Phra Khanong Tai, Phra Khanong, Bangkok 10110 ကုန်ကျငွေ 200 Bပါ
ဒုတိယ အနေနဲ့ အစိုးရ အာမခံဝယ်ရမှာပါ။ အပြင်မှာ ဝယ်ခဲ့လဲ ရသလို ကညန ရုံးရဲ့ အပေါ်ထပ် ညာဖက်ဆုံးမှာလဲ passport နဲ့ owner book ပြပြီးအလွယ်တကူ ဝယ်လို့ရပါတယ်။ ကျန်ကျငွေ 600B ကျော်လေးပါပဲ။
အာမခံကို အပြင်က ဝယ်လာပြီးသားဆို ရုံးဝန်းထဲ ကားကွေ့ပြီဆိုတာနဲ့ ဘယ်ဘက်ခြမ်းမှာ Drive Thru for Tax ဆိုတဲ့ ဆိုင်းဘုတ်အတိုင်းမောင်းသွားရမှာပါ( ပုံမှာပြထားပါတယ်) ရုံးရောက်မှ ဝယ်မယ်ဆို ဒုတိယ Lane အတိုင်းရုံးကို မောင်းသွားရမှာပါ။ အာမခံဝယ်ပြီးရင် ရုံးအပြင် ပြန်ထွက်ပြီး Drive Thru for Tax ဆိုတဲ့ Lane မှာ ပြန်တန်းစီရမှာပါ။
Drive Thru for Tax ဆိုတာက ကားလိုင်စင်သက်တမ်းတိုး သမားတွေအတွက် one stop service ပေးတဲ့ Lane ပါ။ အပေါ်က 2 ခုတော့ ပါရပါတယ်။
တန်းစီနေရင်း Gate ရောက်ပြီဆိုတာနဲ့ passport copy ရယ် car check list ရယ် အာမခံစာရွက်ရယ် owner book ရယ်ပေးလိုက်ရုံပါပဲ။ ဝန်ထမ်းက road tax အတွက် ဘယ်လောက်ကျမယ် ပြောပါလိမ့်မယ်။
သူပြောတဲ့ amount ကို ငွေသားပဲ ပေးရပါတယ်။ ဘီးခွန်ကတော တစ်စီးနဲ့ တစ်စီးမတူပါဘူး
ကျွန်တော့်ကားက model 2010 1800CC မို့
ပထမ 600cc × 0.5 B = 300
ကျန် 1200cc × 1.5 B = 1,800
စုစုပေါင်း: 2,100 B
ကားအသက် 10 နှစ်ကျော်သောကြောင့် 50% လျှော့
2,100 × 50% = 1,050B
ကျသင့်ငွေပေးပြီးတာနဲ့ Tax Receipt ရယ် 2569 Tax Sticker ရယ် owner book မှာ 2568 ကနေ 2569 ပါတုံးထုပြီး ပြန်ပေးပါတယ်။
ဒါဆို ပွဲစားခ 2500 B မကုန်ပဲ အချိန် 2 နာရီကနေ 3 နာရီ ပေးပြီးတော့ ကုန်ကျ​ငွေ 2000 B ဝန်းကျင်နဲ့ဘန်ကောက်မှာ ကားလိုင်စင် သက်တမ်းတိုးခြင်း ပြီးဆုံးပါပြီဗျ...
အဆင်ပြေကျပါစေ...

Comments

Popular posts from this blog

လာအိုနိုင်ငံ Savannakhet ရုံးမှာ ထိုင်းဗီဇာလျှောက်ထားဖို့ ရက်ချိန်းယူရတော့မည်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

E extension