Western Union သုံးတော့မယ်ဆိုဘာတွေလိုအပ်မလည်း❓️❓️❓️
အခုထိုင်းမှာကမြန်မာ passport holder ဆို bank တွေကလည်းပိုက်ဆံအဝင်အထွက်တော်တော်ကန့်သတ်တယ်.
ငွေအဝင်လက်ခံလို့ရလားမရလားဆိုတဲ့ information ကလည်းမတိကျဘူး.
Thai citizens ဘဲနိုင်ငံခြားငွေအဝင်လြ်ခံလို့ရတယ်စသည်ဖြင့်ပေါ့
အက်တော့ survive လုပ်ဖို့တခြားနည်းလမ်းရှာကြည့်တော့,
Western Union ကအခုထိသုံးရသေးတယ်.
Western Union သုံးတော့မယ်ဆိုဘာတွေလိုအပ်မလည်း❓️❓️❓️
အဓိကကတော့ passport ရှိဆိုရပီ.
✅️So နိုင်ငံခြားကပိုက်ဆံလွဲမယ့်သူဆီကိုကိုယ်ရဲ့ဘာinformation တွေပို့ပေးရမလည်းဆိုရင်တော့
1. Name (passport မှာ ပေါ်တဲ့နာမည်)
✅️ တခုရှိတာက first name နေရာမှာ နာမည်အကုန်ရေးပီး, last name နေရာမှာ "no lastname" လို့ဖြည့်ရမယ်. Myanmar passport holder ဆိုရင်အက်လိုလုပ်ရမယ်.
So, for example;
First name - Su Su Wai
Last name - no lastname
2. ကိုယ့်ဖုန်းနံပါတ်
3. ကိုယ့်ရဲ့ နေရပ်လိပ်စာ
4. Western Union ရဲ့ address (ဒီဟာပေးရမယ်ဆိုမကြောင်သွား, Google မှာ Western Union Chiang Mai ဆိုပီးရိုက်ရှာလိုက် သူတို့မှာ address တွေချပေးထားပီးသား, ကိုယ်နဲ့အနီးဆုံးတခုကိုပေးလိုက်ရုံပါ)
✅️ထုတ်မယ့်သူကရောဘာ information တွေလိုအပ်တာလည်း ❓️❓️❓️
1. MTCN လို့ခေါ်တဲ့ (money transfer control number) code number ဆယ်လုံးပို့လာလိုက်မယ် ေငွလွဲတဲ့သူက.
2. Passport ယူWestern Union office သွား form ဖြည့်,
Form ကဘာတွေဖြည့်ရလည်းဆိုရင် ကိုယ့် address, လွဲပေးတဲ့သူ address, money amount💰, email, phone number, MTCN number, name.
3. ဖြည့်ပီးဆိုရင် Western Union office ဘက်က စစ်ပီးငွေသားထုတ်ပေးတယ်.
Address in Myanmar လည်း တောင်းတတ်တယ်.
Comments
Post a Comment