ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးဖို့ မေ့နေတာနဲ့ ကိုယ့်ဘာသာပဲ ဆိုင်ကယ်သက်တမ်းသွားတိုးလိုက်တာ လွယ်မှလွယ်နော်။
1️⃣ ဆိုင်ကယ်လိုင်စင်အတွက် စာအုပ်အစိမ်းလိုမယ်။
2️⃣ ဆိုင်ကယ်ကို သတ်မှတ်ထားတဲ့ Workshop မှာ စစ်ဆေးပြီးလက်မှတ်ပါရမယ်။ (စစ်ဆေးတာ ၄၄ဝဘတ်)
3️⃣ လိုင်စင်ရုံးကိုသွား၊ Q နံပါတ်ယူ။ ဘတ် ၁၀၀ ပေး။
✅ စုစုပေါင်း ၅၄၀ဘတ် အတိအကျ ကုန်တယ်။
အချိန်အတိုင်းအတာအားဖြင့် မိနစ် ၃၀လောက်ပဲကုန်တယ်။
✅ ဆိုင်ကယ်စစ်ဆေးတော့လည်း လိုင်စင်စာအုပ်ထုတ်ပြလိုက်တာနဲ့ သူတို့သိတယ်။
✅ လိုင်စင်ရုံးမှာလည်း စာအုပ်ပေးလိုက်တာနဲ့ သူတို့သိတယ်။
✅ ဘာထိုင်းစကားမှ ပြောနေစရာမလိုဘူး။ ခြေဟန်လက်ဟန်နဲ့တင် အဆင်ပြေ။
Comments
Post a Comment