ဘန်ကောက်က မြန်မာသံရုံးမှာ Passport စာအုပ် သက်တမ်းတိုးဖို့ ဘာတွေလိုအပ်လဲ။ ဘယ်လိုလုပ်ရ မလဲ ဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

စာအုပ်သက်တမ်းတိုးဖို့ လိုအပ်သောစာရွက်စာတမ်းများ

- passport Bio page and visa page - မိတ္တူ ၁စုံ

- မှတ်ပုံတင်- မိတ္တူ ၁စုံ

- အိမ်ထောင်စု-  မိတ္တူ ၁စုံ

- work permit- မိတ္တူ ၁စုံ

- ရုံးထောက်ခံစာ- မူရင်း

(ရာထူး၊လစာ၊ အလုပ်စဝင်သည့်နေ့ ပါရမည်)

- PND.90 (နှစ်ကုန်အခွန်ရှင်းတမ်း) 

ထိုင်းက အခွန်ရုံးသွားတောင်းလို့ရပါတယ်။ ၃၅ ဘတ်

လားမသိ အဲလောက်ပဲပေးရတာ။

- pay slips ( အလုပ်စဝင်တဲ့နေ့ကနေစပြီး ယခု

သက်တမ်းတိုးတဲ့လအထိ အကုန်ယူသွားရပါ

မယ်) 

ကိုယ်က အခွန်မဆောင်ရတာသေချာတယ်ဆိုရင်

ဘန်ကောက်ဘဏ်ကို အရင်သွားပြီး စာအုပ်ဖိုး ဘတ်

၁၂၅၀ သွားသွင်းလိုက်ပါ(အချိန်ကုန်သက်သာအောင်

လ်ု့ပါ)။ 

အဲဒီစာရွက်ကို စာအုပ်ထပ် ဓါတ်ပုံရိုက်မှပေးရမှာမို့

ခဏသိမ်းထားပါ။ Counter-1 မှာရိုက်ရပါမယ်

အခွန်ဆောင်ရမယ်ဆိုရင်တော့ အခွန်ဆောင်

ရင်းနဲ့စာအုပ်ဖိုးသွင်းခဲ့လို့ရပါတယ်။

အခွန်ကြိုတင်တွက်ချက်နည်း

(လစာ x 2%) x အလုပ်လုပ်ပြီးသော လအရေအတွက်

ဥပမာ: လစာ ၃၀၀၀၀ ဘတ်ဆိုလျှင် (30,000 x 2% = 600)။ တစ်လကို ၆၀၀ ဘတ်။ ၈ လကြာလုပ်ထားလျှင် ၆၀၀ x ၈ = ၄၈၀၀ ဘတ် ဆောင်ရနိုင်ပါတယ်။

ကုမ္ပဏီမှ အခွန်ကို ပုံမှန်မဆောင်ထားပါက ဤငွေကို ဆောင်ရမည်။

အကယ်၍ ကုမ္ပဏီမှ လစဉ် အခွန်ပေးဆောင်ထားသောငွေက 700 ဆိုခဲ့လျှင်လဲ ထပ်ပြီး ပေးဆောင်ရန်

မလိုပါ။

သံရုံးသို့ရောက်လျှင်

သံရုံးရှိ Reception ကဝန်ထမ်းတွေကိုသွားပြီး

စာအုပ်သက်တမ်းတိုးချင်လို့ပါလို့ပြောပြီး လျှောက်လွှာဖောင်တောင်းပါ။ တန်းစီစရာမလိုတာမို့ သူများတန်းစီနေလဲဝင်မစီပါနဲ့။ အချိန်ကုန်ပါတယ်။ သူတို့ဆီက ပေးလာတဲ့ လျှောက်လွှာဖောင်ကို အချက်အလက်ဖြည့်ပါ။ ဖြည့်ပြီးရင်အခွန်ဌာနကိုသွားပါ။ အခွန်ဌာနက အခွန်တွက်ပြီး ကျသင့်ငွေကို ဘန်ကောက်ဘဏ်မှာသွားဆောင်ရပါမယ်။

အခွန်ဌာန မသွားခင်မှာ ပါလာတဲ့စာရွက်စာတမ်းတွေ

ကို reception ကဝန်ထမ်းကို စစ်ခိုင်းပြီး တံဆိပ်တုံးနဲ့

လက်မှတ်ထိုးခိုင်းပါ။ ထိုးခိုင်းပြီးရင် စာရွက်စာတမ်း

အားလုံးကိုယူပြီး အခွန်ဌာနကိုသွား။ အဲဒီကဝန်ထမ်း

က အခွန်ဆောက်ရ/မဆောင်ရ တွက်ချက်ပေးပါလိမ့်မယ်။ အဲဒီအခါကျ ဘယ်လောက်ဆောင်ရမလဲဆိုတာ

ထွက်လာပါလိမ့်မယ်(ဆောင်ရမယ်ဆိုခဲ့လျှင်)။ အခွန်

စာရွက်အဖြူလေးကို စောင့်နေစဉ် ကောင်တာ-၃ ကို

သွားပြီး ခုနက စာရွက်စာတမ်းတွေတင်ထားပါ။

သူတို့စစ်ပြီးရင် ကိုယ့်နာမည်ခေါ်ပါလိမ့်မယ်။ အဲဒီစာ

ရွက်စာတမ်းတွေယူပြီးရင် အခွန်ဌာနကို ပြန်သွားပြီး

အခွန်စာရွက် ရပြီးလားမေးကြည့်ပါ။ ရပြီဆိုရင် မိတ္တူ တစုံသွားကူးပါ။ မူရင်းကို ကိုယ့်ဘာသာသိမ်းပါ။

ခုနက စာရွက်စာတမ်း

အခွန်စာရွက်မိတ္တူ၊

ဘဏ်က ၁၂၅၀ ဘတ်သွင်းထားတဲ့စာရွက်၊ 

ဘတ် ၅၀ (ရန်ပုံငွေ)

နဲ့အတူ ကောင်တာ-၁ ကို ပေးလိုက်ပါ။ ကိုယ့်အလှည့်

ရောက်ရင် ဓါတ်ပုံရိုက်ဖို့ခေါ်ပါလိမ့်မယ်။ ဓါတ်ပုံရိုက်

ပြီးရင် စာအုပ်သက်တမ်းတိုးတဲ့ လုပ်ငန်းစဉ်ပြီးဆုံးပါပြီ။

စာအုပ်ထုတ်ယူချင်းကိုတော့ ညနေ ၃ နာရီမှ ၅ နာရီအ

တွင်းထုတ်ယူနိုင်ပါတယ်။ စာအုပ်ကတော့ PV အမျိုး

အစားကနေ သက်တမ်းတိုးတာ PJ နဲ့ပြန်ရပါတယ်။

အခုစာအုပ်သက်တမ်းတိုးတဲ့ လုပ်ငန်းစဉ်ကို သိရှိသွား

ပြီဆိုရင် အနည်းဆုံးတော့ ပွဲစားခ ဘတ် ၄၀၀၀ သက်သာနေပါပြီ😁

မရှင်းလင်းတာဖြစ်ဖြစ်၊ သိချင်တာဖြစ်ဖြစ် လာမေးလို့

ရပါတယ်။ 

အားလုံး အလုပ်အကိုင်တွေ အဆင်ပြေကြပါစေ🥰 









Comments

Popular posts from this blog

လာအိုနိုင်ငံ Savannakhet ရုံးမှာ ထိုင်းဗီဇာလျှောက်ထားဖို့ ရက်ချိန်းယူရတော့မည်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

Laos မှာ TR Visa အကြောင်း ပြောပြပေးချင်ပါတယ်။