Laos မှာ TR Visa အကြောင်း ပြောပြပေးချင်ပါတယ်။

📍Budget Safeမို့ Visa ကြေးအပါမှ 3500ဝန်းကျင်ပဲ ကုန်ခဲ့ပါတယ်

Laos မှာ Visa လျှောက်လို့ရတဲ့နေရာကတော့ အားလုံးသိတဲ့အတိုင်း Savannakhet ရယ် Vientiane ရယ်ပါ။ Savannakhet ကတော့ မကြာခင်က appointment system ပြောင်းသွားတာ သိကြမှာပါ။ TR Visa လျှောက်မယ်လို့ စဉ်းစားလိုက်ပြီဆိုကတည်းက အခုလက်ရှိ visa ကုန်မယ့်ရက်ကို စဉ်းစားပြီး appointment ကြိုပြီးယူစေချင်ပါတယ်။ Appointment ရယူပြီးမှသာ ကျန်တာအဆင်ပြေမှာမို့ပါဗျ။

ကျွန်တော်သွားခဲ့တာက Vientiane ကိုမှ ရထားနဲ့ပါ၊ ရထားကို Class 3 Fan version နဲ့ပါ ဈေးသက်သာပါတယ်၊ ခါးတော့ညောင်းပါမယ်၊ခရီးက 9နာရီလောက် ကြာချိန်ရှိလို့ပါ၊  အကြာကြီးမထိုင်နိုင်သူတွေ အညောင်းမိလွယ်သူတွေကတော့ ကားနဲ့ဖြစ်ဖြစ် flight နဲ့ ဖြစ်ဖြစ်သွားဖို့ အကြံပေးချင်ပါတယ်။ ကျွန်တော်ကတော့ ရထားစီးတဲ့ Vibeလိုချင်တာရယ် budget safeချင်တာရယ်၊ သံရုံးဝင်ဖို့ မလောချင်တာရယ်ကြောင့် တစ်ရက်စောပြီး နေ့ရထား ရွေးချယ်လိုက်တာပါ။ Train No (75) Express မနက် 8:45 ရထားပါ။ လမ်းတလျှောက် ရှုခင်းတွေလဲ လှပါတယ်။တယောက်တည်းသွားတာမို့လဲ အတွေ့အကြုံသစ် အများကြီးရပါတယ်ဗျ။

📍ရထားလက်မှတ် ဘယ်လိုဖြတ်မလဲ

ရထားလက်မှတ်ကိုတော့ D Ticket, 12go စတဲ့ appတွေ website တွေကနေ Bank cardသုံးပြီး ဝယ်ယူနိုင်ပါတယ်၊ E Commerce လျှောက်ထားပါက Myanmar JCB cardတွေနဲ့လဲ ဝယ်လို့ရပါတယ်၊ 

D Ticket app ကနေ လက်မှတ်ဝယ်မယ်ဆိုရင်တော့ account ဖွင့်ရပါမယ်၊ Bangkok ကနေ စီးမယ်ဆို ဂိတ်စ Krung Thep Aphiwat to ဂိတ်ဆုံး Nong Khai မြို့လေးထိ ဝယ်ရပါမယ်။ Nong Khai ကတော့ Thai - Laos Boarder ရှိတဲ့ မြို့ဖြစ်ပါတယ်ဗျ။ 

D Ticket appကနေ ဝယ်ထားတဲ့ ရထားလက်မှတ်က Ticket counter မှာ ticket ပြန်လဲစရာမလိုပါဘူးနော်။ ရထားလက်မှတ်စစ်တဲ့အခါမှသာ Appထဲက Ticket QR code လေး ပြလိုက်ယုံပါဘဲ။ 12go appက ဝယ်မယ်ဆိုရင်တော့ ဈေးတော့နဲနဲပိုပေးရပါတယ်။

အထဲရောက်ရင် Long Distance Train ဆိုပြီး ညွှန်ထားတဲ့အတိုင်းသွားပါ၊ အမှန်တိုင်းပြောရရင် ကျွန်တော့်တုန်းက station က ကြီးတော့ မျက်စိလည်မှာ စိုးရိမ်ခဲ့သေးတာပါ၊ ဒါပေမယ့်လဲ လမ်းညွှန်ထားတဲ့အတွက် အဆင်ပြေခဲ့ပါတယ်၊
ပြီးရင် Ticket counter ရှေ့က Screen မှာ စီးရမယ့် ရထားနံပါတ်ရယ် ထွက်မယ့်အချိန်ရယ်ကို ကြည့်ပြီး Boarding ခေါ်မယ့် Gate ရှာရပါမယ်။ Nong Khai က Northeastern Line ဖြစ်တဲ့အတွက် Gate B ပါဗျ။

ဒါကတော့ ရထားထွက်ချိန် 8:45မတိုင်ခင် ကြိုရောက်နေလို့ ထိုင်စောင့်နေပုံပါ🤭 Boarding က ရထားမထွက်ခင် မိနစ်20အလို ခေါ်ပါတယ်နော်၊ ဘူတာအတွင်းမှာလဲ လိုအပ်တဲ့ မုန့်၊ရေသန့် ဘာညာဝယ်လို့ရပါတယ်ဗျ
Boarding ခေါ်ပါပြီ ၊ D ticket ‌appထဲက ဝယ်ထားတဲ့ ticket QR code လေး ပြရပါမယ်


Documents တွေအကုန်လုံး သံရုံးမဝင်ခင် 2ရက်လောက်ကြိုပြီး အချိန်ယူပြင်ဆင်သင့်ပါတယ်၊
Required Documents for TR Visa in Laos🇱🇦
✓ Embassy Appointment Letter
✓ Original Passport 
✓ 3.5 x 4.5cm (2 photos with white background)
✓ Passport Bio Page Copy 
✓ Laos Entry Stamp Copy 
✓ Hotel Booking 
✓ Flight Booking (Bangkok to Yangon)
✓ Bank Statement (အရေးကြီးဆုံးပါ)
✓ Visa Application Form 
ပထမဦးဆုံး Laos မှာတည်းဖို့ hotel booking လုပ်ပါမယ်၊ ကျနော်ကတော့ booking.com ကနေ pay at property နဲ့ပဲ guest house ကို 3ည ကြိုပြီး booking လုပ်လိုက်ပါတယ်။3ညပဲမို့ 486ပဲ ကျပါတယ်၊ Breakfast လဲပါပါတယ်ဗျ၊  တညစာပဲ booking လုပ်ပြီး ကျန်ရက်တွေကို အနီးနားက အဆင်ပြေတဲ့ဆီမှာ တည်းလဲရပါတယ်၊ ဒါပေမယ့် အခန်းတွေက ပုံစံတူတွေများတာမို့ ဘယ်မှာတည်းတည်း အတူတူပါဘဲ။ ဒါဆို နေဖို့က အဆင်ပြေသွားပါပြီ။
📍Embassy Appointment
 https://www.thaivisavientiane.com ကနေ လိုအပ်တာတွေဖြည့်ပြီး accountဖွင့်၍ appointment ယူလို့ရပါတယ်ဗျ
Embassy အဝင်မှာ Appointment Letter နဲ့ passport တိုက်စစ်တာမို့ Print ထုတ်သွားရင် ပိုအဆင်ပြေပါတယ်
📍 Hotel Booking 
Hotel Booking ကိုတော့ booking.com, Agoda စတဲ့appတွေ website တွေကနေ free cancellation, Pay at the Property စတဲ့ filter တွေခံပြီး booking လုပ်လို့ရပါတယ်၊  ထိုင်းကိုပြန်ဝင်မယ့်ရက်ကနေ ရက်20ကျော်လောက် booking ယူသင့်ပါတယ်၊ booking ယူပြီးရင်လဲ cancellation dateမတိုင်ခင် cancelလုပ်ဖို့ မမေ့ပါနဲ့ဗျ
📍 Flight Booking 
Flight Booking ကိုတော့ MNA Website ကနေပဲ Bangkok to Yangon booking တင်ပါတယ်၊ hotel check out date နဲ့ flight booking date တူရင် ပိုအဆင်ပြေပြီး ယုတ္တိပိုရှိပါတယ်၊ 
📍Bank Statement
TR Visa အတွက် အရေးကြီးဆုံးတခုက bank statement ပါဘဲ၊ ကိုယ့်Bank account ဟာ အနည်းဆုံး သက်တမ်း 3လကျော်ရပါမယ်၊ Transaction ရှိရပါမယ်၊ Thai Bank မရှိလဲ Myanmar Bankနဲ့ပြလို့ရပါတယ်၊ သက်ဆိုင်ရာ Bank ရဲ့ iBanking ကနေ 3လစာ Bank Statement ထုတ်ယုံပါဘဲ၊ Mobile Banking app‌ တွေကနေ statement မထုတ်ပါနဲ့ account number ပဲပါပြီး account nameမပါလို့ပါ။ iBanking Website ကနေ statement ထုတ်မှ အဆင်ပြေပါမယ်။နောက်ဆုံးamountက 20000နဲ့ ညီမျှတဲ့ amount ဖြစ်ရပါမယ်။ Mobile Banking amount နဲ့ ‌statement ရဲ့ amount တူမတူလဲ စစ်တတ်တာမို့ သတိထားပေးပါ။
📍Visa Application Form 
ဟိုရောက်မှ တောင်းပြီး ဖြည့်လဲရပေမယ့် တန်းစီတာတွေနဲ့ကြာမှာစိုးလို့ မသွားခင်ထဲက download ပြီး ကြိုဖြည့်သွားလဲရပါတယ်ဗျ
Download ယူရန်
https://www.thaivisavientiane.com

📍Baht to Kipလဲပြီး သုံးတာက ပိုသက်သာပါတယ်၊ bahtနဲ့ရှင်းလို့ရပေမယ့်exchange rateများပါတယ် ပြန်အမ်းငွေကတော့ kipပဲအမ်းပါတယ်၊ ကျွန်တော်လဲခဲ့တုန်းက 1baht = 665 kip ရပါတယ်။ Laos Immigration မှာမလဲပါနဲ့ ဈေးနည်းပါတယ်၊ Vientiane မြို့ထဲရောက်မှ လဲပါ
Documents တွေ Copy and Print ထုတ်တာကတော့ သံရုံးရှေ့မှာလဲ ရပါတယ်၊ ကျွန်တော်ကတော့ တည်းတဲ့နေရာနားမှာပဲ ထုတ်လိုက်ပါတယ်၊ color print ကိုမှ ဈေးတန်ပါတယ်
https://maps.app.goo.gl/atP4Ep2vtNnGLQFq9

LOCA app, Indrive App တွေ download ပြီး Grabငှားသလိုမျိုးသုံးလို့ရတာမို့ Laos မသွားခင်ထဲက register လုပ်သင့်ပါတယ်ဗျ။
အပြန်ကိုလဲ ညရထား 6:50pm to 5:20am (Nong Khai to Krung Thep Aphiwat) ကို D Ticket app ကနေပဲ passport collection slip ရတာနဲ့ ရက်ချိန်ပြီး ကြိုဝယ်လိုက်ပါတယ် 
Thai Arrival Immigration မှာတော့ ဘာမှမမေးပါဘူး flight နဲ့ ဝင်သလိုမျိုး Hotel Booking, show money လဲမလိုပါဘူးဗျ၊ ပြန်လာတဲ့နေကတော့ Myanmar passport holder အကုန်လုံး bio page ကို copy ဆွဲပြီး address ရာ် phone number ရယ်တော့ ဖြည့်ရပါတယ်။
အောက်က တစ်ပုံချင်းစီကြည့်ပြီး အဆင်ပြေကြပါစေ
Budget tripအတွက် ကုန်ကျစရိတ်🤭
ရထားအသွား                          -251
Tuk Tuk to Boarder.              -40
Boarder Bus.                          -35
Lao Arrival Immigration.      -20
Laos SIM                                 -120
Taxi to Guest house.             -300
Guest house.                          -486(3nights with breakfast)
Foods for duration in Laos  -500
တယောက်နဲ့တယောက်မတူတာမို့ တနပ် 50နဲ့ တွက်ထားပါတယ်
Visa fee.                                  -1000
Copy and Print.                      -40
LOCA, Indrive fee.                  -300
Vientiane to Nong Khai Bus -55
Laos Departure Immigration -20
ရထားအပြန်.                             -211
Totalမှ 3500တောင် မပြည့်ပါဘူး🤭

ဒါကတော့ Nong Khai station အထွက်မှာ Thai Boarder ထိရောက်တဲ့ Tuk Tuk ပါ🛺၊ 40 ဘတ်ပါ၊ Immigration အရှေ့ထိရောက်ပါတယ် ၊


Immigration အထဲကို လမ်းလျှောက်🚶🚶 Thai Departure Immigration မှာ ဘာမှမမေးပါဘူး၊ ရယ်ရယ်မောမောနဲ့ စနောက်နေကြပါသေးတယ်🤩
ဒါကတော့ Thai Laos Boarder Bus ticket ပါ၊ Immigration အထွက်က bus ticket counter မှာ ဝယ်ရပါမယ်၊ 35ဘတ်ပါ လူများရင်တော့ YBS စီးသလိုပါပဲ
Boarder Busက Laos Immigration အထိရောက်ပါတယ်၊ Bus ပေါ်ကဆင်းတာနဲ့ Arrival Form ဖြည့်ရပါတယ်၊ 20နဲ့ ဖြည့်ပေးတဲ့သူတွေရှိပါတယ်၊ ကိုယ့်ဘာသာဖြည့်ပါနော်၊ ပြီးရင်တော့ ပုံထဲကအတိုင်း Immigration Counter တွေမှာ တန်းစီပါ၊ 14days ရပါတယ်၊ Stamp ထုပြီးတာနဲ့ 20တောင်းပါတယ်၊ ဘာမှကိုမမေးပါဘူးဗျ၊ ပြီးရင်‌တော့Date ပြန်စစ်ပါ၊
Immigration ဖြတ်ပြီးတာနဲ့ Vientiane မြို့ထဲသွားဖို့ Tuk tukတွေ taxiတွေရှိပါတယ်၊ LOCA, Indrive App တွေကနေလဲ ငှားလို့ရပါတယ်၊ ကျွန်တော်ကတော့ 120နဲ့ Laos Sim card ဝယ်တယ်၊ Thai Sim card ကို Roaming package ဝယ်သွားလဲ ရပါတယ်နော်၊ ပြီးတာနဲ့ တည်းမဲ့နေရာအထိ 300တန် taxiငှားလိုက်ပါတယ်၊ ပုံကတော့ Guest house ရောက်ပြီး Mini Big Cမှာ လိုတာတချို့လာဝယ်တာပါ။
Guest house နားမှာပဲ Night Market ရှိတော့ so good ပေါ့🤭 ဈေးတွေလဲ တန်ပါတယ် လူလဲအရမ်းမရှုပ်ပါဘူး
https://maps.app.goo.gl/pWnX1nyAboT5ZGD28

ဒါကတော့ မဲခေါင်မြစ်‌ဘေးတလျှောက် ဆိုင်တွေ play ground တွေပါ
https://maps.app.goo.gl/pWnX1nyAboT5ZGD28

သံရုံးဝင်မဲ့သူတွေအတွက် 9am to 12 pmထိပဲ ဖွင့်တာမို့ အချိန်မီသွားကြပါ၊ ဒါကတော့ 9နာရီမတိုင်ခင် တန်းစီနေတာပါ၊ အဝင်ဝမှာ appointment နဲ့ passport စစ်ပါတယ်
https://maps.app.goo.gl/8GaPoCWr6TXd9Fur8

Counter 3ခုရှိပေမယ့် 1&2ပဲ Visa အတွက် runပါတယ်၊ ကျွန်တော်သွားတဲ့နေ့က counter 1က တော်တော်ရစ်ပါတယ်၊ ရစ်လွန်းလို့ လူမရှိသလောက်ပါဘဲ၊ ED visaသမားတွေကိုလဲ bank statement တောင်းနေတာပါ ၊ counter 2ကတော့ မတောင်းပါ၊ TR visaအတွက်ကတော့ Bank Statement က အသက်မို့ Mobile Banking ပါ စစ်တတ်ပါတယ်ဗျ။
ကဲ Visa claim ဖို့ slip ရခဲ့ပါပြီ၊ documents စုံနေရင် အေးဆေးပါဘဲ📸
Working days 2ရက်ယူပါတယ်ဗျ၊ Tuesday သံရုံးဝင်ရင် Thursday ဆို Visaရပါပြီ၊ Thursday, Friday appointment ယူဖို့တော့ recommend မပေးပါဘူးဗျ ၊ sat sun ခံသွားရင် နောက်တပတ်မှ ရတာမို့ပါ


ပြန်မယ့်ရက်သိပြီဆို ရထားလက်မှတ်ကို D ticket appကနေပဲ ဖြတ်လိုက်ပါတယ်။ Nong Khai to Krung Thep Aphiwat ပါ၊ ညရထား Rapid Train No 134 စထွက်ချိန် 6:50pm, 211ဘတ်ပဲကျပါတယ်ဗျ။
ဒါကတော့ passport သွားမယူခင် Vientiane to Nong Khai ကားလက်မှတ်ဝင်ဖြတ်တာပါ၊ passport တောင်းပေမယ့် ကြည့်ပြောလိုက်ရင် ဖြတ်ပေးပါတယ်၊ 55ဘတ်ပါ၊ kipနဲ့မှ 42000ပါဘဲ။
https://maps.app.goo.gl/qUvf3Jbu4kUEMpXWA


Passport collection time က 1:30pm to 4:00pm ထိပါ၊ passport ပြန်ယူတာက နာရီဝက်တောင်မကြာပါဘူး ၊ပြီးတာနဲ့ bus stationကို ပြန်ပြေးလိုက်ပါတယ်
အပြန်ရထားက 6:50pm ညရထားမို့ Vientiane to Nong Khai ကားကို 3:30pm ဖြတ်လိုက်ပါတယ်၊ taxi ခ သက်သာလဲ မနည်းဘူးလေ🤭
စီးရမယ့်ကားပါ၊ ကားပေါ်မှာ departure form ဖြည့်ဖို့ပေးပါတယ်၊ Arrival Form ဖြည့်ချိန်က departure form ကို သိမ်းထားပြီး ကြိုဖြည့်ထားရင်တော့ ယူစရာမလိုပါဘူနော်။Laos Immigration ရောက်ရင် အထုတ်တွေပါယူပြီး ကားပေါ်ကဆင်း immigration ဖြတ်ပြီး ကားပေါ်ပြန်တက်ယုံပါဘဲ ကားကစောင့်နေပေးပြီးမှ Thai immigration ထိ မောင်းပါတယ်၊ Kipလဲတာများပြီး ပိုနေရင်လဲ immigration မဖြတ်ခင်မှာ bahtပြန်လဲလို့ရပါတယ်ဗျ၊ Laos Immigration ထုံးစံအတိုင်း 20ဘတ်ပေးရပါမယ်။


































 

Comments

Popular posts from this blog

မြန်မာလိုင်စင်ကနေထိုင်းလိုင်စင်တစ်ရက်ထဲအပြီးပြောင်းပုံအဆင့်ဆင့်ကိုပြန်လည်မျှဝေပေးပါတယ်

Visa သက်တမ်းသွားတိုးတဲ့အခါမှာ အဓိကပြသနာကတော့ Fromမဖြည့်တတ်တာပါ။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!