14 ရက်နဲ့ရောက်လာကြပြီး Laos မှာ Tourist visa သွားလျှောက်ဖို့ စုံစမ်းနေတဲ့မိတ်ဆွေများအနေဖြင့် လေ့လာထားရန်ပါ

 လက်ရှိက 🇱🇦 Laos မှာ Visa လျှောက်ခွင့်ပေးတာ Vientiane ရယ် Savannakhet နှစ်နေရာရှိပါတယ်

✅ Vientiane မှာက သံရုံးဝင်ဖို့ appointment ကြိုယူရပါတယ် ဖောင်တင်ပြီးရင် Visa ပြန်ရဖို့ ၂ရက်စောင့်ပေးရတယ် တနင်္လာနေ့/ အင်္ဂါနေ့ ဖောင်တင်နိုင်ရင်တော့ ပြဿနာမရှိဘူးကြာသပတေးနေ့တို့ ဖောင်တင်မိရင်တော့ တစ်ပတ်ကျော်မှ Visa ပြန်ရလိမ့်မယ်

✅ Savannakhet ကတော့ BKK ကနေ ညကားစီးသွား နောက်နေ့ရောက်တာနဲ့ သံရုံးတန်းဝင်လို့ရတယ် ဖောင်တင်တဲ့ရက် ၁ညအိပ်မယ် နောက်နေ့ Visa ရတာနဲ့ ထိုင်းထဲပြန်ဝင်ပြီး ညကားပြန်စီးလာ နောက်ရက် မနက်စော စောဆို BKK ကိုပြန်ရောက်ပြီ

နေရာနှစ်ခုလုံးသည် ထိုင်းကနေကားနဲ့သွားလို့ရတယ် လေယာဉ်နဲ့သွားမယ်ဆိုရင် Vientiane ကိုသွားပါ

ကျနော်တစ်ခုပြောချင်တာ လူသစ်များအနေဖြင့် အခြားနိုင်ငံတစ်ခုကိုကျော်လွန်ပြီး Laos ကို Tourist visa သွားလျှောက်ရမယ်ဆိုတဲ့အခြေအနေကို စိုးရိမ်နေကြမယ်ဆိုတာမှန်ပါတယ်

တကယ်တော့ အဲ့လောက်အထိမခက်ခဲပါဘူး လိုအပ်တဲ့စာရွက်စာတမ်းတွေကို တစ်ခါတည်းတိတိကျကျပြင်ဆင်သွားပါ အဲ့ဒါပဲအရေးကြီးပါတယ်

ကျနော်တို Laos မှာ tourist visa သွားလျှောက်တဲ့ပုံစံက ဥပမာအရပြောရမယ်ဆို ရန်ကုန်ကနေ သို့မဟုတ် မန္တလေးကနေ မြဝတီကိုညကားစီးလာ မနက်ရောက်ရင် တံတားကူပြီး မဲဆောက်ထဲဝင် ပြီးရင် ထိုင်းသံရုံးကိုသွား တန်းစီဖောင်တင်လိုက်ရုံပါပဲ ဒါသည် ဥပမာကျနော်ပြောပြတာပါ

အဲ့တော့ Laos ကိုသွားကြတဲ့အခါ အဲ့ပုံစံအတိုင်းပါပဲ Bangkok သို့မဟုတ် Chiang Mai ကနေညကားစီးသွား Savannakhet သွားရင် Mukdahan ဆိုတဲ့မြို့ကို မနက်ဆိုရောက်ပြီ ပြီးရင် Border ဖြတ်ပြီးလာအိုထဲဝင် Laos border ကနေ သံရုံးကို Taxi ငှားသွား ၅ မိနစ်ပဲကြာတယ်

Vientiane ကိုသွားတဲ့သူတွေက Nong Khai ကိုကားစီးသွား မနက် ၇နာရီလောက်ဆိုရောက်ပြီး Border ဖြတ် လာအိုထဲဝင် Laos border ကနေ သံရုံးကို Taxi စီးသွား မိနစ် ၂၀ လောက်ပဲကြာတယ်

Border ဖြတ်တဲ့နေရာမှာလဲ Thai Border ကဖြတ်မယ်ဆို immigration ကအထွက်တုံးထုပေးမယ် Laos Border ရောက်ရင် immigration ကအဝင်တုံးထုပေးမယ် ဒါပဲ ပြီးရင်သံရုံးကိုတန်းသွား

Laos နိုင်ငံထဲမှာ ထိုင်းဘတ်ငွေကိုသုံးလို့ရတယ် အကြွေတွေကြိုပြီးလဲသွားပါ

ခရီးသွားတဲ့အခါ အားလုံးက စည်းကမ်းရှိတယ် ကိုယ့်ကို ဆွဲလားရမ်းလား အတင်းစကားလာပြောတာတွေ Taxi ပေါ်အတင်းဆွဲတင်တာတွေဒီမှာ မရှိဘူး မြန်မာနိုင်ငံမှာလိုမဟုတ်ဘူး ဒီမှာက Safe ဖြစ်တယ်

ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူကူပြောရင်ရင် Bangkok သို့မဟုတ် Chiang Mai ကနေညကားစီးသွား မနက်ရောက်တာနဲ့ သံရုံးကိုဝင် ဒီလောက်ပါပဲ

ဒီနေရာမှာအရေးကြီးဆုံးက ပြင်ဆင်ရမဲ့ စာရွက်စာတမ်းပါ ဒါသည်အလွန်အရေးကြီးပါသည် တိကျမှုမရှိပါက အချိန်တွေပိုကြန့်ကြာနိုင်ပါတယ်

Tourist visa လျှောက်မဲ့သူတွေက Bank account အထူးကိုအရေးကြီးပါတယ် account ရဲ့သက်တမ်းသည်လဲ အနည်းဆုံး ၃လရှိနေရပါမယ် mobile banking လဲရှိနေရပါမယ်

Laos မှာ Tourist visa သွားလျှောက်ရင် ကျနော့်ကို လူလိုက်ပေးလာ လာမေးကြပါတယ် ကျနော်မလိုက်ပေးပါဘူး စာရွက်စာတမ်းတွေ အစစအရာရာ ပြင်ဆင်ပေး guide line ပေးပါတယ် လူလိုက်ပေးစရာမလိုအောင် ကျနော်ပြင်ဆင်ပေးလိုက်ပါတယ်

လူလိုက်ပေးတဲ့အတွက် ကုန်ကျစရိတ်တွေပိုပြီးများပါတယ် ဒါတွေသည်တကယ်တော့မလိုအပ်ပါဘူး

အသက်အရွယ်ကြီးတဲ့သူတွေနဲ့ တချို့လူငယ်ပိုင်းတွေ မိဘကစိတ်ပူလို့ လူလိုက်ပေးတဲ့ Service ရှာအပ်တာလောက်ပဲကောင်းပါတယ်

ပုံအမှန်အသက်အရွယ်တွေအနေနဲ့က ဗဟုသုတကို ကိုယ်တိုင်ရှာယူတာကောင်းပါတယ် အတွေ့အကြံရသလို ကုန်ကျစရိတ်လဲသက်သာမှာဖြစ်ပါတယ်

နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ


Comments

Popular posts from this blog

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

Laos မှာ TR Visa အကြောင်း ပြောပြပေးချင်ပါတယ်။

တာချီလိတ်ကနေ ထိုင်းနိုင်ငံအတွင်း တရားဝင် ဘယ်လို လည်ပတ်ကြမလဲ၊ ဘာတွေ လုပ်ဖို့ လိုမလဲ