90 days report ဆိုတာလာလဲ?

 90 days report ကဘယ်လို visa မျိုး​တွေတင်ရလဲဆို Long terms visa ကိုင်ထားတဲ့လူ​တွေပဲ 90 days report တင်ရပါတယ် short terms visa ကိုင်ထားတဲ့လူ​တွေ လာလည်တဲ့လူ​တွေ 90 days report မလိုပါဘူး 

TR visa သမားဆို စစ၀င်ချင်း​​နေ့မှာ ​လေဆိပ်က immigration က ၂ လပဲခွင့်ပြုလိုက်ပါတယ် ဒါ​ကြောင့် ၂ လပြည့် Visa ၁ လထပ်တိုးရပါတယ် ဒါ​ကြောင့် ရက် ၉၀ မပြည့်သွားဘူးလို့ ယူဆရတဲ့အတွက် 90 days report မလိုအပ်ပါဘူး 

ရက် 90 မပြည့်ခင် visa တစ်ခုက​နေ တစ်ခုချိန်းတဲ့လူ​တွေရက် ၉၀ ဆက်တိုင်မ​နေလျှင် 90days report မလိုပါဘူး

Long terms visa နှင့်​နေထိုင်​သော်လည်း ရက် ၉၀ ဆက်တိုက်မ​နေထိုင်ပဲ ထိုင်းနိုင်ငံ ပြင်ပအ၀င်အထွက်လုပ်​နေသူများလည်း 90days report တင်စရာမလိုပါ 

​လေဆိပ် immigration ကအ၀င်တုံးထုလိုက်တဲ့ ရက်က​နေစပြီး ရက် ၉၀ ​ရေတွက်ရတာမို့ ရက် ၉၀ ဆက်တိုက်မ​နေထိုင်ဖြစ်လျှင် 90 days မလိုအပ်တာပါ

90 days report တင်ရမယ့်သူများက ပထမအကြိမ် immigration မှာကိုယ်တိုင်တိုးပြီး ​နောက်အကြိမ်မှစ၍ online က​​နေတိုးလို့ရပါတယ်

ရက်​ကျော်လျှင် Fine 2000B, 90 days report လုံး၀မလုပ်ထားပဲ နိုင်ငံအပြင်ထွက်လျှင် 4000B ပါ

ဒါ​ကြောင့် 90 days report အ​ကြောင်း​တွေ​ဝေ​နေသူများ ကိုယ့် visa ရက်ကိုယ်ပြန်ကြည့်ပြီးစဥ်းစားကြပါ

ထိုင်း​ရောက် မြန်မာနိုင်ငံသားအားလုံး အဆင်​ပြေကြပါ​စေ 🙏🙏🙏


Comments

Popular posts from this blog

လာအိုနိုင်ငံ Savannakhet ရုံးမှာ ထိုင်းဗီဇာလျှောက်ထားဖို့ ရက်ချိန်းယူရတော့မည်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

E extension