တာချီလိတ်ကနေ ထိုင်းနိုင်ငံအတွင်း တရားဝင် ဘယ်လို လည်ပတ်ကြမလဲ၊ ဘာတွေ လုပ်ဖို့ လိုမလဲ
တာချီလိတ်ကနေ ထိုင်းနိုင်ငံ ၊ မယ်ဆိုင်ထဲကို နေ့တိုင်းအဝင် အထွက် လုပ်လို့ရပါတယ်။ မြန်မာဘက်ခြမ်းကို မှတ်ပုံတင်နဲ့ ယာယီနိုင်ငံကူးလက်မှတ်ကို မြန်မာငွေတစ်ထောင်နဲ့ လုပ်ပြီး ထိုင်းဘက်အဝင်ကို ဘတ်နှစ်ဆယ်ပေး ဝင်လို့ရပါတယ်။
ဒါက မယ်ဆိုင်ဝန်းကျင်ကို တရားဝင် ဝင်လို့ရတာဖြစ်ပြီး
မယ်ဆိုင်နယ်နိမိတ်ကို တရားဝင်ကျော်ချင်ရင် ၇ ရက် ဗီဇာ မယ်ဆိုင်ထဲက Immigration office မှာ ဘတ် 1500 ပေးရပြီး မှတ်ပုံတင်ထားခဲ့ပေးရမှာပါ။
အဲထောက်ခံစာနဲ့မှ ချင်းရိုင် ၊ ချင်းမိုင်ဘက်ကို သွားဖို့ အဝေးပြေးကားလက်မှတ်ဖြတ်လို့ရမှာပါ။ တပတ်ပြည့်ရင် မယ်ဆိုင် Immigration မှာ မှတ်ပုံတင်လာပြန်ယူပြီး ထိုင်းနိုင်ငံထဲက ပြန်ထွက်ရပါမယ်။
နောက်တစ်ခုက ကိုယ်က Passport ရှိပြီး Tourist Visa လျှောက်လာရင် ကားလက်မှတ်ဖြတ်ပြီး သွားချင်တဲ့ နေရာ သွားလို့ရတယ်။ Tourist Visa ယူပြီး လေဆိပ်ကနေ မသွားချင်ရင် ပြောပါတယ်။
အားလုံး အဆင်ပြေကြပါစေ။
Comments
Post a Comment