ထိုင်းကို လာမယ် ဘာလုပ်ရမှန်း မသိသူများ အတွက်

 ပထမဆုံး မြန်မာက မလာခင် Passport ရှိနေဖို့ လိုပါတယ်။ ဒီနောက်မှာတော့ နေထိုင်ခွင့်အတွက် Visa အစီအစဉ်ပါ။ Visa ကိစ္စ နားလည်ပြီဆိုရင် ဝင်ငွေအတွက် စဉ်းစားဖို့ လိုပါတယ်။ ဒါတွေ စဉ်းစားပြီးမှ လေယျာဉ်လက်မှတ်ကိစ္စတွေ၊ နေထိုင်ဖို့ အိမ်ရှာတဲ့ ကိစ္စတွေ စဉ်းစားစေချင်ပါတယ်။

✅ အဲ့တော့ Passport ကိစ္စ က စပြီး ပြောပြရရင် ထိုင်းကို လာဖို့ Passport သက်တမ်း အနည်းဆုံး ၇ လ ရှိဖို့ လိုပါတယ်။ တကယ်လို့ မိတ်ဆွေရဲ့ Passport က ၁ နှစ်အောက် သက်တမ်းပဲ ကျန်တော့တယ်ဆိုရင်တော့ မိတ်ဆွေ အနေနဲ့ ထိုင်းနိုင်ငံ အတွင်း Passport သက်တမ်းတိုးလို့ ရရှိအောင် Plan သေချာချထားဖို့ လိုအပ်ပါတယ်။

✅ နေထိုင်ခွင့် အတွက် Visa အစီအစဉ် ဒီကိစ္စက ထင်တာထက် ပိုရှုပ်ထွေပြီး လူလိမ်လည်း ပေါများပါတယ်။ ဒါကြောင့် ဒီကိစ္စကို သေချာလေး စုံစမ်းဖို့ လိုအပ်သလို သေချာ အစီအစဉ်ရေးဆွဲဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ Bangkok Tips က မိတ်ဆွေတို့ အတွက် ကုန်ကျစရိတ် အနည်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်ဖို့ Visa ကိစ္စတွေကို "အခမဲ့" ဆွေးနွေးပေးသွားမှာ ဖြစ်ပါသည်။

အရင်ဆုံး ထိုင်းကို လာမယ်ဆိုရင် Tourist Visa (ရက် ၆၀ Visa) နဲ့ လာခဲ့ပါ။ ဒီ Tourist Visa လျောက်မယ်ဆိုရင် မိတ်ဆွေမှာ မြန်မာဘဏ် အတွင်း သိန်း ၂၀ ရှိနေဖို့ လိုပါတယ်။ ဘဏ် account သက်တမ်းက ကိစ္စ မရှိပါဘူး။ ထိုင်းသံရုံးမဝင်ခင် သိန်း ၂၀ ဘဏ်ထဲ ၃ ရက် ကြိုရှိနေရင် ရပါပြီ။ ပြီးရင် ၆ လ သက်တမ်းထက် ပိုတဲ့ Passport နှင့် ရောင်စုံ ဓာတ်ပုံ ၂ ပုံ လိုပါတယ်။ ဓာတ်ပုံ Size က 4cm x 3cm အရွယ် ဖြစ်ရပါမယ်။ USD 40 ကို ထိုင်းသံရုံးနားက ငွေလဲကောင်တာမှာ လဲ လို့ရသလို ကြိုပြီး ဝယ်ယူထားနိုင်ရင်ပိုအဆင်ပြေပါတယ်။

မိသားစုလိုက် လျောက်မယ်ဆိုရင်တော့ အတူလျောက်မယ့် မိသားစုဝင် ဘယ်လောက်များများ ဘဏ်ထဲ သိန်း ၄၀ ရှိဖို့လိုပြီး၊ အိမ်ထောင်ဖက် အတွက် လက်ထပ်စာချုပ် Notary လိုအပ်ပါတယ်။ ကလေးများ အတွက်ကတော့ မွေးစာရင်းကို Notary ပြန်ထားဖို့ လိုပါတယ်။ ၁၈ နှစ် ပြည့်ပြီးသူ ညီအကို မောင်နှမများ သီးခြား ဘဏ်နဲ့ လျောက်ထားဖို့ လိုသလို။ မိတ်ဆွေရဲ့ မိဘများဆိုရင်လည်း သီးခြား ဘဏ် ပြသပေးဖို့ လိုအပ်ပါတယ်။

ဒါတွေပြီးရင်တော့ လေယျာဉ်လက်မှတ် ဖြတ်ပြီး ထိုင်းကို လာခဲ့ပါ။ အရင်ဆုံးတော့ ဘန်ကောက်ကိုပဲ လာစေချင်ပါတယ် ပြီးမှ မိတ်ဆွေ အပေါင်းအသင်းများအပေါ်မူတည်ပြီး ကိုယ့်အတွက် အဆင်ပြေမယ့် ဒေသတွေမှာ သွားရောက်နေထိုင်စေချင်ပါတယ်။ ဒီအတွက်လည်း ဘယ်ဒေသတွေ အခြေချသင့်တဲ့ ဒေသတွေ အကြောင်းလည်း ကျွန်တော်တို့ Bangkok Tips မှာ "အခမဲ့" လာရောက်ဆွေးနွေး တိုင်ပင်နိုင်ပါတယ်။

ကဲ ထိုင်း ကို ရောက်လာပြီဆိုရင် ရေရှည်နေထိုင်ဖို့ အတွက် မြန်မာလူမျိုးတွေ အားထုတ်သင့်တဲ့ Visa တွေအကြောင်း ပြောပြပေးသွားပါမယ်။

📕 အလုပ်သမား ဘတ် ရိုက်ခြင်း

ဒီ လုပ်ငန်းစဉ်က အကုန်အကျ သက်သာပါတယ် တနှစ်မှ Baht 9000 ဝန်ကျင်သာ ကုန်ကျပြီး ၁ နှစ် Visa ရရှိပါတယ်။ တခုဆိုးတာက ဒီ Visa လျောက်ထားဖို့ ထိုင်းအစိုးရက လျောက်ခွင့်ပေးတဲ့ အချိန်အတွင်းသာ လျောက်လို့ ရပြီး မသိနားမလည်တဲ့ သူတွေကို လိမ်စားတဲ့ လူလိမ်တွေ ကျင်လည်ရာ ရပ်ဝန်းလည်း ဖြစ်နေပါတယ်။ နောက်ထပ် ဆိုးတာက Visa ရတဲ့ အထိ စောင့်စားရတဲ့ အချိန်က (၆) လ ခန့် အနည်းဆုံးကြာတက်တာပါပဲ။ အချိန်စောင့်နိုင်တယ်၊ ထိုင်းထဲ အပြင် ဘယ်မှ ဆက်သွားဖို့ အစီအစဉ်မရှိသေးဘူးဆိုရင်တော့ ကြိုးစားသင့်တဲ့ Visa အမျိုးအစား ဖြစ်ပါတယ်။ ဒီ Visa ရရှိရင် ထိုင်းနိုင်ငံအတွင်း Passport သက်တမ်းတိုးနိုင်ပြီး Passport အမျိုးအစားက PJ ဖြစ်ပါတယ်။

📕 University language education visa

ဒီ Visa ကတော့ (၁၅)လ သက်တမ်း ရှိတဲ့ Visa အမျိုးအစားဖြစ်ပြီး ငွေကုန်ကြေးကျများတဲ့ Visa တွေထဲပါဝင်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းက (၁၅)လ ကို Baht 55,000 လောက်ကျသင့်ပါတယ်။ ဒီ Visa လျောက်ထားမယ်ဆိုရင် မိတ်ဆွေရဲ့ Visa ဟာ ရက် ၃၀ ကျော် ကျန်နေဖို့ လိုအပ်ပါတယ်။ ကျောင်းသားကတ်၊ ကျောင်းထောက်ခံစာ များရရှိမှာ ဖြစ်သောကြောင့် ထိုင်းဘဏ်ဖွင့်တဲ့ အခါမှာ ငွေအများကြီး မကုန်နိုင်တော့ပါ။ ဆိုးတဲ့ အချက်က ငွေ အများကြီးကုန်တာ ပါပဲ။

📕 Retirement visa

တကယ်လို့ မိတ်ဆွေက အသက် (၅၀) ကျော်ပြီးသွားရင်တော့ ဒီ Visa ကို လျောက်ထားသင့်ပါတယ်။ ဒီ Visa က Education visa လောက် ငွေကုန်ကြေးကျ မများပါဘူး။ မိတ်ဆွေ ဘဏ်ထဲ Baht 8 သိန်း ရှိနေဖို့ပဲလိုအပ်ပါတယ်။ တကယ်လို့ အဲ့လောက်ငွေပမာဏ မပြည့်မှီဘူးဆိုရင်လည်း စိတ်မပူပါနဲ့ ကျွန်တော်တို့ Bangkok Tips က အသက်သာဆုံးနှုန်းနဲ့ စီစဉ်ပေးပါတယ် ခင်ဗျ။ ဒီ Visa ကလည်း ထိုင်းနိုင်ငံအတွင်း Passport သက်တမ်းတိုးလို့ ရပါတယ်။

အထက်ပါ Visa တွေ အပြင် မိတ်ဆွေတို့ အတွက် တခြား Visa များလည်း လျောက်ထားနိုင်ပါတယ်။ Elite visa ၊ Investment visa နှင့် Business visa များလည်း လျောက်ထားနိုင်ပြီး ငွေကုန်ကြေးကျ များပြားသော Visa များ ဖြစ်ပါတယ်။

နေထိုင်ဖို့ အတွက် Visa ကိစ္စ အဆင်ပြေသွားပြီဆိုရင် ဘာ လုပ်စားကြမလဲ စဉ်းစားဖို့ လိုအပ်လာပါတယ်။ 

✳️ ဘယ်ကနေ ဝင်ငွေရမလဲ ဆိုတာ မိတ်ဆွေတို့ ပတ်ဝန်ကျင်မှာ ဘာတွေလုပ်လို့ ရမလဲ လေ့လာဖို့ လိုအပ်သလို ထိုင်းဘာသာ စကားနှင့် English ဘာသာ စကား ကျွမ်းကျင်လာအောင် လေကျင့်ဖို့လည်း လိုပါတယ်။ ✳️

ထိုင်းနိုင်ငံက Global နှင့် ချိတ်ဆက်ထားသော ဈေးကွက်ရှိရာ နိုင်ငံတခုဖြစ်တာမို့ မိတ်ဆွေသာ ကျွမ်းကျင်နာလည်မယ်၊ ဘာသာစကားလည်း ရမယ်ဆိုရင် ငွေရှာရ မခက်တဲ့ နိုင်ငံဖြစ်ပြီး မိတ်ဆွေ ငွေသုံးမယ်ဆိုရင်လည်း ငွေအသုံးလွယ်တဲ့ နိုင်ငံ ဖြစ်တယ်ဆိုတာကို သိရှိထားဖို့လိုအပ်ပါတယ်။

ရှင်သန်ချင်သူ အတွက် ရအောင် ရှင်သန် နိုင်တဲ့ နိုင်ငံ တခုလို့ ပြောလို့ ရပါတယ်။

Comments

Popular posts from this blog

လာအိုနိုင်ငံ Savannakhet ရုံးမှာ ထိုင်းဗီဇာလျှောက်ထားဖို့ ရက်ချိန်းယူရတော့မည်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

E extension