မဖြစ်မနေမို့သာထွက်လာခဲ့လိုက်တယ် အလုပ်လည်းဘယ်လိုလျှောက်ရမှန်းမသိ ဘာလုပ်ရမှာမှန်းလည်း အသိမိတ်တွေလည်းမရှိဘူး ဆိုတဲ့သူတွေအတွက်
နိုင်ငံတစ်ခုကို ရောက်ဖူးပြီးသားသူတွေအတွက်တော့မထူးဆန်းပေမယ့် အခုမှအခု လာမယ့်သူတွေအတွက်ကတော့
စမ်းတဝါးဝါးနဲ့ ဘာလုပ်လုပ်လို့ လုပ်ရမှန်းမသိလိုဖြစ်တတ်ပါတယ်။
ပထဆုံး ထိုင်းနိုင်ငံမှာလာနေမယ်ဆိုရင် ဘာကိုအရင်စလုပ်သင့်လဲဆိုတော့ တစ်ကနေ တစ်ရာထိရအောင်သာအလွှတ်ကျက်ထားပါ။
ဆိုင်ကယ်သမားတွေက engလိုမပြောတတ်တာများပါတယ်။
ပြီးရင် ဘယ်ကွေ့ ညာကွေ့ တည့်တည့်သွား ဒီနားမှာရပ် အဲ့တာလောက်ရအောင်ကျက်ထားပါ။
ဘာပဲဝယ်ဝယ် ကီလိုနဲ့ဝယ်ရပါတယ်။ အဲ့တော့ တစ်ကီလိုကိုဘယ်လောက်လို့ပဲရေးထားမှာပါ။
ကီလိုဝက်လောက်ပဲလိုချင်တယ်ဆိုရင်တော့ ကီလိုဝက်ကို ထိုင်းလိုဘယ်လိုခေါ်လဲဆိုတာလောက်အလွတ်ကျက်ထားပါ။
ကိုယ်နေတဲ့ နေရာနဲ့ အနီးဆုံးကားမှတ်တိုင်နာမည်တွေကို သိအောင်လုပ်ထားပါ။
ရထားလိုင်းဘယ်နှစ်လိုင်းပြေးဆွဲနေတာလဲ transportaion appတွေထဲမှာဆို BTS, MRTလောက်သိရင်အတော်အဆင်ပြေပါပြီ။
BUS App ဖြစ်တဲ့ Vis BUS Appကို downထားပါ။
ထိုင်းလူမျိုးတွေအသုံးများတဲ့ Line Appကိုဒေါင်းထားပါ။
Grab , Bolt appကိုဒေါင်းထားပါ။
Google Mapကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ်အောင်လုပ်ထားပါ။ များသောအားဖြင့် Locationပဲပို့ပေးကြမှာမို့ပါ။
Online ကနေပစ္စည်းတွေအလွယ်တကူမှာယူနိုင်ဖို့ Lazada, Shopeeတို့လို့ appတွေကိုဒေါင်းထားပါ။
Electronic ပစ္စည်းတွေမှာယူချင်တဲ့သူတွေအတွက် မြန်မာမှာဆို Remixလိုဆိုင်မျိုး Banna website ကနေရှာဖွေဝယ်ယူလို့ရပါတယ်။
ရထားလက်မှတ် ကားလက်မှတ်တွေဝယ်ယူချင်တဲ့သူတွေအတွက် 12goasia website ကနေဝယ်ယူပါ။
Excursion Train တွေကိုJoin ချင်တယ်ဆိုရင်တော့ SRT D-Ticket ဆိုတဲ့ AppကိုDownထားပါ။
ပြီးတော့ ထိုင်းနိုင်ငံက မြန်မာတွေဖွင့်ထားတဲ့ Myanmar Community group တွေကို Joinထားပါ။
Bangkok, Chaing Maiအကုန် Joinထားပါ။
ဒါတွေသိသွားပြီးဆိုရင်တော့ ဘယ်လိုရပ်တည်ရတော့မလဲ?
အလုပ်ရှာမယ် အလုပ်ရှာမယ် အလုပ်ကလည်း ဖြုတ်ခနဲဆိုရမယ့်ဟာမဟုတ်ပါဘူး။
ထိုင်းစကားကလည်းမတတ် အလုပ်လုပ်ဖို့အထောက်အထားကလည်းမရှိသေး
လတ်တလောအခြေအနေဖို့ ရတဲ့ visaနဲ့လာနေ
ဘာဆက်လုပ်ကြမလဲ?
အလုပ်ရှာတယ် ကိုယ့်ကိုယ်ကို Skill တစ်ခုထိရှိတယ်လို့ ယုံကြည့်ရတဲ့သူတွေအတွက်ကတော့ Company Jobတွေမှာလျှောက်ကြည့်ပါ။
အဓိကIT တွေတော့ရလွယ်တာများပါတယ်။ ရလွယ်တဲ့သူတွေကလည်း အနည်းဆုံး Experience သုံးနှစ်ကနေ ငါးနှစ်လောက်ထိရှိတဲ့သူတွေများပြီး
သူတို့သက်ဆိုင်ရာနယ်ပယ်မှာ တကယ်ကို သူများကိုပြန်သင်ရလောက်အောင်ထိကျွမ်းကျင်တဲ့သူများပါတယ်။
Eng လိုကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ် ရေးတတ် ဖတ်တတ်တဲ့သူတွေရလွယ်ကြပါတယ်။
နောက်တစ်ခုကတော့ teaching jobတွေပါ Eng စာသင်တဲ့သူတွေလည်း တချို့အလုပ်ရနေတာတွေရှိပါတယ်။
ထိုင်းလိုမတတ်တောင် Engလိုတော့ communicate လုပ်နိုင်တဲ့သူတွေမှပဲအဆင်ပြေမှာပါ။
ဟုတ်ပါပြီ အဲ့ဒီSkillတွေမရှိဘူး ဒါဆိုရင်တော့ စဉ်းစားရမှာကတော့ စက်ရုံအလုပ်တွေမှာပဲဝင်လုပ်မှာလား?
ဆိုင်တွေမှာဝင်လျှောက်မှာလား?
စက်ရုံမှာလုပ်တဲ့သူတွေနဲ့ ဆိုင်တွေမှာဝင်လုပ်တဲ့သူတွေနဲ့ ဘာကွာလဲ?
စက်ရုံမှာကျတော့ စက်ရုံထဲမှာပဲ မနက်သွားညပြန် နဲ့လုံးပန်းနေရတာများပြီး ဆိုင်တွေမှာလုပ်တဲ့သူတွေကျတော့ အပြင်လောကလူတွေနဲ့ထိတွေ့လို့ရသလို
နိုင်ငံခြားသားတွေနဲ့လည်း ပြောရတာတွေရှိတော့ engလိုပါပြောနိုင်လာတာတွေရှိတတ်ပါတယ်။
ရေခဲ့မုန့်ဆိုင်မှာဝင်လုပ်ရင်း ကိုယ်ပိုင်အလုပ်တွေလုပ်နေတဲ့ကောင်မလေးတစ်ယောက်ရဲ့ ပြောပြချက်အရ
သူကတော့ ထိုင်းကိုစရောက်တည်းကရေခဲမုန့်ဆိုင်မှာပဲဝင်လုပ်ပြီးတော့ Eng ရယ်ထိုင်းရယ်ကို အချိန်ရရင် ရသလိုလေ့လာပါတယ်တဲ့။
သူကတော့ ရောက်စကထိုင်းစကားမတတ်ပါဘူးတဲ့ ဒါပေမယ့် Menuတွေကိုဓာတ်ပုံရိုက်သွားတယ်။ အဲ့တာတွေပြန်ရေးကြည့်ဖတ်ကြည့်တယ်။
ဆိုင်မှာပြန်ပြောကြည့်ပါတယ်တဲ့။
အခုတော့ သူကဆေးရုံတစ်ခုမှာ စကားပြန် Guideအလုပ်ရသွားပါပြီ။
သူ့ရဲ့လစာက ထိုင်းလူမျိုးတွေထက်ပိုများပါတယ်။ သူကထိုင်းကော Engကော မြန်မာလိုကောပြောနိုင်လို့ပါတဲ့။
နောက်တစ်ယောက်ကတော့ ဘာမှမဟုတ်တဲ့အခြေအနေကနေအလုပ်လုပ်ရင်း GED ဆက်ဖြေ English စာဆက်တက်ရင်း အခုတော့ Chaing Maiမှာ Scholar နဲ့ကျောင်းဆက်တက်နေပါပြီ။
ဘာကွာသွားလဲဆိုတော့ ရောက်တာချင်းတူပေမယ့် လေ့လာတာချင်းကွာတာသွားတာတွေပါ။
ဒါပေမယ့် ဒီလို ရေခဲ့မုန့်ဆိုင်တို့လိုမှာအလုပ်ရဖို့ဆိုတာကလည်း အထောက်အထားတွေကလိုလာပါရော။
ဆိုင်တွေသွားလျှောက်ပေမယ့် လက်မခံတာမျိုးတွေ။
စိတ်ဓာတ်တွေကျပြီး ပြန်ချင် လာမိတာမှားပြီထင်တယ်။
ဘယ်လိုဆက်ပြီးရပ်တည်ရပါ့မလဲဆိုပြီး အတွေးတွေတော့ဝင်မိမှာပါ။
အဲ့တော့ ပြန်စဉ်းစားပါ။ မြန်မာပြည်မှာတုန်းကဘာလုပ်တတ်ခဲ့လဲ?
ဆံပင်ညှပ်တတ်ခဲ့တာလား?
အလှပြင်တတ်ခဲ့တာလား? မုန့်တွေပဲလုပ်တတ်ခဲ့တာလား?
ဓာတ်ပုံရိုက်တတ်လား? အခြေအနေတစ်ခုခုကြောင့် ရောက်လာတဲ့အခါ အရင်ဆုံး ထိုင်းနိုင်ငံမှာနေတဲ့ မြန်မာတွေလုပ်ထားတဲ့ Myanmar Community Groupတွေကိုလိုက်Joinထားပါ။
ဒီ GrupတွေထဲကိုJoinပြီးတော့ Self Make upသင်တန်းတက်ချင်တဲ့သူတွေရှိရင် ပထမဆုံးပညာဒါနပေးပြီးတော့ သင်ပေးပါ။
လူတွေသိလာရင်တော့ သင်တန်းကြေးယူပါ။
ဆံပင်ညှပ်ချင်တဲ့သူတွေ ဆိုင်သွားရမှာပျင်းတဲ့သူတွေအတွက် အိမ်မှာလာညှပ်ပေးတာ ပေါင်းတင်ပေးတာ ဆံပင်လိုက်ဖြောင့်ပေးတာမျိုးတွေလည်းလုပ်လို့ရပါတယ်။
ဆိုင်တော့မဖွင့်ပါနဲ့နော်
ပြီးရင်တော့ ထိုင်းနိုင်ငံမှာ Visaတွေဘယ်နှစ်ခုရှိလဲလေ့လာပါ။
ED Visa, Visit Visa, Non B visaစသဖြင့်
Visit Visaကို ဘယ်နှစ်ခါ သက်တမ်းတိုးခွင့်ရှိသလဲလေ့လာပါ။
Evia ကိုဘယ်အထိပေးနေသေးသလဲလေ့လာပါ။
Hotel Booking , Airticket ဘယ်လိုလုပ်ရသလဲလေ့လာပါ။
သံရုံးထောက်ခံစာတောင်းရမှာပျင်းတဲ့သူတွေရှိပါတယ် အဲ့လူတွေအတွက်ထောက်ခံစာတောင်းပေးတဲ့ Serviceလေးတွေ အသေးလေးကအစစလုပ်ပါ။
တစ်စောင်တစ်ရာရရင် ဆယ်ယောက်အပ်ရင်တစ်ထောင်ရပါပြီ။ တစ်ရက်တစ်ထောင်နဲ့ဆို ထိုင်းမှာရပ်တည်လို့ရပါပြီ။
ပြီးရင်တော့ တတ်နိုင်သလောက် Serviceလေးတွေစပေးကြည့်လို့ရပါတယ်။
ထီဈေးတွေကိုသွားပြီး ထီလက်မှတ်တွေဝယ်ပြီးရောင်းတာလည်းလုပ်လို့ရပါတယ်။
တကယ်လို့ Service တွေးပေးရင်း တစ်ရက်ကို ဘတ်တစ်ထောင်သာရှာနိုင်ပြီဆိုရင် ရပ်တည်လို့ရပါပြီ။
နောက်တစ်ခု ထိုင်းနိုင်ငံမှာ Online Shopping Appဘယ်နှစ်ခုထိရှိလဲလေ့လာပါ။
Online Shopping appတွေကနေဘာတွေဝယ်ရောင်းလို့ရမလဲ?
Brandတွေဘယ်နှစ်ခုရှိလဲဆိုတာလေ့လာပါ။
Brand ကောင်တာတွေကိုသွားပါလေ့လာပါ။
Brand အစစ်တွေအကြောင်းလေ့လာပြီးတော့ supplier လုပ်တာမျိုးတွေလည်းလုပ်လို့ရပါတယ်။
ပြောတော့တာလွယ်လိုက်တာ မိတ်မှမရှိတာဆိုရင်တော့
Attention Seeker လုပ်ပါ။
ဘယ်လိုလုပ်ရမလဲ?
Group တွေမှာမေးတဲ့သူတွေရှိပါတယ်။
ကိုယ်နားလည်သလောက် လိုက်ဖြေပါ။ နေ့တိုင်းမေး နေ့တိုင်း ကိုယ့်ကိုသတိထားလာမိတဲ့အထိကိုဖြေပေးနေပါ။
စေသနာပါပါဖြေပေးပါ။ ပြီးတော့ Groupတွေထဲမှာ infoလေးတွေမျှဝေပါ။
ဒါဆိုရင်တော့ လူတွေကတဖြည်းဖြည်းနဲ့ကိုယ့်ကို သတိထားမိပြီးတော့ ကိုယ်ပေးတဲ့ Serviceလေးတွေကိုစိတ်ဝင်စားလာကြမှာပါ။
သူများတွေဘာတွေရောင်းနေတယ် ဘာတွေလုပ်နေတယ်ဆိုတာလေ့လာနေပါ။
ရောက်စမှာတော့ အစိမ်းသက်သက်မို့လေ့လာရတာတွေ အဆက်အသွယ်မရှိတာတွေမို့ စိတ်ညစ်တာ စိတ်ဓာတ်ကျတာမျိုးတွေလည်းဖြစ်ချင်တော့ဖြစ်မိပါ။
ဓာတ်ပုံရိုက်တတ်တဲ့သူဆိုရင်တော့ အလှပုံရိုက်ချင်တဲ့သူတွေကို နေရာတွေရှာပြီးတော့ Serviceပေးလို့ရပါတယ်။
နောက်တစ်ခု Editing နဲ့ Fliming ကိုသာကျွမ်းကျင်တဲ့သူဆိုရင်တော့ VLogတွေလိုက်ရိုက်ပါ။
Quality ရှိတဲ့ Vlogတွေဖန်တီးပါ။ အချိန်တစ်ခုတော့ပေးရပေမယ့် တာဝန်အရမဟုတ်သလို သွားရင်းလာရင်း ရိုက်လာပြီးEditဆက်တင်ပါ။
ရေရှည်လုပ်မယ့် Page မျိုးဆို အစတည်းက Copy Right မိမယ့်ဟာမျိုးတွေရှောင်ပါ။ သူများဟာတွေ ကော်ပီကူးတင်တာမျိုးကိုရှောင်ပါ။ သီချင်းတွေဖရီးရတိုင်းမသုံးပဲ ဝယ်သုံးသင့်ရင်သုံးပါ။
View များလာတာနဲ့အမျှဝင်ငွေတွေတဖြည်းဖြည်းတိုးလာမှာပါ။ ဘာမဟုတ်ညာမဟုတ် Admin Page မှာတင်တဲ့ အရည်အသွေးမရှိတဲ့ Videoလေးတွေကနေတောင် ပိုက်ဆံရပါတယ်။
ဒါကြောင့် Page ကောYoutubeကောလုပ်ပြီး မသွားတတ်မလာတတ်တဲ့သူတွေအတွက် Vlogတွေရိုက်တာမျိုးတွေလုပ်ပါ။
အစားတွေပတ်စားပြပါ။ ထိုင်းမှာဈေးသက်သက်သာသာနဲ့ စားလို့ရတဲ့ဟာတွေရှိပါတယ်။
အစားအသောက်ဆိုမကြည့်တဲ့သူမရှိပါဘူး။
မြန်မာကနေလာတဲ့သူတွေ မသွားတတ်မလာတတ်တဲ့သူတွေကို နေရာထူးထူးခြားခြားလေးတွေ သူများမသွားဖူးမရောက်ဘူးတဲ့နေရာလေးတွေကိုရှာဖွေပြီးတော့ လိုက်ပို့ပေးတာမျိုးတွေလုပ်ပါ။
ကားငှားစရာမလိုဘဲ ရထားနဲ့သွားလို့ရမယ့် Busစီးပြီးသွားလို့ရမယ့်နေရာလေးတွေကို အကုန်အကျသက်သာစွာနဲ့လည်ပတ်နိုင်အောင် လမ်းကြောင်းဆွဲပြီး လိုက်ပို့ပေးတာမျိုးတွေလည်းလုပ်လို့ရပါတယ်။
အစပိုင်းမှာတော့ နောက်ခံလူမရှိတာရယ်။ အလုပ်ရှာလို့မလွယ်တာရယ်မို့ ခက်ခဲနေဉီးမှာမှန်ပေမယ့် မရတဲ့အဆုံးရှာရတော့မယ်ဆိုရင်တော့ ရတာကိုတာ စိတ်ကူးနဲ့ ကြိုက်သလိုဖန်တီးပြီးတော့ ဝင်ငွေရအောင်သာရှာပါ။
Tour တွေ Day Tourရိုးရင် BTS နဲ့ အကုန်အကျသက်သာမယ့် Night Tour ဆိုပြီးပုံစံလေးတွေလုပ်ကြည့်ပါ။
တုတ်တုတ်စီးပြီးလည်တာ။ China Townလိုပိုက်ဆံမပေးရတဲ့နေရာမျိုးတွေကို ရထားနဲ့ ခေါ်သွားပေးတာ။
Floating Market Tour Busနဲ့သွားပြီးလည်ပတ်တာ လိုက်လည်တဲ့သူတွေလည်းအကုန်အကျသက်သာ Budget လည်းဖြစ် လူဘယ်နှစ်ယောက်ပြည့်ရင် Bus နဲ့ဘယ်နေရာကို သွားပါမယ်ပြီး လူစုပြီး ဉီးဆောင်ခေါ်ပြီး Guide ဖိုးယူတာမျိုးလေးတွေလည်းလုပ်လို့ရပါတယ်။
ရှာတတတ်လာတဲ့အခါ တစ်ရက်တစ်ထောင်ဆိုတာဟာလည်း လွယ်ကူလာမှာဖြစ်ပြီးတော့ သူများအလုပ်ပါလုပ်ချင်တော့မဟုတ်ပါဘူး။
ကိုယ့်ဖာသာအရည်အချင်းရှိအောင်သာ လေ့လာနေပါ။ ဘာလုပ်လုပ်စေသနာထားလုပ်ပါ။ လူတွေကသူတို့ဖာသာဆက်သွယ်လာမှာပါ။
သိသလောက်မျှဝေပေးတာမို့ အကုန်လုံးမဟုတ်တောင် နည်းနည်းပါးပါးဘာလုပ်သင့်တယ်ဆိုတာတော့ လမ်းကြောင်းသိသွားမယ်ထင်ပါတယ်။
Comments
Post a Comment