မြန်မာလိုင်စင်ကနေထိုင်းလိုင်စင်တစ်ရက်ထဲအပြီးပြောင်းပုံအဆင့်ဆင့်ကိုပြန်လည်မျှဝေပေးပါတယ်
မိမိလိုင်စင်ရဲ့ ဒီလိုနေရာမှာ QR ပါလား ပြန်စစ်ဆေးပေးပါ ဘန်ကောက်မှာ ယာဉ်မောင်းလိုင်စင် ပြောင်းမယ်လို့ တွေးထားရင် ကိုယ့်ရဲ့လိုင်စင်မှာ QR Code လေး ပါမှ ဖြစ်မှာပါ
BTS Bang Chak ဘူတာ Exit 2ကနေထွက်ပြီးplatformအတိုင်း လမ်းလျှောက်လာတာနဲ့ဒီဆိုင်းဘုတ်မြင်ရပါလိမ့်မယ် ရုံးထဲကိုလမ်းငါးမိနစ်လောက်လျှောက်ဝင်ရပါတယ်
ဒါကယာဥ်မောင်းလိုင်စင်လုပ်ရမည့်ရုံးပါ။
လိုင်စင်ရုံးထဲရောက်ပြီဆိုတာနဲ့ information counter ကိုအရင်တွေ့ပါလိမ့်မယ် information counter No.3က
For foreigner only လို့ရေးထားတဲ့ကောင်တာမှာယူလာတဲ့စာရွက်စာတမ်းတွေကိုပြရပါမယ်
ပြင်ဆင်လာရမယ့်စာရွက်စာတမ်းတွေကတော့passport သို့မဟုတ်ပန်းရောင်ကဒ်မူရင်းနှင့်မိတ္တူ /မြန်မာသံရုံးထောက်ခံစာမူရင်း/မြန်မာယဉ်မောင်းလိုင်စင်မူရင်းနဲ့မိတ္တူ/ကျန်းမာရေးထောက်ခံစာမူရင်းတို့်လိုအပ်ပါတယ်
ကောင်တာနံပါတ်သုံးမှာစာရွက်စာတမ်းတွေပြပြီးလျှင်တုံကင်နံပါတ်လေးပေးပါလိမ့်မယ်ကိုယ့်အလှည့်ရောက်ဖို့ခဏထိုင်စောင့်လိုက်ပါ။အရှေ့ကတီဗီမှာတော့တုံကင်နံပါတ်နဲ့ကောင်တာနံပါတ်တွဲပြီးပေါ်လာပါလိမ့်မယ်
ပြီးတာနဲ့ physical test သုံးခုဖြေရပါမယ်
1-မီးပွိုင့်ပေါ်လာတဲ့အရောင်ကိုပေးထားတဲ့ခလုတ်သုံးခုကနေမှန်အောင်နှိပ်ပေးရပါမယ်။
2-သံပုံးလေးထဲမှာမညီအောင်ထားထားတဲ့တုတ်နှစ်ချောင်းကို ခလုတ်အစိမ်းလေးနှိပ်ပြီးညီအောင်ညှိပေးရပါမယ်
3-ညာဘက်ခြေထောက်ဖြင့်လီဗာကိုဖွဖွလေးနင်းပြီး
မီးအစိမ်းလေးလင်းတာနဲ့ဘရိတ်ကိုအမြန်ချက်ချင်းအုပ်လိုက်ပါ။ဒါဆိုအောင်ပါပြီ။
ပြီးရင်တော့မော်တော်ယာဉ်စည်းကမ်းလမ်းစည်းကမ်းဗီဒီယိုတစ်နာရီကြည့်ဖို့တုံကင်နံပါတ်လေးပေးပါလိမ့်မယ်။ (မနက်၈နာရီရုံးအရောက်စောစောသွားရင်နေ့တဝက်နဲ့ပြီးပါတယ်)
စာရွက်စာတမ်းတွေမိတ္တူကူးဖို့လိုအပ်လျှင် Food Count ကဒီဆိုင်လေးမှာကူးလို့ရပါတယ် ၁ရွက်၁ဘတ်ပါဘဲ
ထမင်းစားပြီးနားနေဖို့ရုံးရှေ့မှာနားနေဆောင်လေးထားထားပေးပါတယ် 😝😂🤭😁အနောက်ကကောင်မလေးကိုမကြည့်ရ🤭😁
နေ့လည်တစ်နာရီထိုးတာနဲ့အခန်းနံပါတ်၁၆မှာယာဥ်စည်းကမ်းလမ်းစည်းကမ်းဗီဒီယိုတစ်နာရီကြည့်ဖို့ဖိုင်တွဲနဲ့နာမည်ခေါ်ပေးပါတယ်။အခန်းထဲရောက်တာနဲ့စာအုပ်မှာနာမည်နဲ့ဖုန်းနံပါတ်ရေးရပါတယ်
ဗီဒီယိုတစ်နာရီကြည့်ပြီးတာနဲ့ information counterနံပါတ်သုံးမှာတုံကင်နံပါတ်ပြန်ယူရပါတယ်။
တုံကင်နံပါတ်ယူပြီးတာနဲ့ဓာတ်ပုံရိုက်ဖို့ခဏထိုင်စောင့်ရပါတယ်။ ကိုယ့်အလှည့်ရောက်တာနဲ့တုံကင်နံပါတ်နဲ့တွဲကျလာတဲ့ကောင်တာမှာဓာတ်ပုံရိုက်လိုင်စင်ကတ်ဖိုး၂၀၅ဘတ်သွင်း ၅မိနစ်လောက်နေတာနဲ့လိုင်စင်ကဒ်ချက်ချင်းရပါတယ်
Comments
Post a Comment