ED Visaယူပြီး ဈေးသက်သာတဲ့ Non LA Visa ဖွင့်တဲ့အခါ တနည်း နားလည်အောင်ပြောရရင်အလုပ်သမားVisa ဖွင့်တဲ့အခါ Visaပြန်ချိန်းရတာလွယ်လား

 Long Termနေပြီး ပိုက်ဆံတတ်နိုင်သူတချို့ကတော့ ED Visa နဲ့နေဖို့ရွေးချယ်ကြပေမယ့်

တချို့သိပ်မတတ်နိုင်တဲ့သူတွေကတော့ သက်တမ်းထပ်တိုးဖို့လည်းအခက်အခဲရှိတာရယ်

Non LA or အလုပ်သမားVisaကမဖွင့်သေးတာမို့ လျှောက်ချင်ပေမယ့် 

ဘာနဲ့ဆက်နေရမှန်းမသိလို့ လတ်တော့မှာ  ED ကိုပဲရွေးလိုက်ရတဲ့သူတွေအတွက်ပါ။

လတ်တလောထိုင်းကိုရောက်လာတဲ့အခါ ရွေးချယ်စရာမရှိလို့ ထိုင်းကိုရောက်လာပြီး ED ကိုပထမတစ်နှစ်ယူပြီး ဘတ်ဖွင့်တဲ့အခါ

ဘတ်ရိုက်မယ်ရင် ED ဆိုတာက ပြောရရင်တော့ Visaအမြင့်ပေါ့ ဒီVisaကနေ ပြောင်းတာမို့ Processလေးတွေလုပ်ရတာတော့ရှိပါတယ်။

Non LAကိုပြောင်းမယ်ဆိုရင်တော့ (ဘတ်ရိုက်မယ်) ကိုယ်အပ်မယ့်ပွဲစားကိုသေချာမေးပါ။

တချို့ပွဲစားတွေက သူတို့ကိုယ်တိုင်Processတွေကိုမသိတာဖြစ်သလို နားမလည်လို့မရှင်းပြသလို စာအုပ်ရှိရင်ရတယ်ထင်ပြီးလက်ခံထားလိုက်ကြတာတွေရှိပါတယ်၊

အဲ့မှာကိုယ်ကလည်းနားမလည် ပွဲစားကလည်းနားမလည် လက်ဗွေတွေနှိပ်ပြီး Visaချိန်းကြပြီဆိုတဲ့အချိန်မှာ တိုင်တွေပတ်ကုန်ပါတော့တယ်။

ရအောင်လုပ်ပေးနိုင်တဲ့သူရှိသလို ဟိုလိုလို ဒီလိုလိုနဲ့ Over Stayတွေဖြစ်ပြီး Passport စာအုပ်အသေခံပြီး CI အစိမ်းရောင်(ယာယီPassport)အရင်လုပ်ပြီးတော့ နေလိုက်ရတဲ့သူတွေလည်းရှိပါတယ်။

ဒါဆိုCIကပြသနာရှိလို့လား? မဟုတ်ပါဘူး

CI ဆိုတာက ယာယီPassportဖြစ်တာမို့ ထိုင်းနိုင်ငံထဲတရားဝင်သွားလာလို့ရပြီး မြန်မာနိုင်ငံကိုပြန်လို့လည်းရပါတယ်။

ဒါပေမယ့် တခြားနိုင်ငံတွေကိုသွားလို့ရမှာမဟုတ်ပါဘူး။

အဲ့တော့ ဘယ်Visaပဲမဆို Tourist ကလွှဲလို့ လက်ရှိ Visaကနေ တခြားVisaတခုခုကိုချိန်းတော့မယ်ဆို ပထမရှိပြီးသားVisa ကိုအရင်Cancelရပါတယ်။

တချို့ကလည်း နိုင်ငံအပြင်ထွက်ဖို့လိုသလို တချို့ကလည်း ထွက်စရာမလိုတာတွေရှိပါတယ်။

ED ကနေရင်း ဘတ်ရိုက်တာ Non LA Visaကိုချိန်းလိုက်တာဟာ ထိုင်းမှာပဲရေရှည်နေတော့မယ် ကျောင်းတက်ဖို့ white Collar Jobတွေကိုလည်းလုပ်ဖို့မလိုအပ်တော့ဘူးဆိုတဲ့ သူတွေအတွက်အရမ်းကိုကောင်းမွန်တဲ့ရွေးချယ်မှုပါ။

နာမည်သာအလုပ်သမားVisaဖြစ်နေပေမယ့် စရိတ်သက်သာတာရယ် နေထိုင်ခွင့်ကြာရှည်ရတာရယ်မို့ တချို့ဆိုOver Stayနဲ့ ဒီVisaကိုပဲစောင့်နေကြတာတွေရှိပါတယ်။

ဒါကလည်းပြောရရင်တော့ ဟိုတော့ဖွင့်မှာလို လို ဒီတော့ဖွင့်မှာလိုလိုနဲ့ မရသေးရင်တော့ Overstayဘဝနဲ့ ဟိုရှောင် ဒီရှောင်သွားနေရမှာပါ။

အရင်ကတော့ ဖွင့်ပြီလို့ ကြားမှပဲပြေးလာကြပေမယ့် အခုလိုနိုင်ငံရေးအခြေအနေတွေဖြစ်လာတာမို့ မဖြစ်မနေပြေးလာကြတဲ့အခါမှာတော့ ရွေးချယ်စရာမရှိတော့တာမို့ 

ED ကိုပဲရွေးလိုက်ကြရတာများပါတယ်။

EDနဲ့နေလာရင်း စရိတ်တွေကုန်ကျတာတွေများလာတဲ့အခါ သိပ်မရှာနိုင်ရင် ရှာလိုက် Visa ဖိုးတွေပေးလိုက်နဲ့  တနှစ်တနှစ်နေထိုင်ခွင့်အတွက်နဲ့ပဲတိုင်ပတ်နေတာကြာလာတဲ့အခါ Non LA ကိုစဉ်းစားလာကြတာများပါတယ်။

ဒါကြောင့်ED နဲ့နေပြီးပြောင်းတော့မယ်ဆို အပ်မယ့်ပွဲစားတွေကိုသေချာစုံစမ်းပါ။

ပွဲစားတချို့ကလည်း  သူတို့ကိုယ်တိုင် Processကိုမသိတာလည်းဖြစ်နိုင်ပါတယ်။

အဲ့တော့ ပွဲစားတွေဆိုတာကလည်း လူပေါင်းထောင်ချီကို Serviceပေးနေရတာမို့ သေချာတော့ပြန်ဖြေအားမှာမဟုတ်ပါဘူး။

မေးတဲ့သူတချို့က ကိုယ်ကလည်းသိချင်သေးတယ် အထက်စီးကနေမေးတာမျိုးတွေရှိတတ်ပါတယ်။

အဲ့တော့ ကိုယ့်နိုင်ငံမှာဘာကြီးပဲဖြစ်လာဖြစ်လာ သူများဆီရောက်လာလို့ နားလည်တဲ့သူကိုမေးချင်ရင်တော့ သူများဖြေချင်အောင်တော့မေးတတ်ဖို့လိုပါတယ်။

သူများက ကောင်းကောင်းဖြေပေးနေတာကို လက်မပဲထောင်ပြလိုက်တာတို့ အသံဖိုင်တွေရှည်ရှည်ဝေးဝေးပို့နေရင်လည်း နားထောင်အားမှာမဟုတ်ပါဘူး။

သိချင်တာကို သေချာစာရိုက်ပြီးမေးကြပါ။ 

ဘတ်ရိုက်တဲ့ပွဲစားတွေက ပိုပြီးတော့ အလှုပ်ရူပ်တာမို့ သေချာပြန်မဖြေတာတို့ရှိတတ်ပါတယ်။

စိတ်ရှည်ရှည်နဲ့စောင့်မေးတာ စိတ်ချရပြီး စိတ်ရှည်တဲ့ပွဲစားတွေကိုရှာပြီး နားလည်မယ့်သူတွေ့တဲ့ထိစုံစမ်းပါ။

ပြီးတော့ Non LAကိုယူမယ်သေချာပြီဆိုရင် လက်ဗွေမနှိပ်ခင်အဆင့်မှာထဲက ED VisaကိုCancelထားသင့်ပါတယ်။

 ED ကိုလည်း Cancelလည်းမလုပ်ရသေး  လက်ဗွေလည်းနှိပ်လိုက်ပြီဆို လူကနှစ်ယောက်လိုဖြစ်သွားမှာပါ။

လက်ရှိED နဲ့နေတဲ့သူရယ် ဘတ် Visaအတွက် လက်ဗွေနှိပ်ထားတဲ့သူရယ်ဆိုပြီးပါ။

အဲ့တော့ နားမလည်ဘဲ Non LA လည်းနှိပ်ထားတယ် Non LA Visaကိုတော့ စာအုပ်ထဲကိုမထည့်ရသေးခင်မှာ နိုင်ငံအပြင်ထွက်မယ်ဆိိုရင်တော့ ပြသနာတက်တော့မှာပါ။

လက်ဗွေက Non LA နဲ့နှိပ်ထားတာဖြစ်သွားပြီး ပထမ ED နဲ့နှိပ်ထားတဲ့သူကရှိတော့မှာမဟုတ်ပါဘူး။

ဒါကြောင့် ED Visaက စာအုပ်ထဲမှာရှိနေပေမယ့် အပြင်ထွက်တဲ့အချိန်မှာ လက်ဗွေက တော့ Non LA Visaနဲ့  လူဖြစ်နေမှာပါ။

ဒါကြောင့် စာအုပ်ထဲမှာ Non LA Visaရှိနေမှပဲ ထွက်လို့ရတော့မှာပါ။

ဒါကြောင့် Non LA Visaလုပ်ဖို့ လက်ဗွေနှိပ်တဲ့  Processမစသေးခင်မှာပဲ ED Visaကို Cancelတာ လိုအပ်ရင် Laos, Cambodiaဘက်ကိုသွားပြီးတော့ Toursit Visaလျှောက်ပြီးပြန်ဝင်လာပြီးမှ Non LA visaအတွက်လက်ဗွေကိုနှိပ်ပါ။

ဒါဆိုရင်တော့ Immigrationက ED visaနဲ့လက်ခံလို့မရဘူးဆိုရင်တောင်မှာ စာအုပ်ထဲမှာ toursit Visaကကျန်နေသေးတဲ့အတွက် Over Stayမဖြစ်တော့ပါဘူး။

အဲ့အချိန်မှာ ကိုယ့်ကိုလုပ်ပေးတဲ့ ပွဲစားကမရနိုင်ဘူးလို့ပြောလာရင် ရအောင်လုပ်ပေးနိုင်တဲ့ ပွဲစားကိုလိုက်ရှာဖို့အတွက်အချိန်ရပါတယ်။

အဓိကပြောချင်တာကတော့ Visa တစ်ခုကနေ တစ်ခုကိုထပ်ပြောင်းတော့မယ်ဆို ပထမရှိပြီးသား Long Term visaကို အရင်Cancelထားသင့်ပါတယ်။

ဒါမှာ နောက်Processတွေကိုလုပ်ရတာလွယ်ကူသွားပါတယ်။

ဒါကြောင့် ပွဲစားကရတယ် စာအုပ်ရှိတာနဲ့  Visaချိန်းလို့ရတယ်ဆိုတာနဲ့ လက်ရှိED VisaကိုCancelမလုပ်သေးခင် Non LAအတွက် လက်ဗွေကြိုပြီးတော့နှိပ်မထားသင့်ပါဘူး။ 

Non LA ကအရမ်းကိုဈေးသက်သာပြီး ဘယ်သူကမှ နင်အလုပ်သမားVisaကြီးနဲ့နေတာမို့လားဆိုပြီး လာပြောနေမှာမဟုတ်လို့ ကျောင်းဆက်တက်မှာ မဟုတ်တဲ့သူတွေ

Non Bကိုပြောင်းမယ့်သူတွေမဟုတ်ရင်တော့ Non LAကိုရွေးချယ်လိုက်တာဟာအကောင်းဆုံးပါ။

ဒါကြောင့် ED ကနေ Non LA ကိုပြန်ပြောင်းတောမ့ယ်ဆိုပါက သေချာနားလည်းပြီး Processကိုသေချာရှင်းပြပေးနိုင်တဲ့ကိုရှာအပ်ပါ။

မေးတဲ့အခါလည်း အလုပ်သမားVisaလုပ်ပေးနေတဲ့ ပွဲစားတွေဆိုပြီး အထက်စီးကနေသွားမမေးပါနဲ့နော် အဲ့တာဆိုရင်တော့ သူတို့ကလည်း ဘာမှပြန်မဖြေတော့တာများပါတယ်။ 

လိုအပ်တာရှိရင် Comment မှာထပ်ဖြည့်သွားပါ။ နားလည်သလောက်ရေးပေးထားတာမို့ ပိုသိတဲ့သူတွေရှိပါက ပြန်ပြင်ပေးနိင်သလို။ Comment မှာဆွေးနွေးပေးသွားလို့ရပါတယ်။ 

Comments

Popular posts from this blog

လာအိုနိုင်ငံ Savannakhet ရုံးမှာ ထိုင်းဗီဇာလျှောက်ထားဖို့ ရက်ချိန်းယူရတော့မည်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

E extension