ထိုင်း မြန်မာ သံရုံးမှာ Passport သက်တမ်းကိုယ်တိုင်တိုးကြမယ်

 Requirements တွေကတော့ 

Photo တပုံ ( 3.5 cm & 4.5 cm )

မှတ်ပုံတင်. NRC  (copy & original ) 

အိမ်ထောင်စုစာရင်း copy

Student card ( copy & original) သူက ကျောင်းသားမို့ 

အလုပ်သမား ဆို work permit လိုပါမယ် 

VISA နဲ့ arrivals stamps copy

ကျောင်းထောက်ခံစာ 

Passport copy (bio page ) & original 

Requirements တွေစုံပြီဆိုရင်တော့ 

Myanmar embassy Bangkok ကိုသွားရပါမယ် 

BTS စီးသွားပြီး saint Louis မှာ ဆင်းပါတယ်ဗျ 

ကားစီးရင်တော့ wat khaek မှာဆင်း ဘေးမှာ ဟိန္ဒူ

ဘုရားကျောင်းရှိပါတယ် အဲ့ကနေတော့ embassy ကို

လမ်းနဲနဲလျောက်ရပါတယ် 

Embassy ကိုရောက်ရင် ဖောင် ယူပြီး ဖောင်ဖြည့်ပါ 

အကုန်ဖြည့်ပြီး ပြန်ပေးလိုက်ရင် သူက ကြည့်ပြီး 

လက်မှတ်ထိုးပေးလိုက်ပါမယ်ဗျ 

ပြီးရင်တော့ Bangkok Bank ကိုသွားပြီး Myanmar

embassy account ကို 1250 သွင်းလိုက်ရင်ရပါပြီဗျ 

Bank က ဖြတ်ပိုင်းလေး ပြန်ပေးရင် လွတ်မပစ်ပဲ 

သိမ်းထားပါဗျ 

ရလာတဲ့ ဖြတ်ပိုင်းရယ် ခုနက စာရွက် စာတမ်းတွေရယ် 

တွဲလိုက်ပြီးတော့ 

ညာဘက်ခြမ်းက အခန်းမှာ သွားထပ်ပါ ဗျ 

ဒါပြီးရင်တော့ နာမည်ခေါ်တာ စောင့်နေပြီး 

နာမည်ခေါ်ပြီဆို တန်းစီ အလှည့်ရောက်ရင် အခန်းထဲ

မှာ လက်ဗွေနှိပ် ဓါတ်ပုံရိုက် လက်မှတ်ထိုးရပါမယ်ဗျ

ဒါတွေပြီးရင် တော့ လုပ်ငန်းစဉ်ပြီးပြီး စာအုပ်ရရင် နံမည်

ခေါ်ပေးပါတယ်ဗျ 

စာအုပ်ရရင် ကိုယ့်ရဲ့ information မှန်မမှန်သေချာစစ်ပါ

အသစ်ပြန်ရရင်တော့ ပြောင်းသွားမှာတွေက 

Passport number နဲ့ passport type ပါ 

Passport type က PV  ကနေ ကျောင်းသားဆို PE 

အလုပ်သမားဆို PJ ပြောင်းသွားပြီးတော့ owic ကတ်ပါ

ထုတ်ပေးပါမယ်ဗျ owic ကတ်ဖိုးပေးရပါမယ်ဗျ 

ဒါဆိုရင်တော့ passport စာအုပ်အသစ်လေးရပြီဖြစ်ပါ

တယ် ရလာပြီဆိုရင် 

ကိုယ့် passport စာအုပ် အသစ်ရယ် driver license 

ရယ် bank account ရယ် ကို ချိတ်ထားစေချင်ပါတယ်ဗျ 

ဘဏ်ကတ်ပျောက်တာပဲဖြစ်ဖြစ်  

License ပျောက်တာပဲဖြစ်ဖြစ် 

ပြန်လျောက်ရလွယ်ကူအောင်ပါ ဗျ

Passport စာအုပ်ကိုလဲ  Bio page & visa page ကို 

ဓါတ်ပုံရိုက်ပြီး drive မှာဖြစ်ဖြစ် cloud မှာဖြစ်ဖြစ် 

သိမ်းထားစေချင်တယ်ဗျ 

ပျောက်ရင် ပြန်လျောက်ရလွယ်အောင်ပါဗျ 

ခုကတော့ ဘယ်သူတွေကို passport သက်တမ်း‌တိုးပေး

လဲ ဘယ်သူတွေကိုမတိုးပေးဘူးလဲ ဆိုတာကတော့ 

Pv သမားတွေ 

14 ရက် free visa

Tourist visa( 3 လ visa )

Ed language school visa သမားတွေဆို 

မတိုးပေးပါဘူးဗျ 

ဘယ်သူတွေတိုးလို့ရမလဲ ဆိုတော့ 

Ed visa ကိုမှ university programs တက်နေသူ

Visit နဲ့လာပြီး ဘတ်ရိုက်ထားသူ (NON - LA )

Mou နဲ့လာသူများ ကိုတိုးပေးပြီးတော့ 

ဒီရက်ပိုင်းမှ (NON - B ) visa များကို မတိုးပေးဘူးလို့လဲ 

သိရပါတယ်ဗျ 

ပြီးတော့ နောက်တခုက passport သက်တမ်း 6 လ 

အောက် ရောက်မှတိုးလို့ရမှာဖြစ်ပါတယ် 

Comments

Popular posts from this blog

လာအိုနိုင်ငံ Savannakhet ရုံးမှာ ထိုင်းဗီဇာလျှောက်ထားဖို့ ရက်ချိန်းယူရတော့မည်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

E extension