Thailand Tourist Visa လျောက်နည်း

 (1) Visa Application Form ကို Download ဆွဲပြီး Print ထုတ်ပါ။ ဖောင်ဖြည့်ပါ။ ပြည်လမ်းနဲ့ မနော်ဟယ်ရီလမ်းကြားက ထိုင်းသံရုံးမှာ TR visa သွားလျှောက်ပါ။

[https://yangon.thaiembassy.org/.../33448-application-form...]

(https://yangon.thaiembassy.org/.../33448-application-form...)

(2) ကျန်တာတွေက လူတိုင်းမှာရှိလောက်လို့ 3လသက်တမ်းရှိတဲ့ ဘဏ်စာအုပ်ကအဓိကလိုပါလိမ့်မယ်။ ဘဏ်စာအုပ်ထဲ 15သိန်းနဲ့အထက်ထည့်ပါ။(18နှစ်မပြည့်သေးရင်တော့ မိဘဘဏ်စာအုပ်ပြလို့ရပါတယ်) ဘဏ်မှာ သံရုံးမှာပြဖို့ Bank Statement ထုတ်ချင်ပါတယ် ပြောပြီးထုတ်ပါ။

✅ သန်းခေါင်စာရင်း

✅ မှတ်ပုံတင်

✅ Passport တို့ကို မိတ္တူတစ်စောင်စီဆွဲထားပါ

✅ background အဖြူခံ၊ 3.5x4.5cm ဆိုဒ်နဲ့ ဓာတ်ပုံ2ပုံရိုက်ပါ။ 

(3) Hotel Booking လုပ်ပြီးရင်Confirmation Letter mail၀င်ပါမယ်။ Printထုတ်ပါ။ Flight Ticket အသွားအပြန် Confirmation Letter ကိုလည်း Print ထုတ်ပါ။ အဲ့နှစ်ခုရဲ့ အသွားရက် အပြန်ရက်က တူနေရပါမယ်။ တကယ်မတည်းပဲ အိမ်ငှားနေမှာတို့ အမျိုးအိမ်နေမှာတို့ဆိုရင်လည်း booking.com, Agoda တို့ထဲ၀င်ပြီး free cancelation , pay hotel, book without credit တို့ကိုရွေးပြီး Booking လုပ်ထားပါ။ ကိစ္စအကုန်ပြီးမှ Booking ကို cancel လုပ်လိုက်ပါ။ 

(4) ပြီး‌ရင်တော့ ဒေါ်လာ 40 လဲထားပြီး Visa လျှောက်မယ့်နေ့မှာ  Passport မူရင်း မိတ္တူ ၊သန်းခေါင်စာရင်းမူရင်းမိတ္တူ၊ မှတ်ပုံတင်မူရင်း မိတ္တူ၊ လေယာဥ်လက်မှတ် အသွားအပြန်၊​ ဟိုတင်ဘိုကင်၊​ Bank Statement ၊ visa application form ၊ ဘဏ်စာအုပ်တို့နဲ့အတူယူသွားပါ။

(5) မနက် 9-11:30 ဖွင့်ပါတယ်။အစောကြီးသွားတန်းစီဖို့မလိုပါဘူး။ 9နာရီလောက်ရောက်ရင်ပြေပါတယ်။ Security ကို အလည်ဗီဇာအတွက်လို့ မေးပြီး အထဲတန်း၀င်ရုံပါပဲ။ Counter 1ကတော့ ပါလာတဲ့စာရွက်စာတမ်းတွေကိုစစ်ပါတယ်။ Counter-2 မှာတော့ $40 ပေးရပါတယ်။ Counter-3 က ချလံထုတ်် ပေးပါတယ်။

(6) ရလာတဲ့ ချလံကနေ့စွဲအတိုင်း Counter 4 မှာ ချလံပြပြီး Visa တုံးထုထားတဲ့ Passportကို လာထုတ်ရုံပါပဲ။ ပိတ်ရက်မပါ 2-3ရက်ဆို ရပါပြီရှင်။

အခုလောက်ဆို ငွေချိန်ဖို့ရော Process အစဆုံးရောစဉ်းစားကြည့်လို့ရပြီထင်ပါတယ်🍀

ဒါကတော့ ထိုင်းရောက်ပြီ။ တလထပ်တိုးနေချင်တယ်ဆိုသူတွေအတွက် Visa extension အကြောင်းပါ။

ထိုင်းရောက်ပြီ တလထပ်တိုးနေချင်တယ် ဘာတွေလိုလဲ ထပ်သိချင်သူများ ဆက်ဖတ်ပေးပါ။

Tourist Visa Extension

အဓိကလိုအပ်တာတွေက

✅ Passport မိတ်တူ

✅ Visa မိတ်တူ

✅ TM30

✅ သံရုံးထောက်ခံစာ 

✅ 1900 Baht

ပထမဆုံးလုပ်ရမှာက မနက် 9-12နာရီအတွင်း သံရုံးထောက်ခံစာသွားယူရပါမယ်။ 

Transportation ဘယ်လိုသွားရမလဲ ဆိုတော့မြို့ထဲကနေ ကားစီးမယ်ဆိုရင် Bus.No.17ကို စီးပါ။ Saint Louis Hospital Bus Stop မှာဆင်းပါ။ လမ်းတဖက်ကူးလိုက်ရင် သံရုံးကိုရောက်ပါပြီ။ 

သံရုံးထောက်ခံစာ ယူဖို့အတွက်ဆိုရင် Passport မိတ္တူနဲ့ Visa မိတ္တူကို Counter No.(5)က officer ကို ပေးလိုက်ပါ။ သူတို့ပြောတဲ့အချိန် ပြန်လာယူပါ။ ဒါပါပဲ အရမ်းလွယ်ပါတယ်။

မိတ္တူဆွဲတဲ့နေရာကလည်း လမ်းထိပ်မှာတင်ဆိုင်ရှိပါတယ်။ အဲ့မှာဆွဲရုံပါပဲ။ အဲ့နားက street food ဆိုရင် ကွေ့တီယို စားကောင်းပါတယ်။ သုံးဆိုင်မြောက် မြန်မာ‌ဆိုင်က မုန့်ဟင်းခါးလေးလည်း မဆိုးပါဘူး အရသာကောင်းပါတယ်။ အစားသမားဆိုတော့ ဒါလေးတွေကလည်း မပါမဖြစ် ထည့်ပြောပြတာပါ😁

သံရုံးထောက်ခံစာရပြီဆိုရင်တော့ Immigration Office Change Wattana Building B ကိုသွားပြီး Visa Extension ရက်(30)တိုးရပါမယ်။

သတိထားရမှာက နေ့လည်12-1နာရီက Lunch break time မလို့ အဲ့အချိန်သွားရင် စောင့်ရပါလိမ့်မယ်။ အဲ့အချိန်ကိုရှောင်သွားပါနော်။

ဘယ်လိုသွားရမလဲဆိုရင်တော့ Sky Train BTS Green Line ကိုစီးပြီး Was Phra Sri Mahathat Station မှာဆင်းပါ။ Exit 1 ကနေထွက်လိုက်ပါ။ Taxi ငှားပါ။ 65ဘတ်၀န်းကျင်ပဲကျပါတယ်။ Building B ရဲ့ Gate 2ကိုပို့ပေးဖို့ပြောပါ။ 

Gate 2ကိုရောက်ပြီဆိုရင် တည့်တည့်၀င်သွားပြီး ညာဖက်မှာရှိတဲ့ Immigration Division 1 counter မှာတန်းစီပြီး Visa Extension form လို့တောင်းပါ။

Form စာရွက်3ရွက်ပေးပါလိမ့်မယ်။ Formမှာ လိုတာတွေဖြည့် ဓာတ်ပုံကပ် လက်မှတ်ထိုးပြီးရင် စာရွက်စာတမ်းစစ်တဲ့ Counter မှာတန်းစီပါ။ သူတို့စစ်ဆေးပြီးရင် Q စာရွက်ပေးပါလိမ့်မယ်။

Qစာရွက်ကိုယူပြီး Extensionတိုးပေးမယ့် Counter ရှေ့မှာ  ထိုင်စောင့်ပါ။ Qစာရွက်ထဲက ကိုယ့်နံပါတ်ကိုခေါ်တဲ့အခါ ဖြည့်ထားတဲ့ စာရွက်စာတမ်းတွေရယ် passport ရယ် 1900ဘတ်ရယ်ကို Officer စီ‌ပေးပြီး အစစ်ခံရပါမယ်။အိုကေပြီဆိုရင် စောနထိုင်စောင့်တဲ့ နေရာမှာပဲ ‌ထိုင်စောင့်နေပါ။

စာရွက်စာတမ်းစစ်ဆေးပြီးတဲ့အခါ Officer က Qနံပါတ်ကိုထပ်ခေါ်ပြီး ကိုယ့် passport ကိုပြန်ပေးပါလိမ့်မယ်။

လောလောနဲ့ ထယူပြီး မပြန်ပါနဲ့။ Passport စာအုပ်ထဲမှာ Officer ထုပေးလိုက်တဲ့ stampကရက်စွဲကိုသေချာစစ်ပါ။ ဒါဆိုရင်တော့ visa extension process ပြီးပါပြီ။

အားလုံးပဲ အဆင်ပြေကြပါစေနော် 💕

Comments

Popular posts from this blog

လာအိုနိုင်ငံ Savannakhet ရုံးမှာ ထိုင်းဗီဇာလျှောက်ထားဖို့ ရက်ချိန်းယူရတော့မည်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

E extension