Tourist Visa နှင့် ထိုင်းမှာ ၁ နှစ်​လောက်​နေလို့ရပါတယ်

 TR Visa နှင့်လာ ၃ လရမယ်

၃ လပြည့်ရင် E Visa ၃ လထပ်တိုး​နေမယ်

၃ လပြည့်ရင် လာအိုထွက် TR Visa ထပ်​လျှောက်မယ်

E Visa ​နောက်ထပ် ၃ကြိမ် ​လျှောက်ရင် ​လျှောက် 

မ​လျှောက်ရင် လာအိုထပ်ထွက်မယ်

Vietnam ထွက်ပြီးလည်းတိုးလို့ရမယ်

Laos ➡️ Thai bank 20000B  or Myanmar Bank သိန်း၂၀ အထက် statement ၃ လပြရမယ်

Vietnam ➡️ Thai bank 20000B or Myanmar Bank သိန်း ၂၀ အထက် statement ၆ လပြရမယ်

ဒီလို TR visa နှင့် ၁ နှစ်​လောက်​နေလို့ရပါတယ်

ဒီအ​တောအတွင်း ကိုယ်ဘာဖြစ်ချင်တာလဲ စဥ်းစားဖို့အချိန်ရပါတယ် အလုပ် လုပ်မလား အခြားနိုင်ငံကူးမလား ​ကျောင်းတက်မလား Language school, Universities တက်ပြီး ​နေမလား စီးပွား​ရေးရင်းနှီးမြှုပ်နှံမလား

အ​လောတကြီးနှင့် ဟို Visa ဒီ Visa မချိန်းပါနှင့်

အလုပ်လုပ်မယ် Professional field တစ်ခုခုရှိတယ်ဆို White collar job ရှာလို့ရမယ် အလုပ်ရရင် အလုပ်က Work permit ထုတ်​ပေးရင် Visa ပြန်ချိန်းရပါမယ် ​အ​လောတကြီးနှင့် ED Visa ​တွေ၀ယ်ရင် Visa ​ကြေးကုန်ပါမယ် ပိုက်ဆံအတွက်ပူပန်စရာမရှိရင် Visa ၀ယ်​နေပါ

ED Visa

Business  Visa

Elite Visa

အသက် 50 ​ကျော်ရင် Retirement Visa ၀ယ်ပြီး​နေလို့ရပါတယ်

Freelance job, Remote job ​​တွေရှိတယ် ၀င်​ငွေနှင့်​​နေထိုင်ဖို့အဆင်​ပြေတယ်ဆိုလည်း ကြိုက်ရာ Visa ၀ယ်​နေလို့ရပါတယ်

General Worker ​တွေအတွက်က​တော့ Work permit ရှိမှအလုပ်ခန့်တာမို့ TR visa နှင့် ဘတ်ဖွင့်မယ့်အချိန်ထိ​စောင့်​နေလို့ရပါတယ် ၇လပိုင်း​တော့ဘတ်ဖွင့်မယ် ကြားပါတယ် အစိုးရ​ပေါ်လစီမို့ အစိုးရထုတ်ပြန်တဲ့အထိ​စောင့်ပြီး ဘတ်(work permit card) ရတဲ့အထိ ​စောင့်ရပါမယ်

​နောက်တစ်နိုင်ငံကူးဖို့ plan ရှိတဲ့လူ​တွေက Japan, Korea, Honkong, Italy (အတိအကျကထပ်တိုးနိုင်တယ်) ဒီနိုင်ငံ​တွေကလွှဲပြီးဘအခြား US, UK နိုင်ငံ​တွေက TR visa နှင့် Visa ​တွေ​လျှောက်လို့ရတာမို့ စိတ်​အေး​​အေးထားပြီးစဥ်းစားကြပါ

ကိုယ့်နိုင်ငံကပိုက်ဆံ​တွေ သူများနိုင်ငံကိုအလွယ်တကူမစီးဆင်း​အောင် ပိုက်ဆံ​ပေါတယ် ငါတို့အတွက်ပူစရာမလိုဘူးဆိုရင် ကြိုက်တဲ့ Visa ၀ယ်​နေပါ 

❌️❌️ အလိမ်အရမ်းပေါပါတယ်

ချင့်ချိန်ပြီးလုပ်ကြပါ စိတ်​တွေအရမ်းမ​လောပါနှင့်

‼️‼️TR visa နှင့် Passport သက်တမ်းတိုးလို့မရတာမို့ passport expired ဖြစ်ခါနီးလို့သက်တမ်းတိုးဖို့လိုအပ်ရင် Long Term visa တစ်ခုခု ED Visa ဖြစ်ဖြစ်၀ယ်ပြီးသက်တမ်းတိုးရပါမယ်

ဒုက္ခကို​ကြောက်လို့ထွက်​ပြေးလာရင် ကိုယ်တိုင်ရပ်တည်နိုင်​အောင်ကြိုးစားပါ

Comments

Popular posts from this blog

လာအိုနိုင်ငံ Savannakhet ရုံးမှာ ထိုင်းဗီဇာလျှောက်ထားဖို့ ရက်ချိန်းယူရတော့မည်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

E extension