လာအိုကနေ ထိုင်း TR 60 Days Visa ကိုယ်တိုင် ဘယ်လို Run မလဲ
လာအို ကနေ Thai TR 60 Visa လျှောက်ဖို့ ပထမဆုံး သိရမှာက လာအိုမှာ လျှောက်လို့ရတာ (၂) နေရာရှိပါတယ်။
1. Vientiane (ဗီယမ်ကျင်း)
2. Savannakhet (ဆူဗန်နခက်)
V မှာတော့ Appointment ကြိုတင်ရပြီး ကြား (၁) ရက်စောင့်ရပါတယ်။ S မှာတော့ walk in တန်းစီဝင်ရပြီး ဒီနေ့တင် မနက်ဖြန် ရပါတယ်။ (နှစ်ခုလုံးမှာ အားနည်းအားသာတွေ ရှိပါတယ်)
ခုကတော့ လူသွားများတဲ့ Vientiane TR Visa အကြောင်း ပြောပြပေးမှာပါ။
Step (1) - Appointment ယူရပါမယ်။
https://thaivisavientiane.com
(👉🏻 Vientiane မှာက Visa တင်ပြီး working day ကြား ၁ ရက်စောင့်ရလို့ ၊ ကိုယ်တင်တဲ့နေ့က Mon/Tue/Wed ပဲ ကောင်းပါတယ်၊ Thurs ဆို နောက်တပတ် Monday မှ ပြန်ရမှာမလို့ ရက်တွေ ပိုကြာသွားနိုင်ပါတယ်။)
Step (2) - Appointment ယူထားတဲ့ Date မှာ Email ထဲက Name နဲ့ Passport အတိုင်း နံပါတ်ကို ပြပြီး Vientiane က ထိုင်းသံရုံးမှာ ဘတ် ၁၀၀၀ ပေးပြီး သွားလျှောက်ရုံပါပဲ။
Required Documents
*********************
✅ Passport Original
✅ Visa Application Form (Website တွင် Download ဆွဲနိုင်ပါတယ်)
✅ Photo 2 ပုံ
✅ Passport ရှေ့ဆုံးမျက်နှာ Copy
✅ လာအိုအဝင်တုံး ထုပေးခဲ့တဲ့ စာမျက်နှာ Copy
✅ ဘန်ကောက်ကို ပြန်ရင်နေမယ့် Hotel Booking (လိုလိုမယ်မယ် ၂ ပတ်စာ)
✅ မြန်မာပြည်ပြန်မယ့် Return Air Ticket
✅ Bank Statement (အရေးကြီးဆုံးပါ၊ မြန်မာက ခုမှ arrival နဲ့ လာတဲ့သူတွေဆိုရင် ထိုင်းအကောင့်မရှိတာ သေချာလို့၊ မြန်မာဘဏ်ဘက်က ဟာပဲ ပြရပါမယ်၊ အနည်းဆုံး ဘတ်၂၀၀၀၀ နဲ့ ညီမျှတဲ့ ပမာဏ ရှိထားရပါမယ်၊ နီးမှ ကပ်ထည့်တာတို့၊ အဝင်အထွက်မရှိထားတာတို့၊ ဖွင့်ထားတာ မကြာသေးတဲ့ အကောင့်တို့ဆို ရစ်ခံရနိုင်ပါတယ်၊ ပြီးရင် များသောအားဖြင့် Mobile Banking ပါ ဖွင့်ပြရပြီး မိမိနာမည်နဲ့ ဖွင့်ထားတာ ဟုတ်မဟုတ်ရယ် ၊ Transactions အတုအစစ်ဟုတ်မဟုတ် ၃/၄ ရက်စာလောက် ဖုန်းကနေလည်း ပြခိုင်းတတ်ပါတယ်)
✅ ဘတ် ၁၀၀၀
(စာရွက်စာတမ်းတွေကို ထိုင်းမှာတည်းက ကြိုတင်ပြင်ဆင်လာပါ၊ ဖြည့်စရာရှိတာတွေ အကုန်ဖြည့်လာပါ)
Bangkok To Nong Lhai
==================
👉🏻 လာအို (ဗီယမ်ကျင်း) သွားဖို့ ပထမဆုံး အနေနဲ့ ကားလက်မှတ် ဝယ်ရပါမယ်။
👉🏻 Bus X ဆိုတဲ့ Application ကနေ တဆင့် ကိုယ်စီးမယ့် Bus Terminal (Bangkok Bus Terminal Mo chit ) ကနေ Nong Khai Bus Terminal ဆိုပြီး ဝယ်ပါ။ စျေးတွေက B 500 ကျော်ကနေ B 900 ကျော် ဆိုပြီး အစားစားရှိပါတယ်။ 500 ကျော်တန်ပဲ ဝယ်ရင်အဆင်ပြေပါတယ်။
👉🏻 Mo Chit ကားဂိတ်ရောက်ရင် E ticket ကို လက်မှတ်ထုတ်ရပါမယ်၊ စီးရမယ့် အချိန်/ ထွက်မယ့် Terminal gate No တွေ ပါပါမယ်၊ (Boarding Pass လိုမျိုးပါပဲ)
👉🏻 ကိုယ်စီးမယ့်နေရာကို သေချာမှန်မမှန် အဲ့နားက ယာဉ်မောင်းအရာရှိတွေကို မေးပြီး confirm လုပ်ပါ။
👉🏻 Nong Khai ကားဂိတ်ကို မနက် ၆ မ
နာရီ ဝန်းကျင်ဆို ရောက်ပါပြီ။ အဲ့ကနေ Border ဆိုပြီး တုပ်တုပ်တွေ ငှါးလို့ရပါတယ် ၊ တယောက် B 50/100 ပါပဲ။ (စုငှါးရင် တန်ပါတယ်) တချို့ကားတွေက Border ထိရောက်တာတွေလည်း ရှိလို့ ယာဉ်အကူကို ရောက်လားမေးပြီး ရောက်ရင် အဲ့မှာ ဆင်းချင်ကြောင်း အီးလိုပြောပါ။
Nong Khai Border to Vientiane Border
============================
👉🏻 တုပ်တုပ်တွေက Border ဆိုင်းပုဒ်ရှေ့တင်ပဲ ချပေးမှာပါ။
👉🏻 အဆောက်အဦးထဲဝင်ပြီး “Passport Control” ဆိုတဲ့ ကောင်တာမှာ တန်းစီပါ။ (Passport က လွဲပြီး ဘာမှ ပြစရာမလို)။ Officer က နည်းနည်းပါးပါး မေးပါတယ်(တခါတလေ)၊ ထိုင်းမှာ ဘာလုပ်လဲ၊ ဘယ်မှာနေလဲ၊ ဒီကို ဘာလာလုပ်တာလဲ စသဖြင့် ဒီလောက်ပါပဲ။ ပြီးရင် ထိုင်းအထွက်တုံး ထုပေးလိုက်ပါတယ်။
👉🏻 Counter ကထွက်လာပြီး လျှောက်လမ်းတိုင်းလေး သွားရင် အဲ့နားမှာပဲ တံတားကို ဖြတ်ဖို့ Bus Ticketရောင်းတဲ့ Counter လေး ရှိပါတယ်။ ၃၅ ဘတ် ပေး လက်မှတ်ယူပြီး အလှည့်ကျ ရောက်လာတဲ့ Bus ကို တက်စီး၊ မဲခေါင်မြစ်ကြီးကို ဖြတ်ပြီး ဗီယမ်ကျင်း Border ကို ရောက်ပါပြီ။
Vientiane Border to Thai Embassy
==========================
👉🏻 Vientiane Border ရောက်တဲ့အခါလည်း လာအို အဝင်တုံးထုဖို့ Counter မှာ Form လေး ယူပြီး ဖြည့်ရပါမယ်။ (ဘားမှပေးစရာမလိုပါ၊ မဖြည့်တတ်ရင်တော့ အဲ့နားက လူကြီးတွေကို B20 ပေးပြီး ဖြည့်ခိုင်းလို့ရပါတယ်)
👉🏻 Arrival Form မှာက များများစားစား ရေးရတာ မဟုတ်ပါဘူး၊ ဗီယန်ကျင်းမှာ ဘယ်မှာနေမယ်၊ ဘာအတွက် လာတယ် ဆိုတာလေးပါပဲ၊ Passport ထဲက အချက်အလက်လေးတွေပါပဲ။
👉🏻 ဖြည့်ပြီးတာနဲ့ Counter မှာ တန်းစီပြီး B20 ပေး၊ အထွက်တုံးထုပြီးရင် ရပါပြီ။
👉🏻 ဒီမှာ တခါတည်း Exchange ကောင်တာကနေ ဘတ် to လာအို ပိုက်ဆံ (kip) လဲခဲ့ဖို့ အကြံပေးပါတယ်။ စောသေးလို့ မဖွင့်သေးရင်လည်း သံရုံးနားရောက်မှ လဲလို့လည်း ရပါတယ်။ နောက်တချက်က လာအိုလာရင် ထိုင်းဘတ် အရွက် cash ပဲ လုံလုံလောက်လောက်ထုတ်လာပါ၊ ATM တွေက ထုတ်ရတာ လုံးဝ (လုံးဝ) အဆင်မပြေသလို စက်တိုင်းလည်း မရပဲ Transaction Fees တွေလည်း တကြောင်းကို ဘတ် ၁၀၀ လောက် ကျသင့်ပါတယ်။ Cash အရွက်ရှိရင်တော့ သံရုံးနားက လိမ္မော်ရောင် Mall မှာ လာအိုBankတခုရဲ့ Official Exchange Counter ရှိပါတယ်၊ လဲလို့ လွယ်ပါတယ်။ 4.Feb.24 စျေးအရ ဘတ် ၁၀၀၀ ကို 643000 Kip ရပါတယ်။
👉🏻 အထွက်တုံးထုပြီးရင် လုပ်ရမှာက LAOs sim တခုခု ဝယ်ဖို့ပါ၊ Passport ကို သံရုံးမှာ ပေးပြီးမှဆို အပြင်မှာ Passport မရှိပဲ မရောင်းပါဘူး၊ ရောင်းခဲ့ရင်လည်း Register လုပ်ဖို့ Passport နဲ့ လူနဲ့ တွဲရိုက်ထားတဲ့ ပုံရှိမှ တင်လို့ရတာဖြစ်လို့၊ အလုပ်ရှုပ်ပါတယ်၊ Roaming On ပြီး ထိုင်းကဒ်တွေ သုံးလို့ရပေမယ့် လိုင်းသိပ်မကောင်းသလို စျေးလည်း များပါတယ်၊ တခါတည်း SIM card လေး ဝယ်ပြီး Internet စမ်းခဲ့ပါ။
👉🏻 Visa Appointment က ရောက်တဲ့နေ့တန်းတင်မယ့်သူတွေကတော့ Vientiane Border ဂိတ်ကနေ သံရုံးကို တန်းပြီး Taxi နဲ့ သွားရမှာပါ။ “In Drive” App ကို down ပြီး လာအို sim နဲ့ အကောင့်ဖွင့်ပြီးရင် ကိုယ်သွားချင်တဲ့နေရာ “Thai Embassy Vientiane” လို့ ရိုက်ပြီး ငှါးလို့ရပါပြီ (App က ချပေးတဲ့ စျေးမဟုတ်ပဲ ကိုယ်ပေးချင်တဲ့ စျေးကို offer လည်း လုပ်လို့ရပါတယ်)
Visa Processing
============
👉🏻 သံရုံးရောက်ရင် မဖွင့်လောက်သေးပါဘူး၊ ၉:၀၀ ကျော်မှ ဖွင့်လို့ အနားမှာ ရှိတဲ့ ကော်ဖီဆိုင်တွေမှာ ထိုင်လို့ ရပါတယ်။ ယူလာတဲ့ စာရွက်စာတမ်းတွေ သေချာစစ်ပါ
👉🏻 စာရွက်စာတမ်းစုံလို့ သံရုံးလည်း ဖွင့်ပြီဆိုရင် Appointment ရထားတဲ့ Email နဲ့ Passport ပြပြီး အထဲဝင်လို့ရပါပြီ။ (လူပိုလိုက်လို့မရပါ)
👉🏻 အထဲမှာတော့ လူမများရင် counter 2 ခုရှိတဲ့ထဲက မြန်တယ် သိပ်မရစ်လောက်တဲ့သူ ရှိတဲ့နေရာမှာ တန်းစီပါ၊ လူများရင်တော့ ခုံလေးတွေနဲ့ ရွေ့လျားတန်းစီ စနစ်နဲ့ပဲ သွားရပါတယ်၊ Visa Appointment ထဲက နာပါတ်စဉ်အတိုင်းမဟုတ်ပါဘူး၊ သပ်သပ်ပြန် Q ရတာမလို့ စာရွက်စာတမ်းပြည့်စုံရင်တော့ စောစောဝင်ရင် စောစောပြီးမှာပါ။
👉🏻 ကိုယ့်အလှည့်ရောက်ရင် Officer ကို စာရွက်တွေပေးပြီး နည်းနည်းပါးပါး English လို မေးပါတယ်၊ (ဘားမှမမေးရင်လည်း မမေးပဲ Mobile Banking ပဲ တန်းပြခိုင်းတာလည်း ဖြစ်နိုင်ပါတယ်)
- ဘန်ကောက်မှာ ဘာလုပ်ဖို့လဲ
- ဘယ်မှာနေမှာလဲ
- ဘယ်တော့ မြန်မာ နိုင်ငံကို ပြန်မှာလဲ
စသဖြင့် ရိုးရိုးလေးတွေပါ၊ လျှောက်ပြောပြီး shopping အတွက် ရက်ကြာကြာနေချင်လို့တို့၊ ပြင်ဆင်ထားတဲ့ Documents တွေ ထဲကအတိုင်း တိုတိုရှင်းရှင်းပြောပြနိုင်ရင် ရပါပြီ။
👉🏻 ဘတ် ၁၀၀၀ ပေးပြီးရင် သူတို့က Passport ပြန်လာရွေးရမယ့် စာရွက်ဖြူလေး ပေးရင်တော့ ပြီးဆုံးပါပြီ။
General
======
👉🏻 Mon-Wed မှာ တင်လို့ရရင် Visa လျှောက်တဲ့ တနေ့ရယ်၊ ကြားတရက်ရယ်၊ Hotel က ၂ ရက် နေရပါမယ်။
👉🏻 Hotel တွေကတော့ Agoda တို့ Booking.com တို့ကနေ တခါတည်း ရှာဖွေ booking လုပ်ထားရင် ရသလို၊ နေခဲ့ဖူးတဲ့ Hotel နေရာကို ရေးပေးလိုက်ပါမယ်၊ ၂ ယောက်ခန်းကို kip 200000 (B 315 ဝန်းကျင်) လောက် အနည်းဆုံး ရှိတာမလို့ သူငယ်ချင်းတွေနဲ့ share နေရင်တော့ ပိုသက်သာပါတယ်။
👉🏻 သွားရေးလာရေးကတော့ အပေါ်က in drive App ကနေ ဆိုင်ကယ်/ကား စသဖြင့် ငှါးလို့ ရပါတယ်၊ စျေးမကြီးပါ၊ ဒါမှမဟုတ် ထိုင်းလိုင်စင်/မြန်မာလိုင်စင် တခုခု ရှိတယ်ဆိုရင် Bike ကို တနေလုံးစာ ၂၅၀-၃၀၀ ဘတ် ပေးပြီး ငှါးလို့ရပါတယ် (လျှောက်သွားမယ့် သူတွေ အတွက်ပါ)
အပြန်
====
👉🏻 အဖြူရောင် စာရွက်ထဲက ရက်စွဲအတိုင်း နေ့လည် ၁:၃၀ ကနေ စပြီး စာရွက်လေးပြပြီး သံရုံးမှာ သွားယူရုံ ပါပဲ။ အဲ့နေ့ကို Hotel check out တခါတည်း လုပ်ခဲ့ပြီး သံရုံးနားမှာပဲ သွားစောင့်နေပြီး၊ Passport ပြန်ရလာရင် Vientiane Border ကို taxi ငှါးသွားလို့ ရပါပြီ။ (Kip 230000~250000 လောက်မလို့ စုပြီး share ငှါးရင်လည်း cost သက်သာပါတယ်)
👉🏻 Border ရောက်ရင် လာအိုအထွက်တုံးပြန်ထုပြီး အလာတုံးကလိုပဲ Bus နဲ့ မဲခေါက်မြစ်ပေါ်ဖြတ်ပြီး ပြန်ရပါမယ်။ (အလာနဲ့တူတူပဲမလို့ အသေးစိတ်မရေးတော့ပါ)
👉🏻 လာအိုအထွက်မှာ Departure Form ဖြည့်ရပြီး Nong Khai ဘက် အဝင်မှာ TM 6 လေး အဖြူလေး (အရင်ကထိ) ဖြည့်ရပါတယ်။
👉🏻 ထိုင်းဘက် Nong Khai Border မှာ တန်းစီ၊ အဝင်တုံးပြန်ထုပြီးပြီဆိုရင်တော့ အပြန် ကားစီးရမယ့် Nong Khai Bus Terminal ဆီကို Grab နဲ့ 80-100 B ကြား ငှါးပြီး သွားပါ။
👉🏻 Gate ရောက်ရင် Counter မှာ E Ticket ပြပြီး လက်မှတ်ထုတ်ရပါမယ်။ ပြီးရင် အချိန်ပိုသေးရင် ကားဂိတ်နား walking distance နဲ့ လျှောက်သွားလို့ ရတဲ့ ၃/၄ နေရာ ရှိပါတယ်။
📌 Naga Statue
https://maps.app.goo.gl/ywEuAMXG3FjnrzfC9?g_st=ic
📌 Wat Pho Chai
https://maps.app.goo.gl/QJPYcVsCkwmEpb8GA?g_st=ic
📌 Wat Lamduan
https://maps.app.goo.gl/JH7CcXsGxtis1KFy8?g_st=ic
ပြီးရင် ကားထွက်ချိန် ကားပေါ်တက်ပြီး ဘန်ကောက်ပြန်လို့ရပါပြီ 😂
Comments
Post a Comment