ထိုင်းစာ အခမဲ့ စာအုပ်ဖိုးနဲ့ ချင်းမိုင်မှာ စာသင်လို့ရပြီ
ချင်းမိုင်ရောက်နေပြီး ထိုင်းစာကို အခမဲ့ သင်ယူချင်တဲ့သူတွေရှိလား သင်တန်းကြေး ဘာမှမပေးရဘဲ စာအုပ်ဖိုး ရာဂဏန်းလောက်နဲ့ ထိုင်းစာကို မတတ်မချင်း သွားတက်လို့ ရပါပြီနော် ☺️🇹🇭🙏
BEAM Education Foundation ဆိုပြီး Google Map ကနေ ရှာပြီးသွားလို့ ရပါတယ်နော် ☺️
ဒါက ဗီဇာပေးတဲ့ကျောင်းမဟုတ်ပါဘူးနော် ထိုင်းမှာနေပြီး ထိုင်းစာကို တကယ်တတ်ချင်တဲ့သူတွေအတွက် Foundation တစ်ခုသာဖြစ်ပါတယ် ဘာသာစကားပိုတက်ချင်တဲ့သူတွေ ပိုက်ဆံအများကြီးမကုန်ဘဲ ပိုမိုသင်ယူနိုင်မဲ့နေရာလေးမို့ လမ်းညွှန်ပေးလိုက်ပါတယ် အများကြီးမဟုတ်ရင်တောင် အခြေခံလောက်တော့ တတ်မြောက်သွားမယ်လို့ မျှော်လင့်ပါတယ် အားလုံးပဲ ဘာသာစကား အခက်အခဲကနေ အဆင်ပြေချော့မွေ့ကြပါစေ ☺️🇹🇭🙏
Comments
Post a Comment