Certificate of Residence ကို ဘယ်လိုလျှောက်မလဲ❓
(၁) မြန်မာသံရုံးမှာ လျှောက်တဲ့အခါ
🌟ပတ်စပို့စာအုပ်ရှေ့မျက်နှာမိတ္တူ (ကိုယ်ရေးအချက်အလက်စာမျက်နှာ)
🌟ဗီဇာသက်တမ်းရှိစာမျက်နှာမိတ္တူ
🌟ကိုယ်တစ်ပိုင်းဓာတ်ပုံမပေးရပါဘူး။
✅ ပတ်စပို့စာမျက်နှာမိတ္တူပေါ်မှာ ကိုယ်ရဲ့ နေရပ်လိပ်စာအတိအကျလေးရေးပေးရပါမယ်။
✅ မြန်မာသံရုံးဘဏ်အကောင့်ထဲ ၁၅၀ ဘတ်ထည့်ထားတဲ့ငွေလွှဲစာရွက်တို့ပဲလိုပါတယ်။
✅ မနက်ခင်း ၈ နာရီကနေ ၁၂ နာရီအထိက စာရွက်တင်ရချိန်ဖြစ်ပြီးတော့ ညနေဘက်မှာ နေရပ်လိပ်စာထောက်ခံစာ ထုတ်ပေးပါတယ်။
❌(ဒီနေရာမှာ ဗီဆာသက်တမ်းတိုးလျှောက်တဲ့အခါ ပြန်ထုတ်ပေးတဲ့ ထောက်ခံစာနဲ့ မတူပါဘူးနော်)❌
(၂) အင်မီဂရေးရှင်းမှာ လျှောက်တဲ့အခါ
🌟 ပတ်စပို့ရှေ့စာမျက်နှာမိတ္တူ
🌟 ထိုင်းအဝင်တုံးစာမျက်နှာမိတ္တူ
🌟 ဗီဇာသက်တမ်းရှိစာမျက်နှာမိတ္တူ
🌟 နောက်ခံအဖြူဓာတ်ပုံနှစ်ပုံ
🌟 TM30မိတ္တူ
တို့လိုပါတယ်။
🔻တစ်ရွက်ချင်းပေါ်မှာလည်း လက်မှတ်ထိုးရပါတယ်။
🔻တချို့ရုံးတွေက အိမ်စာချုပ်ပါပြခိုင်းတာရှိပါသေးတယ်။
🔹 ငွေသွင်းခကို အင်မီဂရေးရှင်းဝက်ဆိုက်တွေမှာ မတင်ပေးထားတဲ့အတွက် တစ်ရုံးနဲ့တစ်ရုံး အပြောင်းအလဲရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ၅၀၀ ဘတ်ပေးရပီးတော့ ချင်းမိုင်ရုံးကတော့ ၅၀ ဘတ် နဲ့ ၅၀၀ ဘတ် (၂) မျိုးရှိပါတယ်။
🔹၅၀ ဘတ်ကတော့ ၂၂ ရက်ကြာတဲ့အခါ စာတိုက်ကနေ အိမ်ထိပို့ပေးတာဖြစ်ပြီး ၅၀၀ ဘတ်ကတော့ ဒီနေ့တင် မနက်ဖြန်မနက်ပြန်ရတာပါ။
🔻 ချင်းမိုင်မှာက ထိုင်းဘဏ်အကောင့်ဖွင့်တဲ့အခါ တချို့ဘဏ်တွေက အင်မီဂရေးရှင်းက ထုတ်ပေးတဲ့ ထောက်ခံစာကို တောင်းကြတာပါ။
Comments
Post a Comment