ဘတ် ၁၅,၀၀၀ ဝန်းကျင်နဲ့ ၁၅လ ED Visa ဘယ်လို run ကျမလဲ။
Sharing လေးလုပ်ပေးချင်လို့ပါ။
Mahachulalongkornrajavidyalaya University, Ayutthaya (มหาวิทยาลัยมหาจุฬาลงกรณราชวิทยาลัย อยุธยา)
https://maps.app.goo.gl/Tidp7wGhAAZ4dpJFA
English နဲ့ Thailand ကိုယ်အပ်ချင်တဲ့ဘာသာအပ်လို့ရပါတယ်။
English စာကကျောင်းမှာသွားအပ်ရတယ် Thai စာက online ကအပ်လို့ရတယ် (ခုတော့ပိတ်လိုက်ပါပြီ) ပြန်ဖွင့်တဲ့အခါဖွင့်ပါတယ်။
English စာက တစ်ပတ် ၂ ရက် Online နဲ့သင်တာဖြစ်ပြီး၊ Thailand ဆိုရင်တော့တစ်ပတ်ကိုကျောင်းတစ်ရက်သွားရမယ် Online တစ်ရက်သင်ရမယ်။
Step : 1
1. Passport Copy
2. ဘွဲ့လက်မှတ်(သို့မဟုတ်)၁၀တန်းအောင် transcript Notary Copy
3. Passport ဓာတ်ပုံ 1.5 inches နောက်ခံအပြာနဲ့ဓာတ်ပုံ ၁ ပုံ
4. Application Form ဖြည့်ရပါမယ် (ကျောင်းမှာစားပွဲခုံပေါ်မှာတင်ထားပါတယ်)
5. အပေါ်ကအားလုံးစုံရင် ဘတ် ၃၀၀ ပေးပြီးဖောင်ထပ်ထားလို့ရပါပြီ။
Step : 2
1. Step 1 ပြီးရင်ဖောင်တင်ထားပြီးလို့ခဏစောင့်ရင် Student ID နံပါတ်တစ်ခုရလာပါလိမ့်မယ်။
2. Student ID ရရင် ID နံပါတ်နဲ့ ကပ်ရက်အခန်းကငွေသွင်းတဲ့နေရာမှာ ကျောင်းလခ ဘတ် ၁၃,၀၀၀ ငွေသွင်းလို့ရပါပြီ။
3. ငွေသွင်းပြီးရင် ဖြတ်ပိုင်းတစ်ခုရလာပါလိမ့်မယ် Copy ဆွဲပြီး မူရင်းကိုသိမ်းထားပါ။
4. ဒါဆိုနောက်ဆုံးအဆင့် Visa Run လို့ရပါပြီ။
Step : 3
1. TM30
2. Passport ဓာတ်ပုံ 1.5 inches နောက်ခံအပြာနဲ့ဓာတ်ပုံ ၂ ပုံ (Must be Blue Background Colour)
3. Passport Copy
4. Visa စာမျက်နှာ Copy (၄၅ရက် ကျန်ရပါမယ်)
TR Visa နဲ့မှအဆင်ပြေမှာပါ 14 days နဲ့ E-extension 1 months နဲ့ဆိုသံရုံးက ED Visa ပေး/မပေးမသေချာဘူးပြောပါတယ်။ 14 days နဲ့လာရင် လာအိုဘက်သွားပြီ TR Visa run မှသေချာပါမယ်။
5. ငွေသွင်းဖြတ်ပိုင်း Copy
ဒါတွေနဲ့ဖောင်ထပ်ထားခဲ့လို့ရပါပြီ။
Student ID Card နဲ့ T-Shirt ဝယ်ပြီးပြန်လာလို့ရပါပြီ။
Update Info တွေကို ကျောင်းက LINE Group တွေမှာ Update ပြောပေးပါလိမ့်မယ်။
ကုန်ကျစရိတ်ကတော့
Registration fee 300 baht
Tuition fee 13,000 baht (Thailand Language ဆို 12,000)
Student ID Card – 150 baht (If your passport photo background is white, 200 baht)
Uniform Shirt - 250 baht (Bank Transfer Only)
300+13,000+150+250= Total 13700 baht
ကျောင်းကိုဘယ်လိုသွားမလဲ။
ဘယ်နေရာကနေဖြစ်ဖြစ်ကျောင်းထိ Public Transportation မရှိပါဘူး။
Public Transportation နဲ့လာမယ်ဆို Dark Red, Thani Ratthaya Line ဆို Rangsit Station ထိပဲအနီးဆုံးရောက်ပါမယ်အဲ့မှာဆင်းပါ၊ Green, Sukhumvit Line ဆို Yæk Kor Por Aor မှာဆင်းပါ။ပြီးရင် Taxi ငှားသွားရပါမယ် ။
ကိုယ်ငှားတဲ့နေရာပေါ်မူတည်ပြီးတော့ ဘတ် 200 to 300 ကြားကျပါမယ်။ ကျောင်းနားထိရောက်တဲ့ Bang Sue to Ayutthaya ရထားလဲရှိတယ်၊ Bang Sue ကနေလက်မှတ်ဖြစ်ပြီးစီးလို့ရတယ်။
Taxi စ/ဆုံးစီးမယ်ဆို ကုန်ကျစရိတ်များပါမယ် အယုဒ္ဓယထိဖြစ်တဲ့အတွက် အသွားအပြန် baht 1000 ကနေ 1500 ကြားကျပါမယ်။ ကျွန်တော် ၂ ရက်လောက် Taxi နဲ့သွားတာစရိတ်တော်တော်ထောင်းပါတယ် BTS/MRT စီးရင်စရိတ်သက်သာပါမယ်။ Bangkok ကနေဆို ၁နာရီခွဲ ၂နာရီလောက်ခရီးရှည်ပါတယ်။
ကျောင်းကို Map ထောက်ရင် Manually ထောက်ပါ Faculty of Education ဆိုတာရှိပါတယ် အဲ့ရှေ့ထိငှားပါ။ အထဲရောက်ရင်ဒုတိယထပ်ကိုတက်သွားပြီးကျောင်းစအပ်လို့ရပါပြီ။
https://maps.app.goo.gl/r2gN1A9mKzm4z95G8
မနက် ၉နာရီခွဲကနေ ညနေ ၄နာရီထိဖွင့်ပါတယ်။
ကျွန်တော်ဒီနေ့အပ်ခဲ့ပြီးလို့ Sharing လုပ်ပေးချင်တာပါ။
ကျွန်တော်တုန်းက ၃ရက်သွားလိုက်ရတယ် အားလုံးကိုတစ်ရက်တည်းအပြီးရစေချင်လို့ပါ။
Comments
Post a Comment