ထိုင်းမှာ ၁နှစ်ကျော်ကို ဘတ် ၁၃၀၀၀ကျော်နဲ့ Ed visaရမယ့် ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓတက္ကသိုလ်ကျောင်းကို ကိုယ်တိုင် ကျောင်းအပ်ချင်သူတွေအတွက်လမ်းညွှန်

 ထိုင်းမှာ တနှစ်လောက်လာနေချင်သူ၊ white collar အလုပ်လာရှာသူ၊ Remote သမားတွေအတွက် ဗီဇာအရမ်းအဆင်ပြေလွန်းလို့ လျောက်ကြပါနော်။ 

language school တွေလို ၃လတခါ အတုံးလည်းထုစရာမလိုတဲ့ အပြင် ဘဏ်ကတ်ပါဖွင့်လို့ရလို့ ၅၅၀၀၀ တန်ချင်းမိုင်ကျောင်းတွေနဲ့ ရနိုင်တဲ့ ခံစားခွင့်တွေကအတူတူပဲနော်။🫶🫶🫶

ကိုယ်တိုင်ကျောင်းအပ်လည်းလွယ်လွယ်ကူကူအပ်လို့ရတာကြောင့် မြန်မာဘုန်းဘုန်းတွေရာ၊ ၀န်ထမ်းတွေရော ရှိတာကြောင့်မေးရပြောရလွယ်လို့ ကိုယ်တိုင်လုပ်ကြည့်ဖို့ ပြောချင်ပါတယ်။ လုံးဝမခက်ခဲတာမို့ ကိုယ့်ဖာသာစုံစမ်းပြီး အပ်ဖို့ လို့ရပါတယ်။💗💗💗

👉 အခုပြောမဲ့ English စာအတန်းကို လူကိုယ်တိုင်ပဲ ကျောင်းကဖောင်ထုတ် ပီး သွားRegister လုပ်အပ်ရတာပါ။ 👈

📚📚📚 ကျောင်းအကြောင်း

Mahachulalongkornrajavidyalaya University အယုဒ္ဓမှာရှိတဲ့ ထိုင်းဘုရင့်တက္ကသိုလ်

ကျောင်းက ဌာန (၅) ခု

1. Faculty of Buddhism

2. Faculty of Humanities

3. Faculty of Education

4. Faculty of Social Science

5. International Buddhist Studies College (IBSC)

ဒီကျောင်းမှာ BA, MA, Diploma, Certificate အတန်းတွေ တက်ရောက်နိုင်ပါတယ်။ ဘုန်းဘုန်းတွေတက်တာများပီး လူကျောင်းသားတွေအတွက် ကတော့ Faculty of Humanities နဲ့ Faculty of Education ဌာန နှစ်ခုကအဆင်ပြေပါတယ်။ ကျောင်းရဲ့ ED Visa နဲ့ ဘယ်နိုင်ငံမဆို အလည်ထွက်လို့ရပါတယ်။

📗📘📚 Teaching in English Medium Class 

ဒီ certificate အတန်းကတော့ Faculty of Education ကဖွင့်တဲ့ အတန်းပါ။ (Visa Program)လို့တောင်ခေါ်လို့ရပါတယ်။ တပတ်မှ ၂ရက်ပဲတက်ရတဲ့အပြင် online ကပဲတက်ရတာပါ။ 

ဒီ program က-

ဗီဇာ 15 လဗီဇာ ရတဲ့အပြင် Bank Account လည်းဖွင့်နိုင်မယ်။ Re Entryနဲ့ နိုင်ငံပြင်ပ ကိုအရစ်မခံရပဲထွက်လို့ရပါတယ်။

၁၀တန်းအောင် သို့မဟုတ် ၉တန်းအောင်လက်မှတ်(notary)ပြရရုံနဲ့ကျောင်းကလျောက်လို့ရပါတယ်။

အသက်အရွယ်အကန့်အသတ်မရှိ တက်ရောက်နိုင်ပါတယ်။ 

Sat, Sun တပတ် ၂ရက်တက်ပီး ၂ရက်လုံး online ကပဲတက်ရောက်နိုင်လို့ အရမ်းအဆင်ပြေသောပါရှင့်

June မှာကျောင်းစတက်ရမှာပါရှင့်

💰 💰 💰 စုစုပေါင်းကုန်ကျငွေ

Register Form ကြေး ၃၀၀

ကျောင်းလခ ၁၃၀၀၀ (၁နှစ်လုံးစာ)

Uniform ၂၅၀

ကျောင်းသားကဒ်ဖိုး ၁၅၀

စုစုပေါင်းကျောင်းကို ပေးရငွေ ၁၃၇၀၀

ပီးရင်တော့

Immigration ၀င် ၁၉၀၀ ဘတ် (ပထမ ၃လရ)

Immigration ၀င် ၁၉၀၀ ဘတ် (၁၂လစာ အတွက်)

စုစုပေါင်းကုန်ကျငွေ ၁၇၅၀၀ သာကျသင့်မှာဖြစ်ပါတယ်။

🚕🚂🚝 ကျောင်းကိုဘယ်လိုသွားမလဲ?

Route1: Taxi နဲ့သွားမယ်ဆို ဘန်ကောက်မြို့ထဲကနေ အသွား ၅၀၀ ၀န်းကျင် အပြန် ၅၀၀ ၀န်းကျင်လောက်ကျနိုင်ပါတယ်။

Route2: ဘန်ကောက်ကနေ SRT အနီလိုင်း Rangsit ထိ အဆုံးထိ စီးပီး bolt or grab ငှားပီးသွားလို့ရပါတယ်။

Route3: အယုဒ္ဓယထိ ရထားစီးပီး ကျောင်းကိုလည်း bolt or grab ငှားပီးသွားလို့ရပါတယ်။

နေတော့ပူတယ်ရှင့်။☀️

Map - Department ထိ map ထောက်ပေးထားတယ်

https://maps.app.goo.gl/UByi9vEYVTGwLxsHA

ကျောင်း - 

https://maps.app.goo.gl/Kx2MoZpL7AEM76s16

📝📝📝 လိုအပ်တဲ့ documentation

၁) Passport copy

၂) photo (နောက်ခံအပြာ) 1.5*1.5

၃) ၁၀ တန်းအောင်လက်မှတ် or ဘွဲ့လတ်မှတ် (နိုထြီဖြစ်ရပါမယ်) 

၁၀တန်းမအောင်သူတွေက နိုတြီမှာ ၉ တန်းသည်  High School နဲ့  ညီတယ်ဆိုတဲ့ အချက်ပါရင်လက်ခံပါတယ်တဲ့

၄) နောက်ဆုံးထုထားတဲ့ ဗီဇာတုံး copy (ဘန်ကောက်ကိုရောက်မှလိုပါမယ်)

၅) TM30 copy  (ဘန်ကောက်ကိုရောက်မှလိုပါမယ်)

TR visa နဲ့ထိုင်းကို၀င်လာရမှာဖြစ်ပါတယ်။

📌📌📌 ကျောင်း Process များ overall

✅ Step 1:

300 ဘတ်နဲ့အတူ Register form အရင်တင်ရမည်။

✅ Step 2:

Register လုပ်ပီးပီဆို ကျောင်းက student id ထုတ်ပေးပါတယ်။ 

အဲ့ id နဲ့အတူ ကျောင်းဝင်ကြေး တစ်နှစ်စာ ၁၃၀၀၀ သွင်း၊ Uniform ဖိုးသွင်း၊ ကျောင်းသားကဒ်ဖိုးသွင်းရပါတယ်။

✅ Step 3:

ပြီးရင်တော့ TM30, Last visa stamp တို့နဲ့အတူ ကျောင်းကို ဗီဇာရဖို့အတွက် ဖောင်တင်ရပါတယ်။ visa က 45ရက် ရှိမှရပါမယ်။ မကျန်ရင် extension တိုးပီးမှလျောက်။

✅ Step 4:

ကျောင်းကဗီဇာအတွက် ထောက်ခံစာထုတ်ပေးပါတယ်။

👉 ဒီအဆင့် ၄ဆင့်မှာ ကျောင်းက ၁ကနေ ၃ထိလက်ခံနေပီး မနက်စောစောသွားရင်တော့၁ရက်တည်းနဲ့ ၃ဆင့်လုံးပီးနိုင်ပါတယ်။ 

👉 Step 1 ပီးရင် ကျောင်း Process 50% ပီးသွားပါပီ။ Step 2 ဆို 85% ပီးပါပီ။ Step 3 နဲ့ 4 က မိမိ visa ပေါ်မူတည်ပီး အေးဆေး run လို့ရပါတယ်။

👉 မြန်မာကနေ ကျောင်းကိုစိတ်၀င်စားတယ်တက်ချင်တယ်ဆိုရင် Step 1 နဲ့ Step 2 ကိုအရင်လုပ်ထားပီး 3&4 ကို ဘန်ကောက်ရောက်မှ လုပ်လို့ရပါတယ်။ 

👉 ကျောင်းက အခုထိတော့ကျောင်းသား ၁၅၀၀ ကျော်နေပါပီ။ သူတို့လူပြည့်သွားရင်တော့ ဖောင်ပိတ်သွားမှာပေါ့နော်။

👉 Register step 1 လုပ်ထားပီးကျောင်းငွေကို April 28 နောက်ဆုံးထားပီးသွင်းရမှာဖြစ်ပါတယ်။

အဲ့ ၄ဆင့်ပီးရင်တော့ ကျောင်းကထောက်ခံစာယူပီး immigration မှာ visa စထုရုံပါပဲ။

ပီးရင်ကျောင်းသားကတ်ရ ဘဏ်အကောင့်ဖွင့် 🫶

👀

ဓာတ်ပုံလှလှလေးတွေပတ်ရိုက်လာဖို့မမေ့နဲ့နော် ကျောင်းကအကျယ်ကြီးလည်ပတ်ခဲ့ကြပါ။ နောက်နေ့သွားရင်ပုံတွေထပ်ရိုက်ပီး edit ပီးတင်ဦးမှာ ဟီး....

ကျောင်းကမုန့်အများကြီးချကျွေးတာ၊ ရေအေးအေးလေးတွေလည်း free တိုက်၊ ကော်ဖီလည်းတိုက် အရမ်းသဘောကျတာပဲ။

ကိုယ်တွေကတော့ စည်းကမ်းလေးတော့ရှိပေးနော်။ အမှိုက်သေချာပစ်ပေးပါ။ ကျယ်ကျယ်လောင်လောင်တွေမပြောပါနဲ့။ 

Comments

Popular posts from this blog

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

Laos မှာ TR Visa အကြောင်း ပြောပြပေးချင်ပါတယ်။

တာချီလိတ်ကနေ ထိုင်းနိုင်ငံအတွင်း တရားဝင် ဘယ်လို လည်ပတ်ကြမလဲ၊ ဘာတွေ လုပ်ဖို့ လိုမလဲ