အသက် (၂၀) အောက် သားသမီးရှိသူတိုင်းသိထားသင့်တဲ့ Guardian Visa အကြောင်း
“ သမီးလေးက ထိုင်းမှာကျောင်းတက်နေတာလေ ၊ အသက်ကလည်း (၁၈) နှစ်ပဲရှိသေးတော့ သူ့ကိုစိတ်မချပါဘူး ”
ဒီလိုမျိုး စိတ်မအေးဖြစ်နေရတဲ့ဖေဖေ ၊ မေမေတို့အတွက် Thailand Connection ကနေ ထိုင်းနိုင်ငံရဲ့ Guardian Visa အကြောင်းကို Sharing လုပ်ပေးချင်ပါတယ်ခင်ဗျာ 💁
Guardian Visa ဆိုတာဘာလဲ❓
Guardian Visa ဆိုတာကတော့ ကျွန်တော်အပေါ်မှာပြောထားသလိုမျိုး ထိုင်းနိုင်ငံမှာ Education Visa နဲ့ ကျောင်းတက်နေတဲ့ကလေးရှိမယ် ၊ ကလေးကလည်း အသက် (၂၀) မပြည့်သေးဘူးဆိုရင်တော့ မိဘအနေနဲ့ Guardian Visa ကို လျှောက်ထားနိုင်ပါတယ် ။ ဒါပေမယ့် ကျောင်းသားတစ်ဦးကို အုပ်ထိန်းသူတစ်ယောက်ကပဲလျှောက်ထားခွင့်ရှိပြီး ဗီဇာသက်တမ်းကတော့ (၁၅) လပါဗျ ။ ပထမဦးဆုံးအကြိမ်မှာ (၃) လနေထိုင်ခွင့်ရပြီး ၊ ဒုတိယအကြိမ် Extension လုပ်တဲ့အခါမှာတော့ (၁၂) လအထိနေထိုင်ခွင့်ရှိပါတယ် ။
Guardian Visa လျှောက်ဖို့အတွက် ဘာတွေလိုအပ်မလဲ❓
Guardian Visa လျှောက်ဖို့အတွက်ဆိုရင် ထိုင်းနိုင်ငံကို TR Visa နဲ့အရင်လာပါ ။ ပြီးရင်တော့
👉 (၆) လနှင့်အထက် သက်တမ်းကျန်နေသေးတဲ့ Passport မူရင်းနှင့်မိတ္တူ
👉 4*6 cm ရှိတဲ့ ဓာတ်ပုံ (၃) ပုံ
👉 ဘတ် (၄၀၀,၀၀၀) ခန့်ရှိတဲ့ Bank Statement
👉 ကလေးရဲ့မွေးစာရင်း ၊ ကျောင်းထောက်ခံစာနှင့်တကွ ထိုင်းနိုင်ငံရဲ့သံရုံးမှာ သွားရောက်လျှောက်ထားနိုင်ပါတယ်ဗျ ။
ကဲ ... ဒါဆိုရင်တော့ ထိုင်းနိုင်ငံကို အုပ်ထိန်းသူအနေနဲ့ သွားရောက်လိုတဲ့ ဖေဖေ ၊ မေမေတို့လည်း Guardian Visa နဲ့ပတ်သက်ပြီး နားလည်သဘောပေါက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ ။
Comments
Post a Comment