Visa သက်တမ်းသွားတိုးတဲ့အခါမှာ အဓိကပြသနာကတော့ Fromမဖြည့်တတ်တာပါ။


ဘယ်နားဘာဖြည့်ရမှန်းမသိတဲ့သူတွေရှိသလို တချို့ကလည်းစာမဖတ်တတ်ကြတာပါ။

စာမဖတတ်လိို့ နားမလည်လို့ ကိုယ့်ဖာသာ အပြစ်တင်စရာလည်းမလိုပါဘူး။

ဒါတွေက Eng လိုရေးတတ်ဖတ်တတ်တဲ့ foreigner တွေတောင်မှ အကျွမ်းတဝင်မရှိရင် နမူနာကြည့်ပြီးဖြည့်ရတာတွေရှိတတ်ပါတယ်။

ဒါကြောင့် From ဘယ်လိုဖြည့်ရမလဲဆိုတာကို တစ်ပုံချင်းစီမှာသေချာရေးပြထားမှာမို့ ထောက်ပြီးတော့ကြည့်ပေးသွားပါနော်။

Immigration မှာ ဒီ form သုံးစောင်လုံးကို freeပေးထားမှာပါ။ 

✅Form 1: Application For Extension Of Temporary Stay In The Kingdom

ဒီFromကိုတော့ TM.7 form လို့ခေါ်ပါတယ်။

Google ကနေ TM.7 form လို့ရိုက်ရှာလိုက်ပြီး Thai Immigration website မှာကြိုတင်ပြီးတော့ Download လုပ်ပြီး Print ထုတ်သွားလို့လည်းရပါတယ်။ 

✅Form 2: ဒီ Form ကိုတော့ STM.2 Form လို့ခေါ်ပါတယ်။ 

Google ကနေ STM.7 form လို့ရိုက်ရှာလိုက်ပြီး Thai Immigration website မှာကြိုတင်ပြီးတော့ Download လုပ်ပြီး Print ထုတ်သွားလို့လည်းရပါတယ်။

✅Form 3: The Acknowledgment of Penalties for a Visa Overstay

 Over Stay နဲ့ပက်သက်တဲ့ ပြစ်ဒါဏ်တွေကိုနားလည်သိရှိပါကြောင်း ဖြည့်ရတဲ့ဟာပါ။

တချို့က Overstay သမားတွေမှဖြည့်ရဆိုပြီးထင်တတ်ပြီး မဖြည့်ဘဲထားတတ်ကြပါတယ်။

သုံးစောင်လုံးကိုသေချာဖြည့်ရမှာပါ။ 

✅ Visa Extensionသွားလုပ်တဲ့အခါ  အဖြူရောင် Background နဲ့ဓာတ်ပုံတစ်ပုံလိုပါတယ်။ ဓာတ်ပုံရိုက်တဲအခါမျက်မှန်မပါရပါ။

✅Passport Bio Page , Visa Page, လေဆိပ်မှာ ထုပေးလိုက်တဲ့ Page တွေကိုမိတ္တူဆွဲလာရပါတယ်။

✅ 14 ရက်နဲ့လာရင်  TM 30လိုပါတယ်။  သံရုံးထောက်ခံစာလိုပါတယ်။ 

✅  Tourist Visa နဲ့လာတဲ့သူတွေကတော့ မလိုပါဘူး။ 

  TM 30 မှာအနည်းဆုံးသက်တမ်းငါးရက်ရှိရပါမယ်။ သက်တမ်းစတိုးတဲ့နေ့ကနေစပြီး ငါးရက်ရှိနေရမှာမို့ အနည်းဆုံးဆယ်ရက်လောက်လုပ်ထားပါ။ 

TM 30 ကိုအိမ်ရှင်ကပေးတဲ့အခါ Checkin Date , Check Out Dateပါလားသေချာစစ်ပါ။

Check Out Date တွေက Visa သက်တမ်းတိုးတဲ့နေ့မှာ Expire ဖြစ်နေပြီလားသေချာစစ်ပါ။

Address တွေပါမလာတာမျိုးတွေ တစ်ပိုင်းတစ်စပဲပါတောမျိုးတွေဖြစ်နေလားသေချာစစ်ပါ။

လေးယောက်စာလောက်တောင်းမယ်ဆို တစ်ယောက်ချင်းစီအတွက်ပဲထုတ်ခိုင်းပါ။

⚠️⚠️⚠️ Adressဖြည့်တဲ့အခါမှာ TM 30ထဲက Adressကိုဖြည့်ပါ။

TM 30ကိုသူများဆီကဝယ်ထားပြီး ကိုယ်နေနဲ့ Adressကြီးဖြည့်လိုက်ရင် ပြသနာအကြီးကြီးတက်ပြီး မလိုလားအပ်တာတွေထိုင်ဖြေရှင်းတော့မှာပါ။

သူများဆီကနေဝယ်မယ်ဆို Bangkok Area ထဲကလားသေချာစစ်ပါ။

နောက်တစ်ခုက သူများဆီကနေဝယ်တဲ့အခါ TM 30 ထဲက Addressမှာ Building Noတွေပါလားသေချာမေးပါ။ Address Noတွေ ကိုသေချာမှတ်ထားပါ။ 

တခါတလေ Officerတွေက Address Noတွေမေးတတ်ပါတယ်။ Building Noရှိလားမေးမှ မဖြေတတ်ရင် အမေးအမြန်းတွေရှည်တတ်ပါတယ်။ ဒါကြောင့် TM 30ထဲက လိပ်စာကိုမှတ်ထားပါ။ 

ဖုန်းနဲ့အရင်ဓာတ်ပုံရိုက်ထားပြီး မေးလာခဲ့လို့ မေ့သွားခဲ့ရင် မေ့သွားတယ်လို့မပြောပါနဲ့။

ထိုင်းအသံထွက်တွေဆိုတော့ သေချာမထွက်တတ်လို့ ဖုန်းထဲမှာမှတ်ထားတာလေးခဏလောက်ကြည့်ပါရစေဆိုပြီးပဲပြောလိုက်ပါ။ 

ပုံမှန်ဘာမှမမေးတတ်ပေမယ့် တစ်ရာမှာတစ်ယောက်လောက်ကိုမေးတတ်ပါတယ်။ 

အဲ့တစ်ယောက်ကကိုယ်ဖြစ်ချင်လည်းဖြစ်နိုင်တာမို့ လိုအပ်မယ့် ဖြစ်လာနိုင်မယ့်ဟာတွေကိုကြိုတင်သတိထားတာပိုအဆင်ပြေပါတယ်။ 

Form 1: Application For Extension Of Temporary Stay In The Kingdom Page 1

အပေါ်ဆုံးကနေစကြည့်ပါမယ်။

✅Written at မှာ Bangkokလို့ရေးပါ။

✅Date , Month, Year Visa သက်တမ်းသွားတိုးတဲ့နေတွေရက်တွေကိုရေးပါ။

✅ (Mr, Mrs, Miss) မှာ ကိုယ်ကယောကျာ်းလား၊မိန်းမလားရွေးပြီးခြစ်ပါ။

✅Family Nameမှာ နာမည်ရဲ့နောက်ဆုံးစာလုံးထည့်ပါ။

✅ First Name မှာ နာမည်ရဲ့ပထမစာလုံးတွေတွေထည့်ပါ။

✅Middle Name မထည့်လည်းရပါတယ်။

✅Age—— Years - Passport ထဲကအသက်အတိုင်းထည့်ပါ။ ဉပမာ 20, 25

✅Date Of birth Passport ထဲက မွေ့နေ့ကိုဖြည့်ပါ။ ဒီမှာတစ်ခုသိတိထားရမှာက သေချာမကြည့်ဘဲ တန်းဖြည့်လိုက်ကြတာပါ။ Date of Birthဆိုရက်ကိုပဲသေချာဖြည့်ပါ။

✅ Moth ဆိုမှာ လတစ်ခုထဲကိုပဲဖြည့်ပါ။

✅Yearဆိုမှာနှစ်ကိုဖြည့်ပါ။

✅ Place of Birth - Passport ထဲမှာပါပါတယ်။

ဘယ်မြို့မှာမွေးတာလဲဆိုပြီး Passport ထဲကမြို့ကိုထည့်ပါ။ ရန်ကုန်မှာမွေးတယ်ဆို Yangon, Mandalay မှာမွေးတယ်ဆို Mandalay

✅ Natilnality - ဘာလူမျိုးလည်းဆိုတော့ Myanmar လူမျိုးမို့ Myanmar လို့ပဲဖြည့်ပါ။

✅Passport or Travel Document မှာ No . မှာ Passport No ကိုထည့်ပါ။

✅Date of issue မှာ Passport ထုတ်ပေးတဲ့နေ့ကိုဖြည့်ရမှာမို့ Passport ထဲမှာ ပါတဲ့ Date of Issue မှာ ဥပမာ - 14 SEP 2022ဆိုရင် အဲ့အတိုင်းပဲ 14 SEP 2024 လို့ဖြည့်ပါ။

ဖြည့်ရမယ့်ပုံစံက Date of Issue- 14 Month SEP Year 2024
ဒါကိုသတိထားပါနော် Date နေရာမှာ Date တစ်ခုတည်းပဲရေးရမှာဖြစ်ပြီး Month မှာလည်း Month တစ်ခုတည်းကိုပဲရေးရမှာပါ။ Year မှာလည်း နှစ်တစ်ခုတည်းကိုပဲရေးရမှာပါ။

✅Type of Visa မှာ Travel လို့ဖြည့်ပါ။

✅ Valid Until Dateဆိုတာမှာ- Passport သက်တမ်းကုန်ဆုံးမယ့်ရက်ကိုဖြည့်ရမှာပါ။ ဥပမာ- Passort ထဲက Date of expireမှာ 13 SEP 2027 လို့ရေးထားရင် Form ထဲက Valid Until Date ဆိုတာမှာအဲ့အတိုင်းရေးပါ။

ဒါကိုသတိထားပါနော် Date နေရာမှာ Date တစ်ခုတည်းပဲရေးရမှာဖြစ်ပြီး Month မှာလည်း Month တစ်ခုတည်းကိုပဲရေးရမှာပါ။ Year မှာလည်း နှစ်တစ်ခုတည်းကိုပဲရေးရမှာပါ။

✅ Arrived By (Type of Transportation မှာ) - Airport လို့ဖြည့်ပါ။

✅ From ကိုသတိထားပါနော်။ တချို့ကတခြားနိုင်ကငံကဝင်လာရင် ဝင်လာတဲ့နိုင်ငံကိုဖြည့်ပါ။ မြန်မာကနေပဲလာတယ်ဆိုရင်တော့ Myanmar လို့ပါရေးပါ။

✅ Port of Arrival မှာ ကိုယ် ဝင်ရောက်လာတဲ့ လေဆိပ်ကိုရေးရမှာပါ။

ဥပမာ - Suvarnabhumi ကဝင်လာရင် Suvarnabhumi , Domuang Airport ကနေဝင်လာရင် Donmuang Airport ကိုရေးပါ။ Chaing Maiကနေဝင်လာရင် Chaing Maiလို့ရေးပါ။

✅Date Month Year ကတော့ ထိုင်းနိုင်ငံကိုစတင်ဝင်ရောက်လာတဲ့ နေ့ ရက် ၊ လ၊ နှစ်တို့ကိုရေးရမှာပါ။

TM6 Noဆိုတာမှာရေးစရာမလိုပါဘူး။

✅ I here by apply for extension period of temporary stay in the Kingdom for …… days မှာ 30လို့ဖြည့်ပါ။ ရက်သုံးဆယ်သက်တမ်းတိုးမှာမို့ပါ။

✅ Reason for Extensionမှာ - I need to stay in Thailand for 30 days လို့ရေးပါ။ ဒါဆိုရင်တော့ တစ်မျက်နှာပြီးပါပြီး။

အောက်ဆုံးက Signature or right thump print မှာ လက်မှတ်ထိုးပါ။
Form 1: Application For Extension Of Temporary Stay In The Kingdom Page 2

✅ Adress in Thailand -

ဒီမှာသတိထားရမှာက Condo နာမည်ရှိရင် Condo Name ကရေးပါ။ ဥပမာ Life@Sukhumvit

အိမ်နာမည်ရှိရင် အိမ်နာမည်ကနေရေးပါ။

ပြီးရင် အပြည့်အစုံရေးရပါမယ်နော်။ ဥပမာ 12345, Bangna Road, Bang Na Tai, Bang Na, Bangkok.

✅ The application is written by မှာ ကိုယ့်နာမည်ကိုရေးပါ။

ဥပမာ

✅ Address No. 12345, ✅ Road - Bangna ✅Tambol/Khwaeng(Subdistrict) Bangna Tai

✅ Amphoe/ Khet District Bangna ✅ Chant ( Province)Bangkok

⚠️⚠️⚠️ Adressဖြည့်တဲ့အခါမှာ TM 30ထဲက Adressကိုဖြည့်ပါ။

TM 30ကိုသူများဆီကဝယ်ထားပြီး ကိုယ်နေနဲ့ Adressကြီးဖြည့်လိုက်
ရင် ပြသနာအကြီးကြီးတက်ပြီး မလိုလားအပ်တာတွေထိုင်ဖြေရှင်းတော့မှာပါ။

Photograph ဆိုတဲ့အကွက်မှာဓာတ်ပုံကပ်ပါ။ အဖြူရောင် backgroundဖြစ်ရပါမယ်။

Signature မှာလက်မှတ်ထိုးပါ။

အောက်ဆုံးထောင့်နားမှာ တစ်ချက်ထိုးပါ။ ပြီးတော့ ထိုင်းဖုန်းနံပါတ်ကိုလွှတ်တဲ့နားမှာ ရေးပါ။

ဒါဆိုရင်တော့ Application For Extension Of Temporary Stay In The Kingdomဆိုတဲ့ ပထမတစ်ရွက်ပြီးသွားပါပြီ။
ကဲဒုတိယအရွက်ဖြစ်တဲ့ STM 2 Formကိုဖြည့်ကြမယ်နော်

Date မှာ Visaသက်တမ်းလာတိုးတဲ့ရက် ကိုဖြည့်ပါ။

✅ I,(Mr/ Mrs/Miss) (Name)မှာ နာမည်အပြည့်အစုံကိုဖြည့်ပါ။

✅ Age မှာPassport ထဲကအသက်အတိုင်းဖြည့်ပါ။

✅ of——— nationality မှာ Myanmar လို့ဖြည့်ပါ။

✅ Reason of မှာ I need to stay to in Thailand for 30 days လို့ဖြည့်ပါ။

Respectfully yours, မှာ လက်မှတ်တစ်ချက်ထိုးပါ။

ဘေးထောင့်မှာ လက်မှတ်တစ်ချက်ထပ်ထိုးပါ။

တတိယအရွက်ဖြစ်တဲ့ Overstay Formကိုဖြည့်ပါတော့မယ်။
တတိယအရွက်ဖြစ်တဲ့ Overstay Formကိုဖြည့်ပါတော့မယ်။

✅Location မှာ Bangkok လို့ဖြည့်ပါ။

✅Date Month Year မှာလက်ရှိ Visa သက်တမ်းလာတိုးတဲ့ရက်ကိုဖြည့်ပါ။

✅ I ( Mr, Mrs, Miss) မှာ Last Name မှာ နာမည်ရဲ့နောက်ဆုံးစာလုံးကိုဖြည့်ပါ။

✅ First Name မှာ ရှေ့ကစာလုံးတွေကိုဖြည့်ပါ။

✅Middle Name ကိုဖြည့်စရာမလိုပါ။

✅ Age မှာ Passport ထဲကအသက်ကိုဖြည့်ပါ။

✅ Nationality မှာ Myanmar ကိုဖြည့်ပါ။

✅ Passport No မှာ Passport စာအုပ်ထဲက No ကိုမှန်အောင်ဖြည့်ပါ။

Signature မှာလက်မှတ်ထိုးပါ။









Comments

Popular posts from this blog

မြန်မာလိုင်စင်ကနေထိုင်းလိုင်စင်တစ်ရက်ထဲအပြီးပြောင်းပုံအဆင့်ဆင့်ကိုပြန်လည်မျှဝေပေးပါတယ်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!