Visa သက်တမ်းသွားတိုးတဲ့အခါ လိုအပ်တဲ့ TM30 ကို ကိုယ်နေတဲ့ Condo, Apartment , Hotelတို့ကနေတောင်းတဲ့အခါ ဘာတွေစစ်ဆေးသင့်သလဲ?

TM 30တနည်းအားဖြင့်နားလည်အောင်ပြောရရင်တော့ ဧည့်စာရင်းတိုင်တဲ့သဘောမျိုးပါ။  

ဒီနေရာမှာတည်းခိုနေထိုင်မယ့်သူက ဘယ်နေ့က ဘယ်နေ့ထိ ဒီလိပ်စာနဲ့ နေထိုင်နေပါမယ်ဆိုပြီး ဧည့်စာရင်းလုပ်ပေးတဲ့သဘောပါပဲ။  

ဘယ်သူတွေကလုပ်ပေးရတာလဲ?  

ကိုယ်တည်းခိုတဲ့နေရာက အိမ်ရှင်တွေ အခန်းရှင်တွေကနေလုပ်ပေးရတာမျိုးပါ။ 

TM 30 လုပ်မယ်ဆိုဘာတွေလိုအပ်တာလဲဆိုတော့    အိမ်ပိုင်ရှင်/ အခန်းပိုင်ရှင်ရဲ့ ID/Passport လိုအပ်ပါတယ်။  

ဒါကြောင့် ငှားနေတဲ့ အခန်းရှင် အိမ်ရှင်တွေကလုပ်ပေးရမှာပါ။ 

အခန်းငှား အိမ်ငှားတဲ့အခါ TM 30 Serviceပေးလားဆိုတာသေချာမေးသင့်ပါတယ်။  အခန်းရှင် အိမ်ရှင်တွေက TM 30လုပ်ပေးတဲ့အတွက် ပိုက်ဆံပေးရမှာမဟုတ်ပါဘူး။ 

 ဒါပေမယ့် TM 30ရလာတာနဲ့ ဘာတွေကိုသေချာစစ်သင့်လဲ?  

 ✅ Passport No တွေတူလားစစ်ပါ။ 

✅Passport ထဲကနာမည်နဲ့တူလားစစ်ပါ။ 

✅TM 30ထဲမှာ လိပ်စာအပြည့်အစုံပါလား စစ်ပါ။ တစ်ဝက်တပြတ်ပါတာ မမြင်ရတာတွေဆို  Immigartion ကလက်ခံမှာမဟုတ်လို့ပါ။  

✅Checkin Date ပါပြီး Check Out date ပါလာလားသေချာစစ်ပါ။  Checkin Date ထည့်ပေးပြီး Check Out date မပါလာရင်လည်း လက်ခံမှာမဟုတ်လို့ပါ။   ဒါကြောင့်  TM30 တောင်းတဲ့အခါ လူသုံးလေးယောက်စာကိုတခါတည်းတောင်းတဲ့အခါ လိပ်စာတွေအပြည့်အစုံပါလာလားသေချာစစ်ပါ။   

ဖြစ်နိုင်ရင် တစ်ယောက်ချင်းစီအတွက်ပဲတောင်းပါ။  

 TM30 ရလာတာဆိုတိုင်း ဒီတိုင်းမယူလာသင့်ပါဘူး ။ 

အပေါ်ကအချက်အလက်တွေမစုံရင်ပြန်ပြင်ခိုင်းပါ။   

ကိုယ်နေတဲ့ အိမ်တွေက TM30 Serviceမပေးခဲ့ရင် ဘယ်လိုလုပ်ရမလဲ?   

TM 30 Serviceပေးတဲ့သူနဲ့အပ်ပါ။   

တစ်ခုသတိထားရမှာကတော့ TM 30 Serviceပေးတဲ့သူဆီက TM 30 နဲ့ Visa သက်တမ်းတိုးပြီးတော့  From ဖြည့်တဲ့အခါ လိပ်စာကို ကိုယ့်အိမ်လိပ်စာဖြည့်တာမျိုးတွေမလုပ်

သင့်ပါဘူး။   

TM 30 Serviceယူထားရင် Serviceယူထားတဲ့ လိပ်စာထဲကအတိုင်းပဲ Fromမှာဖြည့်ရမှာပါ။

 TM30 ထဲက လိပ်စာနဲ့ Formမှာဖြည့်ထားတဲ့ လိပ်စာနဲ့အတူရင် အမေးခံရနိုင်ပြီး မလိုလားအပ်တဲ့ ပြသနာတွေဖြစ်လာနိုင်တာမို့ သတိထားစေချင်ပါတယ်။  

Comments

Popular posts from this blog

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

Laos မှာ TR Visa အကြောင်း ပြောပြပေးချင်ပါတယ်။

တာချီလိတ်ကနေ ထိုင်းနိုင်ငံအတွင်း တရားဝင် ဘယ်လို လည်ပတ်ကြမလဲ၊ ဘာတွေ လုပ်ဖို့ လိုမလဲ