14 daysနဲ့လာပီး E extension တိုးတာ online appointment မရတဲ့သူတွေ It square laksi မှာ walk in တိုးတာ1month ရပါတယ်ခဗျ
1 . ပထမဦးဆုံးအနေနဲ့ It square laksi ရောက်ပြီဆိုတာနဲ့ 3rd floor ကိုတက်သွားပါ
Immigration Division 1 ကိုလိုက်ရှာပါ
ရှာလို့တွေ့တာနဲ့ ပုံထဲကအတိုင်း form ဖြည့်ရမယ့်စာရွက်လေးစတွေ့ပါမယ်
အဲ့သုံးရွက်ကိုယူပြီး စတင်ဖြည့်လို့ရပါပြီ
2 . မဖြည့်တတ်မှာမပူပါနဲ့ ပုံထဲမှာမြင်တဲ့အတိုင်း ဖြည့်ရမယ့်ပုံစံလေးတွေကို နံရံမှာကပ်ထားပေးပါတယ်
မြန်မာတွေလည်းအများကြီးရှိပါတယ် မသိရင်မေးလို့ရပါတယ်
Don’t worry about that
3. ဒါကတော့ ကိုယ့်ဘက်ကနေယူသွားရမယ့် documents တွေပါ
⚠️အရေးကြီးပါတယ် ဒါတွေပါအောင်ယူသွားပါ⚠️
Overstay မဟုတ်ရင် overstay နဲ့မဆိုင်တဲ့အချက်တွေယူစရာမလိုပါ
Overstay တွေရစ်ပါတယ်ခဗျာ
တတ်နိုင်ရင်overstay မနေကြပါနဲ့
သံရုံးထောက်ခံစာလိုပါတယ်
TM30လိုပါတယ်
4. ဒါကတော့ ကိုယ့်ဖြည့်ထားတဲ့ documents တွေကိုမှန်လားမှားလား ပြန်လည်စစ်စေးပေးတာပါ
ခဏစောင့်ရပါတယ်
5. ဒီလိုလေး step by step ပြထားပေးပါတယ်
6. ကိုယ့် documents တွေကို အမှန်အမှားစစ်ဆေးပြီးတာနဲ့ သူတို့က Q စာရွက်အစိမ်းလေးပေးမှာပါ
ကိုယ့်နံပါတ်ခေါ်တဲ့အထိစောင့်ပေးပါ
ကိုယ့်အလှည့်ရောက်တာနဲ့ immigration division 1 ထဲဝင်လို့ရပါပြီ
Immigration ဝင်ပြီးပြီဆိုရင်ရင် ကိုယ့် passport ကို immigration က ခဏယူထားပါတယ်ပြန်ထွက်လာခဲ့ပါ
ကိုယ့်နံပါတ်မခေါ်မချင်းပြန်စောင့်နေပါ (ခုံတွေရှိပါတယ်)
ကိုယ့်အလှည့်ရောက်ပြီဆိုရင် return passport Qနံပါတ်ဘယ်လောက်ဆိုပြီး ဝန်ထမ်းလေးတွေအော်ပေးပါတယ်
ဒါပါပဲခဗျာ The end
Comments
Post a Comment