Tourist Visa 60 daysပြည့်လို့ နောက်တစ်လသက်တမ်းတိုးတဲ့အခါ Evisa Extension တိုးရမှာလား
သူတို့ဖာသာ နားမလည်ဘဲ Evisa Extension တွေ Agentတွေနဲ့တိုးထားတာတွေ
Tourist Visaယူပြီးလာရင် 60 daysပြည့်တဲ့အခါ နောက်တစ်လတိုးရမှာက Evisa Extension မဟုတ်ပါဘူး။
ရိုးရိုး Visa Extension ကို Government Complex က Counter Jမှာ Walkinတိုးလို့ရမှာပါ။
Tourist Visaလျှောက်ပြီးလာရင် official တစ်လထပ်တိုးလို့ရတာမို့ စုစုပေါင်း ရက်ကိုးဆယ်ရပါတယ်။
Evisa Extension ဆိုတာက 14 daysနဲ့လာရင် တစ်လထပ်တိုးရတာပါ။
ငါးကြိမ် or လေးကြိမ်လောက်ထိတိုးလို့ရပါတယ်။
Tourist Visaနဲ့လာတဲ့သူတွေဆိုရင် 90 daysပြည့်သွားရင် Evisa Extension ထပ်လုပ်လို့ရပါသေးတယ်။
ဒီမှာတစ်ချို့ကလည်း နားမလည်ပြန်ပါဘူး Tourist Visa နဲ့လာတာလားဆို Arrival 14 daysနဲ့ကိုလည်း ဟုတ်တယ် ဆိုပြီးပြောကြပြန်ပါတယ်။
visaသက်တမ်းတိုးပေးတယ်ဆိုရင် Agentလုပ်နေတာပဲဖြစ်ဖြစ် ကိုယ့်ဖာသာသက်တမ်းဆိုးမှာပဲဖြစ်ဖြစ် ဘာVisaနဲ့လာတာလည်း အရင်စစ်ပြီးမှ သက်တမ်းတိုးပါ။
14 daysနဲ့ လာမယ်ဆိုရင်တော့ သက်တမ်းတစ်လတိုးလို့ရတဲ့နေရာက နှစ်ခုရှိပါတယ်။
Evisa Extension ကို website ကနေလျှောက်ပြီး appointment ယူပြီး Government Complexမှာသက်တမ်းတိုးတာနဲ့ IT Squareမှာ Walkinတိုးတာပါ။
Tourist Visa 60 days နဲ့လာတဲ့သူတွေ သက်တမ်းတစ်လတိုးမယ်ဆို GC က Counter Jမှာတိုးရမှာပါ
နားမလည်ဘဲ Evisa Extension ကြီးသွားတိုးမိထားရင်ဘာဖြစ်နိုင်တာလဲ?
ကျောင်းအပ်မယ့်သူတွေပြသနာဖြစ်နိုင်လို့ပါ။
ကျောင်းဆို North Chaing Mai University မှာ ကျောင်းအပ်မယ်ဆို အနည်းဆုံး45ရက်ကျန်မှအပ်လို့ရသလို
ရက်သုံးဆယ်ကျန်ရင်လည်းအပ်လို့ရပါတယ်။
ကျန်တဲ့ရက်သုံးဆယ်ဟာ Tourist Visaနဲ့လာတဲ့သူဆို ရိုးရိုးExtension တစ်ပြီးလို့ Evisa Extension လိုမျိုး တစ်လထပ်တိုးထားတာနဲ့ဆို လက်ခံပေးပါသေးတယ်။
Evisa Extensionကိုနှစ်ခါတိုးထားတဲ့သူဆိုလက်မခံတော့ပါဘူး။
ဒါကြောင့်နားမလည်ဘဲ Tourist visa Extension တိုးရမှာကို Evisa ကြီးတစ်လတိုးထားပြီး ကျောင်းအပ်ချင်တော့ နောက်တစ်လထပ်တိုးဖို့လိုတဲ့အခါ ကျောင်းဘက်က Evisaနှစ်ခါတိုးတာဆိုမျိုးဖြစ်မှာမို့ လက်မခံတော့တဲ့အခါ Laosဘက်ထွက်လိုက်ရတာတွေရှိပါတယ်။
ဒါကြောင့် ကိုယ့်ဖာသာ ဘာVisaနဲ့လာတာလဲ ကွဲအောင် သိအောင်လုပ်ထားပါ။
Arrival 14 daysနဲ့လာတာလား သံရုံးမှာ Visaလျှောက်ပြီး 60 daysနဲ့လာတာလား။
60 daysနဲ့ဆို Government Complex က Counter Jမှာ Walkinတစ်လထပ်တိုးရမှာပါ။
IT Squareကိုသွားရမှာမဟုတ်သလို Evisa Extension လုပ်ရမှာလည်းမဟုတ်ပါဘူး။
60 daysကို တစ်လထပ်တိုးပြီး 90 daysနေပြီးပြီလို့ နောက်တစ်လထပိတိုးချင်မှ Evisa Extension နဲ့ IT Squareက Waliknတိုးတဲ့ဆီမှာ တစ်လထပ်တိုးလို့ရပါတယ်။
Comments
Post a Comment