ဘတ်ရိုက်ရင် ကြုံရမဲ့ အဆင့်တွေကဘာတွေလဲ ? ကြာချိန်ကရော ဘယ်လောက်ကြာနိုင်မလဲ ?
နံပါတ် ၁. Name List
ပထမဆုံးအနေနဲ့ ထိုင်းအစိုးရဘက်ကနေပြီး
ဘတ်ဖွင့်ပြီ ဘတ်စလက်ခံပြီလို့ကြေညာတာနဲ့ အရင်ဆုံးလုပ်ရတဲ့အဆင့်က Name list တင်တာပါ ။
Name List တင်ပြီး ၁-၂ ရက် သို့မဟုတ် အလွန်ဆုံး ၁ပတ်အကြာမှာ Name list ကျပါမယ် ။
🔴 Name listနဲ့ပတ်သက်ပြီး သတိထားသင့်တာကတော့ မိမိအပ်တဲ့ပွဲစားက ဘယ်သူဌေးငှါးနဲ့လုပ်တာလဲဆိုတာသိဖို့လိုပါမယ် ။
ဘန်ကောက်သူဌေးနဲ့ပဲလုပ်ထားတာဆိုရင် Name List ဟာ ဘန်ကောက်သူဌေးနဲ့ပဲကျပါတယ် ။ Name list ရဲ့သဘောတရားက သူတစ်ခုတည်းရှိရုံနဲ့ နေရာစုံလျှောက်သွားလို့မရပါဘူး ။ ဘန်ကောက်သူဌေးငှါးနဲ့တင်ထားရင် ဘန်ကောက်တွင်းမှာပဲ တရားဝင်သွားလာလို့ရပါမယ် ။ တခြားနယ်တွေမှာဆိုရင် အသွားလာဂရုစိုက်ရပါမယ် ။
နံပါတ် ၂. သွေးစစ် လက်ဗွေနှိပ်
Name listကျပြီးရင် work permit စတင်လိုက်တာနဲ့ ၂-၃ လအတွင်းမှာ ဆေးစစ်တာနဲ့ လက်ဗွေနှိပ်ရတဲ့အဆင့်လာပါတယ် ။
ဆေးစစ်တာကိုတော့ ကိုယ်တိုင်သွားစစ်လည်းရသလို သွေးစစ်ကဒ် ကျန်းမာရေးအာမခံကဒ် ဝယ်လိုက်လို့လည်းရပါတယ် ။
လက်ဗွေကတော့ကိုယ်တိုင်သွားရမှာပါ ။
ဘတ်လုပ်ငန်းစဉ်တစ်ခုလုံးမှာ အနည်းဆုံးအဲ့တခေါက်တော့ မဖြစ်မနေ လူလိုက်သွားရမှာပါ ဖြစ်ပါတယ် ။
နံပါတ် ၃။ Work permit စာရွက်
သွေးစစ် လက်ဗွေနှိပ် လုပ်ငန်းစဉ်လုပ်ပြီးရင်တော့ မကြာခင်မှာပဲ ဘိုင်အနုမတ်လို့ခေါ်တဲ့ work permit စာရွက်ရပါမယ် ။
ဒီအပေါ် သုံးဆင့်အထိဟာ ပက်စ်ပို့ ရှိသူ/မရှိသူ အားလုံးအတူတူပါပဲ ။ မည်သူမဆိုအပေါ်သုံးဆင့်ကိုကျော်ဖြတ်ရပါမယ် ။
ဒီအပေါ်သုံးဆင့်ပြီးပြီဆိုရင်တော့
🔴 ပက်စ်ပို့ရှိသူတွေက ပက်စ်ပို့ထဲကို Non LAဗီဇာတုံးထုရပါတယ် ။
ဒီလုပ်ငန်းစဉ်အထိ ပြီးမြောက်ဖို့ကြာချိန်ဟာ ပုံမှန် အားဖြင့် ၇လပိုင်းဘတ်ဖွင့်ရင် နောက်နှစ်၁လပိုင်း၂ပိုင်းလောက်မှာ မှ အဲ့လုပ်ငန်းစဉ် ပြီးတာမျိုး ဖြစ်တတ်ပါတယ် ။
ဒါပေမယ့် name listကျရုံနဲ့တင် အလုပ်ခန့်တဲ့လူတွေလည်းရှိပါတယ် ။ တချို့ကတော့ Work permit စာရွက်ရှိရုံနဲ့ခန့်ပါတယ် ။
ဒါကတော့ ပက်စ်ပို့ရှိသူတွေအတွက်ပါ
🔴ပက်စ်ပို့မရှိသူတွေကတော့
Ci စာအုပ်လုပ်ရပါမယ် ။ Ci ဆိုတာကတော့ ထိုင်း-မြန်မာနှစ်နိုင်ငံသာအသိမှတ်ပြုတဲ့ ပက်စ်ပို့အစားထိုး စာအုပ်တစ်မျိုးပါ ။ ပက်စ်ပို့မရှိတဲ့လူတွေအနေနဲ့ work permit စာရွက်ကျပြီးရင် Ci လုပ်ရပါမယ် ပြီးရင်တော့ ဗီဇာကို အဲ့စာအုပ်မှာတွဲထုရမှာပါ ။
🔴 ဒါတွေအားလုံးပြီးရင် တော့ Pink card ထုတ်ဖို့ကျန်ပါမယ်။
Pink cardကိုတော့ ထိုင်းအစိုးရထုတ်ပေးတဲ့ပေါ်မူတည်တာမလို့ အချိန်ခန့်မှန်းလို့မရနိုင်ပါဘူး ။
workpermit + non la visa အကုန်စုံပြီးတာတောင် pink card ကို သူတို့မထုတ်ပေးသေးရင် သူတို့ထုတ်ပေးတဲ့အချိန်ကိုစောင့်ရတတ်ပါတယ်(pink card ကဘဏ်အကောင့်ဖွင့်ရင် လိုပါတယ် ) ဒါကတော့ ပက်စ်ပို့ရှိတဲ့လူရော မရှိတဲ့လူရော အတူတူပါပဲ ။
ဒါကတော့ ဘတ်ရိုက်ခြင်း လုပ်ငန်းစဉ်အစအဆုံးပါပဲ ။ ဒီ ၅ဆင့်လို့ ခွဲမှတ်ထားရင် ဘတ်အကြောင်းကို ရှင်းသွားပါလိမ့်မယ် ။
ကုန်ကျငွေကတော့ ၉၀၀၀-၁၃၀၀၀ ကြားသာ ရှိသင့်ပါတယ် ။
🔴 ငွေအလုံးအခဲလိုက် ကြိုတင်ကောက်ခံတဲ့ပွဲစားဆိုရင် အထူးသတိထားကြပါ ။
အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ ။
Comments
Post a Comment