ဘတ်ရိုက်ပြီးနေရမလား ED Visa နဲ့နေရမလား


သူများမမေးခင် ကိုယ့်ဖာသာပဲအရင်မေးပါလို့ပြောပါရစေ...

ထိုင်းနိုင်ငံကိုအကြောင်းအမျိုးမျိုးကြောင့်ရောက်လာတဲ့အခါ ဘယ်နှစ်နှစ်နေဖို့စီစဉ်စားလဲ?

ရေရှည်နေဖို့ စိတ်ကူးထားတာလား?

ဒါမှမဟုတ် ခဏပဲနေမှာလား?

ဒီမှာနေပြီးတစ်ခုခုလုပ်ဖို့ကောရှိသေးလား?

ကျောင်းဆက်တက်ဖို့ ရှိလား? အလုပ်ရှာဖို့လား? ဘယ်အလုပ်ကိုရှာမှာလဲ?

ဘာလို့ပြန်မေးခိုင်းနေတာလဲ? မသိလို့မေးတာလေ နားမလည်လို့မေးတာလေလို့ ပြောချင်ပြောပါလိမ့်မယ်

ဒါပေမယ့် ကိုယ့်ဖာသာကွဲကွဲပြားပြားသိမှသာလျှင် ဘာVisaနဲ့ ဆက်နေရမလဲဆိုတာကို decisionကောင်းကောင်းချနိုင်မှာမို့ပါ။

Visaကိစ္စဆိုတာတွေက တစ်နှစ်ကုန်တာနဲ့ နောက်တစ်နှစ်အတွက်ခေါင်းစားရတာတော့အမှန်ပါပဲ။

ဘာVisa နဲ့ဆက်နေရမလဲတို့  ဘာဆက်လုပ်ရမလဲမသိတော့ဘူးဆိုတဲ့ လူတွေလည်း တပုံတပင်ပါပဲ။

ပထမဆုံးပြောချင်တာကတော့ Visa Processတွေကိုနားလည်ထားဖို့လိုပါတယ်။

တချို့က ED Non-EDဆိုတာတောင် ဘာမှန်းမသိတာတွေ။

ED ဆိုတာက အပြင်ကျောင်းကပေးတာတို့ Non-ED  ဆိုတာက Universtiyကပေးတာတို့ ပေါက်ကတွေလျှောက်ပြောနေတဲ့လူတွေကလည်း တပုံတပင်ပါပဲ။

ED ဆိုတာကအတိုကောက်အဖျားဆွတ်ခေါ်လိုက်တာမျိုးပါ။ 

ထိုင်းနိုင်ငံသားမဟုတ်တဲ့လူတွေအကုန်က Non Immigrant Visaအောက် Visa Typeတွေအောက်မှာပဲနေရတာပါ။

ဒါကြောင့် Non-B, Non-LA, Non-ED ဆိုပြီးခေါ်ကြတာကို အဖျားဆွတ်ပြီး ED လို့ခေါ်လိုက်တာပါပဲ။

ကြုံတုန်းတခါတည်းပြောလိုက်ချင်တာကတော့ ပေါက်ကရတွေဘယ်ကနေကြားပြီး လာလာမေးကြတာတွေလဲတော့မသိပါဘူး။

ED visaရပြီးရင်   Work Permit ရပြီလားတို့ပါ။

ED visa ဆိုတာက တရားဝင် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့ Visa Type အမျိုးအစားပါ။

ဒါကြောင့် ED Visa ရပြီးရင် Work permit ရမယ်ဆိုတာမျိုးတွေက ၈ျင်းကိုအတောင့်လိုက်ထည့်တာမျိုးတွေဖြစ်နိုင်ပါတယ်။

ကဲ ထားပါတော့လေ.. လိုရင်းကိုမရောက်တော့လို့ပါ။

ပြောရမယ်ဆိုရင်တော့ ဘယ်Visaပဲ ယူယူ Non-ED ရယ် Non-LA(ဘတ်ရိုက်တာ) နှစ်ခုလုံးကတော့ Long Term visaအမျိုးအစားတွေပါပဲ။

ဒီမှာကွာခြားတာတစ်ခုကတော့ ဘတ်ရိုက်တာကဈေးသက်သာပြီး ရေရှည်နေမယ့်သူတွေအတွက်အရမ်းအဆင်ပြေတဲ့Visaပါ။ 

နောက်နှစ်တွေအတွက်  Visa ကိစ္စကိုခေါင်းထဲထည့်ထားစရာမလိုတော့အောင်ကို အေးအေးဆေးဆေးနေထိုင်လို့ရမှာပါ။

တစ်နှစ်ကုန်သွားရင် သက်တိုးသွားပြီးဆက်နေသွားရုံပါပဲ။

 ED visaမှာကျတော့ ဒီလိုနေလို့မရပါဘူး။

တက်တဲ့ကျောင်းတွေပေါ်မှာမူတည်သလို အခုနောက်ပိုင်း ကျောင်းအပ်လာကြတာများလာတော့ Immigrationတွေကလည်း ကြပ်ချင်လာကြပါတယ်။

ED visa မှာ Private Language Schoolတွေကပေးတဲ့ Visa နဲ့ University တွေကပေးတဲ့ Visaဆိုပြီးတော့နှစ်မျိုးရှိပါတယ်။

Private Language Schoolတွေကပေးတဲ့  Visaကတော့ တစ်နှစ်ထိ တက်လို့ရပြီး University ကတော့နှစ်နှစ်ထိနိုင်ငံအပြင်မထွက်ဘဲ သက်တမ်းတို့လို့ရတာတွေလည်းရှိပါတယ်။

ဒါပေမယ့် Policyတွေအမြဲပြောင်းနေတာမို့ ဘာဟာမှပုံသေတွက်ထားလို့မရပါဘူး။

Long Termနေမယ့်ဆိုရင်တော့  ED visaကUniversity ဆိုရင်တော့ ငါးနှစ်လောက်ထိသက်တမ်းတိုးပြီးနေလို့ရပေမယ့် Immigration Policyအပြောင်းအလှဲတွေရှိတယ်ဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။

အကောင်းဆုံးကတော့ တစ်နှစ်လောက်ထိ ကောင်းကောင်းနေမယ်ဆိုရင်တော့  ED visaကအဆင်ပြေပါတယ်။

Master ဆက်တတက်မယ့်လူတွေ White Collar Jobရှာမယ့်သူတွေ ED Visaယူတာပိုအဆင်ပြေပါတယ်။

ED visaရဲ့အားသာချက်ကတော့ Visaသက်တမ်း45ရက်ရှိနေရုံနဲ့ အချိန်မရွေးကျောင်းလျှောက်လို့ရနိုင်တာပါ။ 

ဒါဆိုဘတ်ရိုက်ထားရင်တော့ University ဆက်တက်မယ့်လူတွေ Non B visaပြောင်းမယ့်သူတွေအတွက် အဆင်မပြေနိုင်ဘူးလားလို့ မေးလာစရာရှိပါတယ်။

ဒီမှာပြောချင်တာက Visa Processတွေကိုနားလည်အောင်လုပ်ပါဆိုတာ အလကားပြောတာမဟုတ်ပါဘူး။

Visa Type တစ်ခုကနေ နောက်Visa Type တစ်ခုကိုပြောင်းမယ်ဆိုရင် ပထမရှိပြီးသားVisaကို Cancelလုပ်ရပါတယ်။

ဘတ်ရိုက်သူတွေမှာ နှစ်မျိုးနှစ်စားရှိပါတယ်။

တချို့က တကယ့်သူဌေးအစစ်ကနေတာဝန်ယူပြီး သူဌေးနာမည်ပေးထားပြီး လုပ်ပေးတာရယ်။

တချို့ကတော့ ဘတ်ရိုက်မယ် နေထိုင်ခွင့်ရရင်ရပြီ သူဌေးအငှားနဲ့ လုပ်တာရယ်နှစ်မျိုးရှိပါတယ်။ 

များသောဖြင့် တချို့က ကိုယ့်သူဌေးကဘယ်သူမှန်းတောင်သိကြတာမဟုတ်ပါဘူး။

သူဌေးနာမည်မသိသလို ဘာအလုပ်ထဲထည့်ထားမှန်းတောင်သိကြာမဟုတ်ပါဘူး။

ဟုတ်ပါပြီအဲ့တော့ University တစ်ခုခုက Joinတော့မယ်ဆိုရင် Visa Cancelရတော့မယ့်အခြေအနေရောက်လာပါပြီ။

သူဌေးကနေ Visa Cancelation Letter ထုတ်ပေးရတော့မှာ။ အဲ့ဒီမှာ ကိုယ်လုပ်ထားတဲ့ သူဌေးကဒါကိုလုပ်ပေးနိုင်ရင်တော့ ပြသနာမရှိပေမယ့် မထုတ်ပေးနိုင်တဲ့သူဆိုရင်တော့ တိုင်ပတ်ပါပြီ။

ဒါကြောင့် ဘတ်ရိုက်မယ်ဆိုရင် ကိုယ့်သူဌေးက Visa Cancelation Letter ထုတ်ပေးနိုင်တဲ့သူမှ နောက် Non Bတို့ Non ED တို့ပြောင်းတဲ့အခါ အဆင်ပြေမှာပါ။

ဒါကြောင့် တစ်နှစ်လောက်ပဲနေပြီး University တစ်ခုခုကိုJoinမယ် ဒါမှမဟုတ်  White Collar Jobကိုလုပ်မယ်ဆိုရင်တော့ Non ED visaနဲ့ပဲနေသင့်ပါတယ်။

ဒါပေမယ့် ကျောင်းတွေလည်းမတက်ဘူးဆိုရင်တော့ ရေရှည်နေဖို့ စိတ်ကူးမယ်ဆိုရင်တော့ ဘတ်ရိုက်သင့်ပါတယ်။

ဘာလို့လဲ?

ပထမတစ်ကြိမ်ပဲ အာရုံနောက် အလုပ်ရှုပ်ရမှာဖြစ်ပြီး နောက်နှစ်တွေဆို Visa ကိစ္စအတွက်ခေါင်းထဲထည့်ထားစရာမလိုအောင်ကို အေးအေးဆေးဆေးနေရတော့မှာပါ။

ဒါပေမယ့် ချွင်းချက်အနေနဲ့က ဘတ်ရိုက်တာက ထိုင်းအစိုးရတရားဝင်ဖွင့်မှပဲ ရိုက်လို့ရတာမို့  ဒီကြားထဲ Visaသက်တမ်းကုန်သွားရင် Overstayနဲ့နေပြီး မျှော်တလင့်လင့်စောင့်နေရနိုင်ပါတယ်။

ပထမတစ်နှစ်မှာတော့ နာမည်စာရင်းတွေပေးရမယ်။ လက်ဗွေနှိပ်ရမယ်။ ပြီးရင် Visa ကိုစာအုပ်ထဲထည့်မယ်။

ဒါလောက်ပဲလုပ်ရမှာပါ။

Passpor စာအုပ်ထဲမှာ ဘာLong Term Visa တစ်ခုမှမရှိနေလေ Non LA via ကိုပြောင်းဖို့ပိုလွယ်လေပါပဲ။

ဘတ်ရိုက်တဲ့ Process ကတော့ ရိုးရှင်းပါတယ်။

အရင်ဆုံး စိတ်ချရတဲ့ ပွဲစားတွေမှာ နာမည်စာရင်းပေးထားလိုက်ပါ။

နာမည်စာရင်တွေ ကျလာပြီဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ လက်ဗွေနှိပ်ရမှာပါ။

လက်ဗွေနှိပ်လိုက်ပြီဆိုတာနဲ့  လေဆိပ်မှာဝင်လာခဲ့တဲ့ လက်ဗွေတွေဟာ ပျက်ပျယ်သွားမှာဖြစ်ပြီးတော့ ဘတ်ရိုက်တဲ့ လက်ဗွေပဲကျန်ရှိတော့မှာပါ။

လက်ဗွေနှိပ်လိုက်ပြီဆိုတာနဲ့ ထိုင်းနိုင်ငံထဲမှာ တရားဝင်နေထိုင်တဲ့လူဖြစ်သွားပါပြီ။

ဒါပေမယ့် ဒီ Processကမပြီးသေးပါဘူး။

လက်ဗွေနှိပ်ပြီးရင်တော့ လက်ဗွေနှိပ်ထားတဲ့ Visaကို စာအုပ်ထဲကိုထည့်မှ လုံးဝတရားဝင်ဖြစ်သွားမှာ။

ဒီလိုတရားဝင်ဖြစ်ဖို့အတွက်ဆို စာအုပ်တစ်ခုလိုပါတယ်။

Passport စာအုပ်ရှိပြီးသားလူဆိုရင်တော့ Passport ထဲကိုပြောင်းထည့်လိုက်ရုံပါပဲ။

အထောက်အထားမရှိတဲ့လူတွေရှိတော့ ထိုင်းနိုင်ငံထဲမှာ တရားဝင်နေထိုင်လို့ရအောင်လို့ CI လို့ခေါ်တဲ့ အစိမ်းရောင်စာအုပ်လေးလုပ်ရပါတယ်။

ဒီစာအုပ်လေးရလာမှ စာအုပ်ထဲကို လက်ဗွေနှိပ်ထားတဲ့ Visaကိုထည့်ရပါတယ်။

နောက်တဆင့်အနေနဲ့ ပန်းရောင်ကဒ်လုပ်တာပါ။ 

ပန်းရောင်ကဒ်ကို Passport ရှိတဲ့လူတွေအနေနဲ့ မလုပ်လဲရပါတယ်။ အဲ့အစားWork permit ကိုစောင့်နေလို့ရပါတယ်။

ဒီလိုတွေပြီးသွားပြီဆိုရင်တော့ဘတ်ရိုက်တဲ့ Processဟာလည်းပြီးသွားပြီမို့ ထိုင်းတစ်နိုင်ငံလုံးကိုအေးဆေး လည်ပတ်လို့ရပါတယ်။

တရားဝင်နေထိုင်တာမို့  Rentry ထုပြီး Visa မလိုတဲ့နိုင်ငံတွေနဲ့ Visa ပေးတဲ့နိုင်ငံတွေကိုလည်ပတ်လို့ရပါပြီ။

US တို့လို့ နိုင်ငံကြီးတွေကတော့ Visa ပေးမပေးဆိုတာကတော့ Visa Officer တွေပေါ်မှာပဲမူတည်တာမို့ သေချာမပြောတတ်ပါ။

သာမာန်လူတွေတောင် Visa ရဖို့ခက်ခဲနေတာမို့ Non LA တွေကို Visaပေးလားမပေးလာတော့သေချာမသိပါဘူး။

ပြောချင်တာကတော့ ထိုင်းနိုင်ငံထဲမှာပဲရေရှည်နေမယ် စိတ်ကူးရင်တော့ ဘာမှစဉ်းစားမနေဘဲ အခွင့်အရေးလာတုန်းဘတ်ရိုက်ထားတာလိုက်တာအဆင်ပြေပါတယ်။

ခေါင်းအေးအေးနေရသလို Visa ကြေးကလည်းအရမ်းသက်သာပါတယ်။

နောက်နှစ်တွေ သက်တမ်းတိုးတဲ့အခါမှာလည်း ထောင်၈ဏာန်းလောက်သာကျသင့်တော့မှာမို့ အိမ်လခအတွက်ပဲစဉ်းစားစရာလိုတော့ပြီး  Visa ကြေးအတွက် ခေါင်းစားစရာမလိုတော့ပါဘူး။

ဒီအခွင့်အရေးကို ရတဲ့နိုင်ငံတွေကတော့ မြန်မာ၊ လာအို၊ Cambodiaတို့လို နိုင်ငံတွေလောက်သာရတာမို့ အခွင့်အရေးရတုန်း ရေရှည်နေမယ် Online shopတို့ တခြားserviceပေးတာတို့လောက်ပဲလုပ်မယ်ဆိုတဲ့လူတွေအတွက်သင့်တော့ပါတယ်။

Company ထောင်မယ့်လူတွေကတော့ သက်ဆိုင်တဲ့ Visa ကိုပဲစဉ်းစားသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဘာVisaနဲ့နေသင့်တယ်ဆိုတာ ကွဲကွဲပြားပြားသိသွားလောက်မယ်ထင်ပါတယ်။ 

Comments

Popular posts from this blog

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

Laos မှာ TR Visa အကြောင်း ပြောပြပေးချင်ပါတယ်။

တာချီလိတ်ကနေ ထိုင်းနိုင်ငံအတွင်း တရားဝင် ဘယ်လို လည်ပတ်ကြမလဲ၊ ဘာတွေ လုပ်ဖို့ လိုမလဲ