Non B အလုပ်လျောက်နေသူတွေ ဘတ်ရိုက်သင့်၊ မသင့်

Non B နဲ့ ဘတ်ရိုက်ကြတဲ့ ကိစ္စ လိုတိုရှင်း

ထိုင်း ကို ရောက်လာပြီး TR visa နဲ့နေတယ်။ သက်တမ်းကလဲ တိုးးနေတာ ၅ လ လောက်ရှိလာပြီ။ အလုပ်ကလဲ မရသေးဘူး။ 

မရသေးဘူးဆိုတာက Non B အလုပ်တွေ လျောက်နေလို့မရသေးတာ။ 

Non B က ခက်ပါတယ်။ အလုပ်ကပေါတယ်။ ထိုင်းစကား ရ လား မရဘူးလား ဆိုတာ အရေးကြီး သလို၊ Thai only မှ သာ ခန့်ချင်တာ လဲ ရှိတယ်။ 

ပြီးတော့ ကိုယ့်အရည်ချင်းတော့ ကြိုက်ပါရဲ့။ ဒါပေမဲ့ Visa ကိစ္စကျ သူတို့ လိုက်မလုပ်ပေးချင်ဘူး။ တချို့ HR တွေဆို Non B တွေ Non LA တွေ သိတာတောင် မဟုတ်ဘူး။ 

ဒါကြောင့် ကျနော်တို့ အလုပ်ရှာ ရင် Foreigner Quota ပေးလေ့ရှိတဲ့ အလုပ်မျိုး ကို သာ ရွေး လျောက်ကြရတယ်။ 

အခု ဘတ်ရိုက်တဲ့ ကိစ္စ စ တော့မှာ ဆိုတော့ Non B နဲ့ အလုပ်လို ချင်သူတွေက ဘတ်ပဲ ရိုက်လိုက်ရတော့မလား ။ ဘတ်ရိုက်ထားရင်ရော Non B အလုပ် ခန့်လို့ရသေးလား ဆိုတာမျိုး သိချင်ကြတယ်။ 

ဘတ်ရိုက်တဲ့ ဖြစ်စဉ် Non LA တုံး ကိုယ့်စာအုပ်ထဲ ရောက်ဖို့က ၈ လ လောက် တဆင့်ပြီးတဆင့် ကြာတယ်။ ပထမဆုံး name list သွင်းတယ်။ လက်ဗွေနှိပ်တယ်။ ဆေးစစ်တယ်။ အဲ့လို တဆင့်ချင်းကို သူတို့ ခေါ်ချင်တဲ့ အချိန်ကျမှ အေးဂျင့်က ကိုယ့်ကို အကြောင်းကြားတာ။ 

ဆိုတော့ အဲ့ကာလ မှာ ကိုယ်ကလဲ Non B ပေးနိုင်တဲ့ အလုပ်မျိုး ရသွားခဲ့ပြီ။ အင်တာဗျူး အဆင်ပြေသွားခဲ့တယ်။ 

ခက်တာက ကိုယ်က Non B လျောက်လို့မရတော့ဘူး။ 

ဘာလို့လဲဆို ဘတ်ရိုက်မဲ့ စာရင်းထဲ ကို နာမည်စာရင်းပေးထားလိုက်လို့။ လက်ဗွေနှိပ်လိုက်ပြီဆိုတာနဲ့ လေဆိပ်မှာ စကန်ဖတ်ခဲ့တဲ့ TR visa သမားက overstay အဆင့်က်ု ရောက်သွားပြီ။ အဲ့တာကြောင့် ဘတ်ရိုက်ဖို့ စာရင်းပေးထားလိုက်ရတာ။ အဲ့အချိန်ကျမှ Non. B လုပ်ချင်ပါတယ် ဆိုလို့မရဘူး။ 

ဘယ်ချိန်မှာ Non B ပြန်လျောက်လို့ရနိုင်လဲ။ 

ကိုယ့် passport ထဲကို ခုနက ဘတ်ရိုက်တဲ့ Non LA တုံး ရောက်ပြီဆို နိုင်ငံကနေ ထွက်လိုက်တော့။ ပြီးတော့ အပြင်မှာ ရကိပိုင်းလောက်နေပီး Non B Visa လျောက်ဖို့ လုပ်ရမယ်။ အဲ့တော့ nonB က နိုင်ငံပြင်ပမှာ လျောက်ရင် ရနိုင်လားဆိုတော့....

Non LA ထဲမှာ ပါတဲ့ အလုပ်ရှင် နာမည်ခံ (သူဌေးအငှား)က သူ့ရဲ့ အလုပ်သမား ကို မလိုအပ်တော့ကြောင်း တရားဝင် ပြန် cancel ရမယ်။ အဲ့တာ ပြီးမှ လွတ်ကျွတ် သွားတာ။ အဲ့အချိန်မှာ လူအများစုက ကိုယ့် Workpermit ထဲက သူဌေး ဆိုသူဟာ ဘယ်သူဘယ်ဝါ ဆိုတာ မသိကြပါဘူး။ အေးဂျင့်က စီစဉ်ပေးတဲ့ အတိုင်း လိုက်လုပ်ကြတာဆိုတော့ ကိုယ့် ရဲ့ ဘတ် ကို ပြန် cancel လုပ်ပေးဖို့လိုတဲ့ အချိန်မှာ အဆိုပါ သူဌေး ဆိုသူကို လိုက်ရှာ ရပါတော့တယ်။ ဒါကြောင့် ဘတ်ရိုက်မဲ့သူတွေက နာမည်ခံ အဲ့သူဌေး ရဲ့ ဖုန်းနံပတ် အဆက်သွယ် တခုခု ကို မှတ်ထားဖို့လိုပါတယ်။ ဒါမှ မဟုတ် အေးဂျင့် ကို ဘတ်ရိုက်တဲ့ အခါ ဒီအကြောင်း ကြိုတင် အသိပေးထားပါ။ အေးဂျင့်ကလဲ ဘတ် ရ်ုက်တဲ့ အထိ သာ သူ့တာဝန်ရှိတာမို့ နောင်တချိန်ထပ်ဖြစ်လာမဲ့ ကိစ္စတွေက သူနဲ့ မဆိုင်တော့ပါဘူး။ (ကြိုမေးထားပါ။ ကြိုအသိပေးထားပါ။)

အဲ့‌တာကြောင့် လူတွေက Non B လိုချင်ရင် ဘတ်ရိုက်မဲ့သူတွေက ပြောင်းရ ခက်တယ် လို့ ဆိုကြတာ။ 

အကောင်းဆုံးကတော့ Non B မှ လုပ်ချင်ရင် ED visa နဲ့ သာ နေလို့ရအောင် ကျောင်းအပ်လိုက်ပါ။ ဒါမှ မဟုတ်။ နိုင်ငံတခုပြီးတခု လျောက်ထွက်နေလိုက်ပါ။ TR visa နဲ့။ ကုန်ကျစရိတ်ကျတော့ ED visa က ပိုသက်သာမယ် ထင်ပါတယ်။ နိုင်ငံပြင်ပ ထွက်တာက နေစရိတ် ဗီဇာ စရိတ် စသဖြင့် အကုန်အကျ ပိုများပါတယ်။ 

Non B မှ လုပ်ချင်သူတွေကို ED visa ပဲ လျောက်ဖို့ အကြံပေးပါတယ်။ 

နောက်တခုက ဘတ်ရိုက်ထားရင် တခြားနိုင်ငံ ထွက်လို့မရတော့ဘူး ဆို တာ လဲ မေးကြပါတယ်။ 

မိမိ မူလ Visa ကုန်ဆုံးလို့ ထပ်သက်တမ်းမတိုးတော့ဘူး။ overstay ဖြစ်သွားပြီဆိုရင် လေဆိပ်က လုံးဝ ထွက်မရတော့ဘူး။ ထွက်ချင်ရင် ဒဏ်ကြေးဆောင်ရမယ်။ ပြီးတော့ သူ့ပြစ်ဒဏ်အလိုက် ဘယ်နှနှစ်ထိ ထိုင်းက်ု ပြန်ဝင်လာခွင့်မရှိဘူးဆိုပီး blacklist လုပ်မယ်။ ဆိုတော့ blacklist ဖြစ်မှာကို လူတိုင်းကြောက်ပါတယ်။ တခြားနိုင်ငံ တွေ သွားတဲ့အခါမှာလဲ overstay နေခဲ့တာ ၊ blacklist ဖြစ်ဖူး‌တာတွေက သေချာပေါက် ဗီဇာ ကိစ္စ အခက်ခဲ ရှိပါတယ်။ 

ဒါကြောင့် overstay ဖြစ်သွားသူတိုင်းက Non LA ( ဘတ်ရိုက်ခြင်း ) ကိုသာ လုပ်ကြရပါတယ်။ ဒါကြောင့် တခြားနိုင်ငံ ထွက်ချင်သူတွေက ဘတ်ရိုက်တဲ့ ကိစ္စ မိမိစာအုပ်ထဲ တုံး ရိုက်ပြီးမှ သာ ကိစ္စပြီးပါတယ်။ လေဆိပ်က တရားဝင် ထွက်ခွင့်ရပါတယ်။ ဘတ်ရိုက်တာ ၈ လ အနည်းဆုံး ကြာတတ်ပါတယ်။ 

အဲ့အတွင်း တခြားနိုင်ငံ သွားလို့မရပါ။ ဒါ ကို သတိထားပါ။ ကိုယ်က တခြားနိုင်ငံအလုပ်တွေ ရှာနေတယ်ဆို လုံးဝ ဘတ်မရိုက်သင့်ပါ။ ဒါမှ မဟုတ် တနှစ်အတွင်း ဘယ်မှ မထွက်ဘူးဆိုတာ သေချာရင် တော့ လဲ ဘတ် ရိုက်ထားလို့ရပါတယ်။  

Comments

Popular posts from this blog

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

Laos မှာ TR Visa အကြောင်း ပြောပြပေးချင်ပါတယ်။

တာချီလိတ်ကနေ ထိုင်းနိုင်ငံအတွင်း တရားဝင် ဘယ်လို လည်ပတ်ကြမလဲ၊ ဘာတွေ လုပ်ဖို့ လိုမလဲ