✅ ဒွန်မောင်းလေဆိပ်ကနေ ဘန်ကောက်မြို့ထဲ ဧရိယာကို Public Transport သုံးပြီး သွားချင်သူတွေအတွက်
ဒွန်မောင်းလေဆိပ်ကတော့ Budget Airline တွေနဲ့ ပြည်တွင်းလေယာဉ်တွေ ဆိုက်တဲ့ လေဆိပ်တစ်ခုဖြစ်ပါတယ် ၊ ဒွန်မောင်းလေဆိပ်ကနေ မြို့ထဲကို ရထားစီးပြီးသွားတာနဲ့ Bus စီးပြီးသွားတာဆိုပြီး ရှိပါတယ်။
📌 SRT Dark Red Line (အနီရောင်လိုင်း)
ဒွန်မောင်းလေဆိပ်ရဲ့ အပြင်ဖက်မှာဆိုရင် SRT Dark Red Line လို့ ခေါ်တဲ့ ရထားလိုင်းရှိပြီးတော့ ဒီရထားလိုင်းကနေ တစ်ဆင့် Bang Sue ဘူတာနဲ့ Rangsit ဘူတာတို့ဆီကို ရထားစီးလို့ရပါတယ်။ Bang Sue ဘူတာကတော့ MRT အပြာရောင်လိုင်းနဲ့ ချိတ်ဆက်ထားပြီး ၊ အဲ့ဒီအပြာရောင်လိုင်းကနေတစ်ဆင့် ဘန်ကောက်ရဲ့မြို့ထဲပိုင်းဧရိယာကို လာလို့ရပါမယ် ။ ဒါ့အပြင် ဒွန်မောင်းဘူတာရုံမှာ ချင်းမိုင် ၊ အယုဒ္ဓယစသဖြင့် မြို့တွေကိုသွားတဲ့ ခရီးဝေးရထားတွေကိုလည်း စောင့်စီးလို့ရပါတယ်။
🚍 Bus - လိုင်းကားများ
ဒွန်မောင်းလေဆိပ်ကနေ ဘန်ကောက်ရဲ့အချက်အချာကျတဲ့ နေရာ ( ၄ ) နေရာကို ပြေးဆွဲပေးနေတဲ့ လိုင်းကား (၄ )စီးရှိပါတယ်
A1 – Don Muang Airport to BTS Mo Chit (Mochit ကားဝန်းကို သွားချင်ရင် ဒီလိုင်းကိုစီးပြီး BTS Mochit ကနေ ကားဝန်းအထိ လိုင်းကားတစ်ဆင့် ပြောင်းစီးရပါမယ်)
A2 – Don Muang Airport to Victory Monument
A3 –Don Muang Airport to Lumphini Park (မြန်မာတွေအတည်းများတဲ့ ပတူနမ်ဧရိယာကိုသွားချင်ရင် ဒီကားကို စီးရပါမယ်)
A4 - – Don Muang Airport to Khao San Road
အခုဖော်ပြပေးထားတဲ့ ကားလိုင်း (၄) ခုလုံးဟာ အမြန်လမ်းပေါ်ကနေတစ်ဆင့် သွားတာမို့ Taxi စီးတာနဲ့ ကြာချိန်ချင်း အတူတူလောက်ပဲ ကြာတာမို့ အဆင်ပြေတဲ့ ကားလိုင်းတွေလို့ ပြောရပါမယ် ၊ ယာဉ်စီးခကတော့ ဘတ် ၃၀ - ၅၀ သာ ကျသင့်မှာ ဖြစ်ပါတယ်။
Comments
Post a Comment