ဘန်ကောက်ကနေ ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့ကို ကိုယ့်အစီအစဉ်နဲ့ သွားရောက်နိုင်မည့် နည်းလမ်းများ
🚍 🚍 Bangkok to Siem Reap by Bus 🚍 🚍
Bus စီးပြီးသွားမယ်ဆိုရင်တော့ Siem Reap အထိ တစ်ခါတည်းရောက်တဲ့ တိုက်ရိုက်ကားတွေ စီးသွားလို့ရသလို ၊ ဘန်ကောက်ကနေ ကမ္ဘောဒီးယားနယ်စပ်အထိ တစ်ဆင့်စီး ၊ ကိုယ့်အစီအစဉ်နဲ့ ကိုယ် နယ်စပ်ဖြတ်ပြီးမှ ကမ္ဘောဒီးယားနယ်စပ်ကနေ Siem Reap သွားမယ့်ကား ရှာ တစ်ဆင့်ထပ်စီး အဲ့လို လုပ်လို့ရပါတယ်။
ဘန်ကောက်ကနေ Siem Reap အထိ တိုက်ရိုက်ရောက်တဲ့ ကားတွေကတော့ ဘတ် ၁၂၅၀ ကနေ ၁၅၀၀ အထိ ရှိပါတယ် ၊ Bus ကားလက်မှတ်ကတော့ ဈေးက ပုံသေပါပဲ လေယာဉ်လက်မှတ်လို ရက်အနီးအဝေးပေါ်မူတည်ပြီး ဈေးပြောင်းတာမျိုး မရှိပါဘူး ။
တိုက်ရိုက်ရောက်တဲ့ ကားတွေမစီးဘူး ၊ ထိုင်းနိုင်ငံနယ်စပ် Aranyaprathet ရောက်တဲ့ ကားတွေစီးမယ်ဆိုရင်တော့ ကားအများစုက Van ကားတွေဖြစ်ပြီး Ekkamai ကားဂိတ် ၊ Mochit ကားဂိတ်နဲ့ Pratunam ဧရိယာထဲက အချို.ကားဂိတ်တွေကနေ စီးလို့ရပါတယ် ။ နယ်စပ်အထိကို ယာဉ်စီးခ ဘတ် ၂၅၀ ၊ ၃၀၀ လောက်ထိ ကုန်ကျနိုင်ပါတယ် ။ နယ်စပ်ဖြတ်ပြီးတဲ့အခါ Siem Reap ရောက်တဲ့ ကားကို ထပ်ရှာစီးရမှာဖြစ်ပြီး အဲ့ဒီအတွက် နောက်ထပ်ကားခ ဘတ် ၄၀၀ ခန့် ကုန်ကျနိုင်ပါတယ်။
Bus နဲ့ သွားမယ်ဆိုရင်တော့ နယ်စပ်ဖြတ်တဲ့ အခါ Re entry Permit ပြုလုပ်ရပါမယ် ၊ Re-entry ကြေး၁၀၀၀ ဘတ် ဆိုပေမယ့် ၁၂၀၀ ဘတ် ပေးရလေ့ရှိပါတယ် ၊ နယ်စပ်ကနေသွားချင်တယ်ဆိုရင်တော့ ကုန်ကျစားရိတ်မှာ Visa ကြေးပါ ထည့်သွင်းစဉ်းစားဖို့လိုပါမယ် ။ အကြမ်းအားဖြင့် အသွားအပြန် ကားခ + Visa ကြေး စုစုပေါင်း ဘတ် ၄၀၀၀ လောက် ကျနိုင်တယ်လို့ တွက်လို့ရပါတယ်ဗျ ။
[ ၁၄ ရက်ဗီဇာနဲ့ ထိုင်းကို အလည်လာတာဆိုရင် ထိုင်းနိုင်ငံထဲကို နယ်စပ်ကနေ ပြန်လည်ဝင်ရောက်မယ်ဆိုမှသာ Re-entry Permit ပြုလုပ်ဖို့ လိုမှာ ဖြစ်ပြီး ၊ ကမ္ဘောဒီးယားကနေ မြန်မာကို တန်းပြီးတော့ ပြန်မယ် သို့မဟုတ် ထိုင်းနိုင်ငံကို လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်မယ်ဆိုရင် Re-entry Permit ပြုလုပ်ဖို့ မလိုအပ်ပါဘူး ။ ]
✈︎✈︎ Bangkok to Siem Reap by Flight ✈︎✈︎
ဘန်ကောက်ကနေ Siem Reap ကို လေယာဉ်နဲ့သွားမယ်ဆိုရင်တော့ Budget Airline စီးမယ် ၊ Hand Carry 7KG နဲ့ အဆင်ပြေတယ်ဆိုရင်တော့ အသွားအပြန်ကို 4000 THB လောက်ပဲ ကျသင့်မှာဖြစ်ပြီးတော့ ၊ 20 KG ပါရင်တော့ 6000 THB ဝန်းကျင်လောက် ကုန်ကျစားရိတ်ရှိနိုင်ပါတယ်ဗျ ။
14 ရက်အလည်ဗီဇာနဲ့ ထိုင်းကိုလာလည်သူတွေဟာ ဘန်ကောက်ကနေ Siem Reap ကို လေယာဉ်နဲ့သွားမယ်ဆိုရင်တော့ နယ်စပ်ကသွားသလိုမျိုး Re-entry Permit ဖိုး မပေးရပါဘူး ၊ Visa Free 14 ရက်နဲ့ ဝင်လည်လို့ရပါတယ်။ ဆိုတော့ လေယာဉ်နဲ့သွားမယ့် ကုန်ကျစားရိတ်နဲ့ ကားနဲ့သွားမယ့် ကုန်ကျစားရိတ် ပြန်ယှဉ်ကြည့်လိုံ ရပါမယ်ဗျ ၊ Budget Airline စီးမယ်ဆိုရင် ကုန်ကျစားရိတ်က အတူတူလောက်ပဲ သွားကျနိုင်ပါတယ်။
[ ထိုင်းနိုင်ငံမှာ Long Stay Visa တစ်ခုခုနဲ့ နေထိုင်သူတွေကတော့ လေကြောင်းနဲ့သွားမယ်ဆိုရင်လည်း ကိုယ့် Visa မသေအောင် Re-entry တုံးထုဖို့လိုပါမယ်ဗျ ]
🚉Bangkok to Siem Reap by Train 🚉
ဘန်ကောက်ကနေ Siem Reap ကို ရထားတိုက်ရိုက် မရောက်ပါဘူး ၊ ဒါပေမယ့် ဘန်ကောက်ကနေ နယ်စပ်မြို.ဖြစ်တဲ့ Aranyaprathet အထိကို ရထားစီးပြီးတော့ သွားနိုင်ပါတယ် ။ Aranyaprathet ကို ပြေးဆွဲတဲ့ ရထားဟာ တစ်နေ့ကို ၂ စီးပဲ ရှိပြီး ရထားစီးခအနေနဲ့ တစ်ယောက်ကို ၄၈ ဘတ်ကျသင့်မှာ ဖြစ်ပါတယ် ။ နယ်စပ်ရထားဘူတာကနေ တစ်ဆင့် နယ်စပ်ဂိတ်ကို ကိုယ့်အစီအစဉ်နဲ့ ကို ဖြတ်ပြီး ကမ္ဘောဒီးယားဖက်ခြမ်းရောက်တဲ့အခါ Siem Reap သွားတဲ့ ကားတွေ ရှာပြီး စီးရမှာ ဖြစ်ပါတယ်။
Comments
Post a Comment