Tourist Visa - သံရုံးထောက်ခံစာ

• 2ရက်သွားခဲ့ရပါတယ် တစ်ရက်တည်း မပေးခဲ့ပါဘူး၊ 

- Application time is 9am to 12pm (ကိုယ့်စာရွက်တွေ ပေးဖို့ Token ယူလို့ရတဲ့အချိန်ပါ)

- ထောက်ခံစာထုတ်ဖို့ Token ယူရမယ့်အချိန်က 3:30 ပါ 

- Collection time is at 4:00pm to 17:00pm (ထောက်ခံစာ ထုတ်ရတဲ့အချိန်ပါ) 

• TR 60days + 30days ယူပြီး နောက်ထပ် သက်တမ်း 30days တိုးမယ်ဆိုရင် သံရုံးထောက်ခံစာလိုပါပြီ၊     

• အဲ့လို သက်တမ်းတိုးတာကို E Extension တိုးတယ်လို့လည်း ပြောကြပါတယ်၊

• E extension ကို Online ကနေ တိုးကြသလို Walk in လည်း တိုးကြပါတယ် 

• June 8 ရက်နေ့ ပြည့်မှာကို June4 မှာ ထောက်ခံစာယူခဲ့ပါတယ်၊ 

• သံရုံးထောက်ခံစာ လုပ်ဖို့အတွက်  

1. Passport Bio Details စာမျက်နှာ မိတ္တူ 1စောင်

2. Passport Visa Detail စာမျက်နာ နဲ့ တုံးထုပေးပြီးရက်ရေးပေးတဲ့ စာမျက်နှာ တွဲလျက် မိတ္တူ 1စောင်

3. ပထမ 30days Extensionလုပ်ထားတဲ့ စာမျက်နှာ မိတ္တူ 1စောင်

4. ဘတ် 150 ဒါပဲလိုပါတယ်။ 

• Myanmar Embassy Visa Processing Center 

110 S Sathon Rd, Silom, Bang Rak, Bangkok 10500, Thailand

•  မိတ္တူအတွက် ဆိုင်က embassy ရဲ့ဘေး ဘယ်ဘက်လမ်း မှာ ရှိပါတယ်။ 

~ မိတ္တူ 3ဘတ်

~ ကာလာ 10ဘတ်/20ဘတ်

• အစားသောက်အတွက်လည်း ဘေးလမ်းမှာရှိပါတယ် မြန်မာဆိုင်လည်းရှိပါတယ် (Start from 40 ဘတ် ~) (မြန်မာထမင်းဟင်းဆိုင်မှာ ဟင်းတစ်မျိုးနဲ့ 40၊ နှစ်မျိုးဆို 45၊ ကြက်ပေါင်ဟင်းနဲ့နောက်ဟင်းတစ်မျိုးဆို 55)

• Transportation 

BTS (Train) - Saint Louis Station 

Bus              - Decho Junction/ Opposite Wat Khaek ဆိုရင် 10 min လောက် လမ်းပြန်လျှောက်ရပါတယ် 

Bus              - Burma Embassy Bus Terminal/ Sueksa Witthaya ကတော့ Embassy ရှိတဲ့လမ်းမှာပါပဲ၊ 

• Steps

- မနက်9နာရီ ရောက်ပြီး သံရုံး ညာဘက် မျက်စောင်းထိုး နားက Bangkok Bank မှာ ဘတ် 150 သွင်းပြီး သံရုံးမှာ Token ယူခဲ့ပါတယ်၊ 1နာရီ ကျော်ကျော်လောက်မှာ အပေါ်မှာပြောထားတဲ့စာရွက်တွေ ပေးပြီးတော့ ထောက်ခံစာ လာယူလို့ရမယ့်ရက် ပြန်ချိန်းပေးပါတယ်၊ တစ်ရက်တည်းနဲ့ မရခဲ့ပါဘူး၊ June 5 ရက်နေ့ ညနေ 3ခွဲမှာ တိုကင်ပြန်လာယူပြီး ထောက်ခံစာ ထုတ်ယူဖို့ ချိန်းပါတယ်။ 

- ပြန်ချိန်းတဲ့နေ့မှာလည်း 2နာရီထဲက ရောက်နေလို့ သံရုံးထဲထိုင်ပြီး 2ခွဲမှာ Token ယူဖို့ စတန်းစီပြီး 4နာရီမှာ စပြီး ကိုယ့် Token အလိုက် ထောက်ခံစာယူလို့ရပါပြီ။

Comments

Popular posts from this blog

လာအိုနိုင်ငံ Savannakhet ရုံးမှာ ထိုင်းဗီဇာလျှောက်ထားဖို့ ရက်ချိန်းယူရတော့မည်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

E extension