ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ လာအိုနိုင်ငံမြိုတော် ဗီယန်ကျင်းအထိ ပြေးဆွဲမည့် ရထားလက်မှတ်များ စတင်ရောင်းချ
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့ Krung Thep Aphiwat ဘူတာကြီးကနေ လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းမြို့ Kham Savat ဘူတာအထိ ပြေးဆွဲမယ့် ရထားလက်မှတ်တွေကို ယနေ့ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။
ပထမဦးဆုံး ရထားခရီးစဉ်ဟာ ယခုလ (၁၉) ရက်နေ့မှာ ဘန်ကောက်ကနေ စတင်ပြေးဆွဲမှာ ဖြစ်ပါတယ်။ ယခုခရီးစဉ်ဟာ လာအိုနယ်စပ်မြို့ဖြစ်တဲ့ Nong Khai အထိ ပြေးဆွဲနေတဲ့ ရထားအမှတ် (၁၃၃) ကို ရထားတွဲတွေ တိုးချဲ့ပြီး ၊ ဗီယန်ကျင်းမြို့အထိ ပြေးဆွဲပေးတာ ဖြစ်ပါတယ် ။
ဗီယန်ကျင်းအထိ သွားမယ့် Train No 133 ရဲ့ခရီးစဉ်အသေးစိတ်ကတော့
📌 ဘန်ကောက်ကနေ ည 21:25 PM မှာ စတင်ထွက်ခွာပြီး နောက်ရက်မနက် 7:55 AM မှာ လာအိုနယ်စပ်မြို့ Nong Khai ကို ရောက်ရှိမှာ ဖြစ်ပါတယ် ၊ ဗီယန်ကျင်းမြို့Kham Savat ဘူတာအထိ လိုက်ပါမယ့် ခရီးသည်တွေဟာ နယ်စပ်မှာ Immigration ဆိုင်ရာ ကိစ္စတွေ လုပ်ဆောင်ဖို့ မိနစ် (၄၀) အချိန် ရရှိမှာ ဖြစ်ပြီး Nong Khai ကနေ ရထားဟာ မနက် 8:35 AM မှာ ပြန်လည်ထွက်ခွာမှာ ဖြစ်ပြီး ဗီယန်ကျင်းမြို့Kham Savat ဘူတာကိုတော့ မနက် 9:35 AM မှာ ရောက်မှာ ဖြစ်ပါတယ်။
Train No 133 မှာ စီးနိုင်မယ့် ခုံအမျိုးအစားနဲ့ ဈေးနှုန်းများ
✅ တတိယတန်း ပန်ကာတွဲ - 281 ဘတ်
✅ ဒုတိယတန်း ပန်ကာတွဲ - 414 ဘတ်
✅ ဒုတိယတန်း ထိုင်ခုံ (အဲကွန်း) - 574 ဘတ်
✅ ဒုတိယတန်း အိပ်စင် (အဲကွန်း) - အပေါ်ထပ် 784 ဘတ် ၊ အောက်ထပ် - 874 ဘတ်
Comments
Post a Comment