ထိုင်းမှာ ဝင်ငွေခွန်ပေးဆောင်ဖို့ Tax ID ဘယ်လိုလျှောက်ထားရမလဲ?

 ထိုင်းနိုင်ငံမှာ Tax ID လျှောက်ထားဖို့ ရက်ပေါင်း ၆၀ နဲ့ အထက် နေထိုင်သူ ဖြစ်ရပါမယ်။ 

ကိုယ်နေထိုင်ရာ မြို့နယ်ရဲ့ "အခွန်ဦးစီးဌာန" ကို သွားရပါမယ်။ Google Map မှာ "Revenue Department near me" ရှာကြည့်ရင် တွေ့နိုင်ပါတယ်။

အောက်ပါ စာရွက်စာတမ်းတွေ ယူလာရပါမယ်။ 

▪️ပတ်စ်ပို့ မူရင်း၊ ပတ်စ်ပို့စာမျက်နှာနဲ့ ထိုင်းဗီဇာစာမျက်နှာတွေရဲ့ မိတ္တူ

▪️ဝန်ထမ်းဆို Employment Contract 

▪️အချို့ အခွန်ဝန်ထမ်းတွေက မေးတတ်တာကြောင့် (အိမ်ဝယ်ထားတယ်ဆို) Title Deed + House Registration Book / (အိမ်ငှားနေတယ်ဆို) Rental Contract တို့ကို ယူသွားသင့်ပါတယ်။ 

ဖောင်ဖြည့်စွက်ရာမှာ ထိုင်းစာတွေပါတာကြောင့် ထိုင်းစာ မတတ်ရင် ဘာသာပြန်နိုင်သူ / ထိုင်းမိတ်ဆွေတစ်ယောက်ယောက်ကို ခေါ်သွားရင် ပိုကောင်းပါတယ်။

အခွန်ဌာနကို လူကိုယ်တိုင် မသွားချင်ရင် (Power of Attorney) ရှေ့နေပါဝါထုတ်ပြီး ကိုယ်စားလှယ်မှ ကိုယ်စားလုပ်ပေးလို့လည်း ရပါတယ်။ 

Power of Attorney မှာ ဒါတွေ ပါရပါမယ်။

▪️မိမိရဲ့ အမည်အပြည့်အစုံ၊ လိပ်စာ၊ ပတ်စ်ပို့နံပါတ် အပါအဝင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ

▪️ကိုယ်စားလှယ်ရဲ့ အမည်အပြည့်အစုံ၊ လိပ်စာ၊ ပတ်စ်ပို့နံပါတ် သို့မဟုတ် Thai ID နံပါတ် အပါအဝင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ

▪️ရှေ့နေပါဝါရဲ့ ရည်ရွယ်ချက်

▪️ထိုင်းဘတ် ၁၀ တန် တံဆိပ်ခေါင်း (အခွန်ဦးစီးဌာနမှာ ဝယ်နိုင်ပါတယ်)

စာရွက်စာတမ်း အပြည့်အစုံ လျှောက်ထားပြီး တစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း မိတ်ဆွေရဲ့ Thai Tax ID ရပါပြီ။ 

ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ပြီး (Thai Tax ID နဲ့) ဝင်ငွေခွန်ဆောင်ထားရင် မိမိနိုင်ငံမှာ ဆောင်ရတဲ့ ဝင်ငွေခွန်ကို ခုနှိမ်ခွင့်ရှိပါတယ်။ 

Comments

Popular posts from this blog

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် လူတိုင်းအတွက် အရေးကြီးတဲ့ Work Permit အကြောင်း!

တာချီလိတ်ကနေ ထိုင်းနိုင်ငံအတွင်း တရားဝင် ဘယ်လို လည်ပတ်ကြမလဲ၊ ဘာတွေ လုပ်ဖို့ လိုမလဲ

Laos မှာ TR Visa အကြောင်း ပြောပြပေးချင်ပါတယ်။