Bangkok မှာ Facebook နဲ့ YouTube အတွက် Tax ID number ဘယ်လိုယူရလဲဆိုတာ ပြောပြပေးမယ်နော်
ကိုယ်တိုင်သွားယူလို့ရပါတယ်…ကိုယ့်နီးစပ်ရာ revenue office မှာ ယူချင်တယ်ဆိုရင် Google map မှာ tax and revenue office ဆိုပြီးရိုက်ရှာလိုက်လို့ရပါတယ်။ ကျွန်တော်ကတော့ Government Complex 6 floor မှာရှိတဲ့ tax and revenue office မှာ tax id သွားယူခဲ့ပါတယ်။ Government complex ရောက်လို့ နေရာသေချာမသိရင် ဝင်ပေါက်နားက information counter မှာ မေးလို့ရပါတယ်။
Tax id ယူဖို့ ဘာတွေလိုအပ်လည်းဆိုရင်
Passport Bio page copy
Visa page
Tm30
Copy တွေလိုပါမယ်…
ပြီးရင် သူတို့ လိုအပ်တဲ့ဖောင်တွေ ဖြည့်ခိုင်းပါလိမ့်မယ်
အများဆုံးကြာချိန် မိနစ် ၃၀ ပါပဲ
ပြီးရင် tax id စာရွက်အဖြူလေး ရပါလိမ့်မယ်။
Tax id number 13လုံးရှိပါတယ်။
အဆင်ပြေကြပါစေ
Comments
Post a Comment